စာမေးပွဲအောင်စာရင်းထွက်ပြီဆို၇င် ကျောင်းသားရေးရာမှာတကယ် မျက်နှာစုံညီတွေ့ရတာပါပဲ။ အောင်တဲ့လူကအောင် ကျတဲ့လူကကျ
ဆပ်ပလီထိတဲ့လူနဲ့ တကယ်ကိုမျက်နှာကိုစုံနေတာပဲ။ ပြန်ထွက်လာတော့လဲ လမ်းကလူတွေကမေးကြတယ် "အောင်လား" တဲ့ ။
"အောင်လဲ မအောင်ဘူးကျလဲမကျဘူး"
ဆိုတော့ကျောင်းသားတွေကသဘောပေါက်ပါတယ်ဆပ်ပလီပေါ့။ ဖြေပြီးသားစာကိုနောက်တစ်ခါပြန်ဖြေရဦးမှာလေ။ကျောင်းမတက်ပဲ
အပြင်လျှောက်သွားနေတဲ့အကျိုးပေါ့။
အားမငယ်ကြ ပါနဲ့ဟာ ပြန်ဖြေတော့လဲအတူတူပေါ့ အခုကစပြီးစာပြန်ကျက်ကြမယ်လေ။ ငါတို့သူငယ်ချင်းတွေဆိုရင် 7ယောက်တွဲတာ
7ယောက်လုံး တစ်ဘာသာစီထိကြတယ်။ တစ်ယောက်ထဲမဖြစ်တော့ဘူးပေါ့။တစ်ဖွဲ့ လုံး ထိတာ အားလုံးတစ်ဘာသာတွေချည်းပဲ။
ဘယ်သူပဲဖြစ်ဖြစ်ပါခြေချော်လက်ချော်နဲ့ဆပ်ပလီထိခဲ့ ရင်လဲ စိတ်ညစ်မနေပါနဲ့နော်။မကျတာပဲတော်လှပြီမဟုတ်လား။
ငါတို့တွေနဲ့အတူတူပြန်ဖြေကြတာပေါ့။ physics second year ကသူငယ်ချင်းတွေလည်းအားတင်းထားပါနော်။ ငါတို့တွေကတော့
ကြိုးကြိုးစားစားပြန်ဖြေရဦးမှာပေါ့။ အောင်သွားတဲ့ သူငယ်ချင်းတွေဂုဏ်ထူးတန်းဝင်တဲ့ သူငယ်ချင်းတွေအတွက်လည်း ၀မ်းသာပါတယ်။
ကဲ ဆပ်ပလီထိတဲ့ သူငယ်ချင်း တို့ရေ သေချာစာကျက်ပြီးအတူတူပြန်ဖြေကြမယ်နော်။
physics second year မှpaper-3 ဆပ်ပလီထိသော
သူငယ်ချင်း7ယောက်အတွက်
ကိုယ်စားလှယ်အဖြစ်သစ်ခွဖြူ