ချစ်တတ်တဲ့နှလုံးသား
ရိပ်စားမိသွားတာ
ငါပိုရင်နာတယ်
ချစ်သူပါလို့သတ်မှတ်
ငါဘယ်လိုနေတတ်ပါ့မလည်း
ချစ်သူမဖြစ်ရဘဲတမ်းတ
နွမ်းလျလျစိတ်မှာ
ကြိတ်မှိတ်ကာလွမ်းနေလည်း
တိတ်တိတ်ကလေးရယ်သာ..... . ........ မြင့်မြတ်သူ..........
အတိတ်တစ်ချိန်က သူမနှင့် အတူထိုင်ဘူးသော နေရာကျောင်းဝင်းအပြင် လယ်ကွင်းစပ် ကုက္ကိုပင်ရိပ်တွင် ကျနော် တစ်ယောက်တည်း ထိုင်နေမိသည် နည်းပညာတက္ကသိုလ် (ပုသိမ်) အဆောက်အအုံကို တမ်းတ စွာငေးမောကြည့်မိသည်၊ ခုတော့ကျနော်နှင့် လားလားမှ မသက်ဆိုင်တော့ပါ၊ လွမ်းရမယ်မှန်းသာ ကြိုသိခဲ့ပါလျင် ဒီကျောင်းကိုကျနော် တက်ဖြစ်မည်မထင်၊ လယ်ကွင်းထဲရှိရိုးတံ ကျဲကျဲနှင့် သစ်ခြောက်ပင် အိုအိုကို ငေးကြည့်ရင်း သူမ၊ မေးခဲ့ဘူးသော စကားသံအချို့နှင့် အတိတ်ကဖြစ်ရပ်တွေကို ပြန်မြင်ယောင်သည် "မြင့်မြတ်...လယ်ကွင်းထဲမှာ ဘာရှိလည်း" မဆီမဆိုင်စကားကို စပြောပြီကျနော့ရင်တွင်းကို သူမွှေနှောက်တော့မည်၊ သဲလွန်စ ရလိုရငြားစကားစတွေ နှိုက်ထုတ်တော့မည်၊ ဘာမှမရှိဘူးလေ ဟုကျနော်ဖြေမိမှ ကိုယ့်ရှူးကိုယ်ပတ် တော့သည်.. "ငါသိသားပဲ အစကတည်းကတစ်ချို့သူတွေရင်ထဲမှာ ဘာမှမရှိတာ..ရှိလိုရှိငြားငါကသာမျှော် ကြည့်နေရတာအခါခါပါ" သူ့ရင်တွင်းက ခံစားချက်တွေ ဖွင့်ထုတ်တော့မည်၊ နင်ကလည်း ကဗျာဆန်နေပါလား၊ ခံစားချက်ရှိသူတွေက ကဗျာရေးလို့ရတယ် ရေးကြည့်ပါလား ဟုကျနော်ပြောဖြစ်သည် "ငါကဗျာရေးလည်း ဖတ်မိသူက ဥပေက္ခာပြု
ခြင်းခံရမည့် တူတူရင်ထဲမှာပဲ သိမ်းထားလိုက်တော့တယ် "မျက်ရည်လည်နေသော သူမမျက်ဝန်းအစုံကို ငေးကြည့်နေမိသည်။
ကျနော့ရင်တွင်းက စာနာခြင်း၊ သနားခြင်း ဖေးမလိုခြင်းတွေ ထုတ်မပြဝံ့.... "ငါ့မှာချစ်သူရှိနေပြီ နင်သိလား" မသိဘူး ဟုဖြေလျင် သူနာမည် ထုတ်ပြောလာပါက ချစ်သူဘဝကို မလွဲမသွေ ရောက်ကြရတော့မည်၊....ငါသိသားပေါ့ ဟုခပ်ဖော့ဖော့ ရယ်ပြီးပြောသည်၊ ဒီမှာကံကောင်းမှုက ပေါ်လာပြီးကျနော့ကို အကြပ်အတည်းကြားက ကယ်တင်သည်၊ ဖုန်းသံတီးလုံးလေးက မြည်လာသည်။ ကျော်စွာဖုန်းဆက်သည်။ ကျောင်းရှေ့က အအေးဆိုင်မှာ သူစောင့်နေကြောင်း ယခုလာပါရန်တောင်းဆိုသည်၊ လာသွားကြရအောင် ကျော်စွာစောင့်နေတယ် ဟုပြော၍ ထိုင်ရာမှထသည်၊ "နင်ဖြေဦးလေ" ဟုယုယမွန်ပြောသည်
