ဂျပန်က အဲခိ ,Eki လို့ခေါ်တဲ့ ဘူတာ မှာ ဒန်းရှ ,Densha ဆိုတဲ့ ရထား စီးနေကြသူတွေကို မြင်ရတော့ ကျမလေ
မမနီနီဝင်းရွှေ ဆိုခဲ့ဖူးတဲ့  သီချင်းစာသားလေး စိတ်ထဲက ဆိုမိတယ်။
♪ ♫ ♫အပြန်အပြန် အပြန်လားကွယ့်  ♪ ♫ ♫ အသွားအသွား အသွားပါကွယ့် ♪ ♫ ♫
♪ ♫ ♫ ခေါက်တုံ့  လူးလာ ♪ ♫ ♫ မြူးကာသယ်ဖို့ ကြုံ ♪ ♫ ♫
ဥဒဟို သွားလာနေကြတာများ ပျားပန်းခပ်နေတာပဲလေ--
သူတို့  ခရီးသွားကြတာကလည်း အစအစအရာအရာ အဆင်ပြေတယ်။
အထူးသဖြင့်  ရထားလိုင်းတွေ က ဘယ်နေရာဖြစ်ဖြစ် အလွယ်တကူ သွားနိုင်အောင်စီစဉ်ထားတယ်။
Norikae နိုရိ ခါ့ အဲ လို့ ခ်ါတဲ့  တဆင့် ပြောင်းစီးတွေ ရှိရင်လည်း တဖက်ရထားနဲ့  တဖက်ရထားက
အချိန်ကိုက်ထားပြီးသား။
ဒီရထားပေါ်ကဆင်းပြီး နောက်ရထားပေါ်တက်စီးလိုက်ရုံပဲ။
ဖောက်ထားတဲ့ရထားလမ်းတွေက မြေပေါ်ရော--မြေအောက်ရော----တထပ်ပြီးတထပ်--
ရထားဆိုက်ချိန် --ရထားထွက်ချိန်ကမှန်မှမှန်--တမိနစ်မှမလွဲဘူး။
ကိုယ်စီးမယ့်ရထားချိန် တွက်ပြီး ချိန်ကိုက် လာလို့ရတယ်။
ကဲ--သူတို့ ဂျပန်မှာ ရထားဘယ်လို စီးရတယ်ဆိုတာသိအောင် ပုံလေးတွေ တင်ပေးမယ်နော်--
ကော်နက်ရှင်ကောင်းလွန်းတဲ့  ကျမတို့  မြန်မာကလူတွေ ကြည့်လို့ ရအောင်ပုံဆိုဒ်ချုံ့ ပေးထားပါတယ်ရှင်
ကြည့်ပါဦး သွားလာနေကြတာ
လေဆိပ်သွားချင်ရင် ဒီဘက်ကိုလာ
အမယ်--ဒီ မမ က အေးဆေးပါပဲလား--
နေမကောင်းရင် Mask တွေတပ်ပြီး သွားကြတယ်
မျက်မမြင်တွေ လည်း တစ်ယောက်တည်း သွားလို့ ရအောင် ဒီလို အ၀ါရောင် လမ်းတွေရှိတယ်
လက်မှတ်စစ် မရှိပါဘူး။ မြေပုံတွေ ကြည့်ပြီး ကိုယ်သွားချင်တဲ့ နေရာ ဘယ်လောက်ကျလဲကြည့် ပြီးလက်မှတ်ဝယ်ပါ
မြှားပြထားတဲ့ အပေါက်ကနေ လက်မှတ်လေးကိုထည့် ပြီး ဖြတ်သွားပါ။တဖက်က ပြန်ထွက်လာတဲ့လက်မှတ်လေး ယူပြီးကိုယ်ဆင်းတဲ့ဘူတာဂိတ်မှာလက်မှတ်ထည်ြ့ပီး တစ်ခါပြန်ဖြတ်ရပါမယ်
မလုပ်တတ်ရင်လည်းမပူနဲ့ နော်--ဘူတာဝန်ထမ်းတွေ က စိတ်ရှည်လက်ရှည် ရှင်းပြနေပါတယ်
မြေအောက်ရထားစီးမယ်ဆိုရင်တော့  အောက်ထိဆင်းပါ--ဒီပုံက မြေအောက် သုံးထပ်ကဘူတာပါ။
ရထားစောင့် ရင်း ရသလောက်အချိန်လေးမှာ စာဖတ်တတ် တဲ့ ဂျပန်လူမျိုးတွေ
ကဲ--ဒီလောက်ဆိုရင် တော့ ဂျပန်မှာ ရထားစီးတတ်ပြီထင်ပါရဲ့နော်
တခုတော့ သတိထား--လက်မှတ်မဖြတ်ဘဲ ခိုးစီးလို့ မရဘူးနော်-