ဆိုင်ကျတော့ ငါပြောမယ်ထတော့.... ယုယမွန်ပညာပြလေပြီ.. ငါမထနိုင်ဘူး ခြေကျင်နေတယ် တွဲထူဟုပြော၍ လက်ကမ်းပးသည်၊ ကျနော်ကမ်းပေးလိုက်သည့် လက်ကိုဆွဲယူ၍ တွဲထူသည်ရင်ထဲမှာ နွေးကနဲခံစားမှု ဖြစ်တည်သည်။ဆိုင်ရောက်လျင် ရောက်ခြင်းမင်းတို့က နှစ်ယောက်တည်းကို... ဟုပြော၍ ကျနော့ကို စိုက်ကြည့်နေသည်... ယုယခင်က နှစ်ယောက်တည်းဆိုတော့ ရောဘာဖြစ်လည်း ဟုလေသံမာမာပြန်ပြောသည်၊ မဖြစ်ပါဘူး ဟုကျော်စွာပြောပြီး ထိုင်ရန်လက်ပြသည်။ ခုံမှာထိုင်မိလျင် ယုယမွန်စကားစသည်၊.. .ပြောလေငါ့ချစ်သူနာမည်ကို ဟုကောက်ကာငင်ကာမေးသည်....ဟာ.. နင်ကလည်းဟုပြောဆဲ.... နင်မပြောရင် ဒီရှေ့က ရေနွေးခွက်တွေ ငါခွဲပစ်လိုက်မယ်... .ကျနော်ကခွဲပေါ့ဟု ငေါ့တော့တော့ပြောသည်....အေးအသည်းကွဲတာထက်စာလျင် ဒီပန်းကန်လုံးကို ခွဲလိုက်တာကောင်းတယ် ဟုပြောလျက် ပန်းကန်လုံးကို ကိုင်ပေါက်ပစ်လိုက်သည် ပန်းကန်လုံးလေး တစ်စစီကွဲရလေပြီ ကျနော့အသည်းများ ဖြစ်နေရော့သလား.. နင်မပြောသေးဘူးနော်.. ကျနော်သူ့လက်ကို တားသည်...ပြောမယ်... နင်စိတ်မဆိုးရဘူး.... ရတယ်ဟု... ယုယမွန်ပြောသည်..... ကျနော်
မတ်တပ်ရပ်သည်....နင့်ချစ်သူက.... ကျော်စွာ....ဟုပြောပြီးကျနော် တစ်ချိုးတည်း ပြေးတော့သည်။ ဒီနည်းသာ ကျနော်မသုံးခဲ့ရင် နောက်ဆက်တွဲတွေကို ကျနော်ရှင်းရန်မလွယ်.........။
ယုယမွန်
ယုယမွန်...ဆိုတဲ့ကျမကို နည်းပညာတက္ကသိုလ် (ပုသိမ်) ရဲ့ Queen လို့ ကျောင်းသားကျောင်းသူတွေက သတ်မှတ်ပေးထားကြသည်၊ ဒီမိန်းမလှတစ်ယောက်ရဲ့ အချစ်ကို ဥပေက္ခာပြုလျက် နေနိုင်သော. မြင့်မြတ်သူ.... ဆိုသောကျမ၏ သူငယ်ချင်းလေးကို ဘယ်လိုနားလည်းရမှန်း မသိတော့ပါ၊...ကျမရယ်. မြင့်မြတ်သူရယ်.. ကျော်စွာရယ်က ..EC မေဂျာတူ သူငယ်ချင်းတွေပါ၊ ကျောင်းဒုတိယနှစ်လောက်မှာ တစ်ယောက်အကြောင်း တစ်ယောက်သိလာတော့ ပိုခင်လာကြတယ်၊ မြင့်မြတ်သူနဲ့ ကျော်စွာရဲ့ မျက်စေ့ထဲမှာ ကျမကို စိတ်ဝင်စားနေတဲ့အရိပ်တွေ မြင်နေရတယ် ကျမက မိန်းမသားလေမသိဘဲ
နေပါ့မလား တစ်ယာက်ယောက်ကတော့ တစ်ချိန်မှာကျမကို ဖွင့်ပြောလာမှာေ သချာပါတယ်၊ ကျမလေမြင့်မြတ်သူရေးတဲ့ ကဗျာလေးတွေကို သိပ်သဘောကျတာ။ ကျမပြောလိုက်တဲ့ စကားတိုင်းဟာ သူ့အတွက်ကဗျာကုန်ကြမ်းတွေ ဖြစ်နေတော့ သူ့ကဗျာလေးထဲက ချစ်သူကောင်မလေးဟာ ကျမသာဖြစ်မည်ထင်သည်၊ သူ့ကဗျာတွေက ကျမကိုသာ တိုက်ရိုက်ရည်ရွယ် နေတာသိသာသည်၊ ..ကဗျာထဲမှာ ချစ်ပြနေသလောက် အပြင်မှာတော့ မြိုသိပ်နိုင်လွန်းသည်၊ သူ့ရင်ထဲကို ကျမမြင်ပါတယ်
ကျမရင်ထဲကို သူလည်းမြင်လောက်မှာပါ၊ ကျမဘေးနာမှာ ကျော်စွာနဲ့ မြင့်မြတ်သူကရှိနေတော့ ဘယ်သူမှ ကပ်လို့မရ၊ တစ်ချို့တွေ ပြောကြတာက ကိုယ်ရန်တော် နှစ်ယာက်နဲ့ မင်းသမီးတဲ့ တစ်ချို့ကတော့ သူတို့နှစ်ယောက်ကို ကောက်ရိုးပုံစောင့်တဲ့ ကောင်နှစ်ယောက်တဲ့ တစ်ချို့ကတော့ တစ်ကောင်တော့ အသည်းကွဲမှာ သေချာတယ်တဲ့...... .ဟုတ်မှာပါလေ နှစ်ယောက်စလုံးက ကျမကိုချစ်နေတာ ကျမမှာနှစ်ယောက်စလုံးကိုမှ ချစ်လို့မရတာ ရွေးချယ်ရမှာက တစ်ယောက်တည်းပါ ကျော်စွာကို
လည်းကျမ သံယောဇဉ်ရှိပါတယ် ကျမရဲ့အနွံအတာကို သိပ်ခံတာ၊ အနေကြာလာလေ မြင့်မြတ်သူကို ကျမပိုချစ်မိလေပါ၊ တစ်ခါတစ်လေ မိန်းမသားဘဝကို ကျမမချင့်မရဲ ဖြစ်မိတယ်၊ ကိုချစ်တဲ့သူကို ချစ်တယ်လို့ ဘာလို့စပြောခွင့် မရှိရတာလည်း၊ ချစ်တယ်လို့ ပြောလိုက်မိရင်ဘဲ တန်ဖိုးမဲ့ရတော့မှာလား၊ ဖြစ်ချင်တာကို တွေးကြည့်တာပါ ကျမလည်း ဘယ်ပြောဝံ့ပါ့မလည်း၊
သူကျမကို ချစ်နေလျက်နဲ့ ဘာလို့ဖွင့်မပြောသေးရတာလည်း ရင်မောလိုက်ရတာရှင်၊ သူများတွေပြောကြသလို သူတို့နှစ်ဦးထဲက တစ်ဦး အသည်းကွဲ ကျန်ရစ်ရမယ်ဆိုရင် ဒီသူဟာ.... .ကျော်စွာ.. .ဖြစ်မယ်ဆိုတာ ကျမသိနေတယ် စိတ်တော့မကောင်းပါဘူးနော်.....သူငယ်ချင်းအရင်းတွေ မဟုတ်လား....။
ကျော်စွာ
ကျနော်က ကျော်စွာပါ.... ကျနော့မိဘတွေက ချမ်းသာတယ်၊ နည်းပညာတက္ကသိုလ် တက်တော့ အခင်ဆုံးသူငယ်ချင်း နှစ်ယောက် ရှိလာတယ် တစ်ယောက်က မြင့်မြတ်သူ...... တစ်ယောက်ကတော့ ရိုးရိုးအေးအေးနဲ့ ထင်ရှားလှတဲ့ကျနော် တို့ကျောင်းရဲ့ အလှဘုရင်မတစ်ပါး Queen မလေးယုယမွန်....ပါ..ကျနော်ကလည်း မာနခပ်ကြီးကြီးရယ် ရုပ်ရည်ကလေးက လည်းရှိတော့ ကောင်မလေးတွေ ကြားထဲမှာ ထင်ပေါ်တယ်။ မြင့်မြတ်သူနဲ့ ကျနော်က ကျောင်းကိုလာရင် ဆိုင်ကယ်ပြိုင်မောင်းရင်းခင်ကြတာ၊ ကျနော်တို့က ပုသိမ်မြို့ပေါ်မှာ နေကြပါတယ် ကျောင်းနဲ့မြို့က (၆) မိုင် (၄) ဖာလုံလောက်ဝေးတော့ ဆိုင်ကယ်နဲ့ လာရတာ အဆင်ပြေတယ် ပြန်ချင်တဲ့ အချိန်ပြန်လို့ရတယ် လိုင်းကားစောင့်စရာမလိုတော့ဘူး အချိန်ကုန် သက်သာတယ် လေ၊မြင့်မြတ်သူက သဘောကောင်းတယ်၊ ကဗျာရေးတာ တော်တယ်၊ စကားနည်းတဲ့ အခါနည်းသလောက်
သူပြောချင်ရင်လည်း နာရီနဲ့ချီပြီးပြောတတ်တယ်၊ စာလည်းတော်တယ်၊ တစ်ခါတစ်လေ သူတွေးပြတာ တွေကျနော်မသိ ဒါပေမဲ့ဆုံးအောင် နားထောင်ကြည့်တော့လည်း လက်ခံနိုင်တာများပါတယ်၊ သူလည်းယုယမွန်ကို ချစ်နေပုံရတယ်၊ ကျနော်ချစ်တာက မြင့်မြတ်သူထက် ပိုမယ်ထင်ပါတယ် ယုယမွန်မိဘတွေနဲ့ ကျနော့မိဘတွေကလည်း ရင်းနှီးကြတယ်၊ ယုယမွန်ကို
ကြည့်နေရင်းကို ပိုပိုချစ်လာတယ် တစ်နေ့မှာ အချစ်တစ်ခါတိုး မရိုးနိုင်အောင်ကို ချစ်နေမိတယ်၊ သူ့ကိုကြည့်ရတာ မြင့်မြတ်သူဖက်ကို နည်းနည်းယိုင်ချင်တယ် ကဗျာရူးအချင်းချင်းမို့ အလွမ်းသင့်တာဘဲ နေမှာပါ၊ ကျနော်ယုယခင်ကို လက်ထပ်ဖို့ အထိရည်မှန်းထားတယ်၊ ကျနော့ဘဝမှာ ကျနော်လိုချင်တာကို ရအောင်ယူတတ်တယ် မြင့်မြတ်သူထက် ဦးအောင်ပြောထား ဟိုတစ်နေ့က လည်းအအေးဆိုင်ထဲမှာ ယုယမွန်ချစ်သူဟာ ကျနော်လို့ ပြောပြီးထွက်ပြေးသွားတယ် ကျနော်ကတော့ကျိတ်
ပျော်တာပေါ့၊ ယုယမွန်က ကျနော့ကို စူးစူးလေးကြည့်နေတယ်၊ သူခွဲလိုက်တဲ့ ပန်းကန်လုံးဖိုးလေး လျှော်ပေးလိုက်ရတာ တန်ပါတယ်.........။
နောက်အပိုင်းကိုဆက်လက်ရေးသားပါမည်ခေတ္တနားပါဦးမည်
အားလုံးကိုခင်မင်လေးစားစွာ.....kaunghtet (ကဗျာဥယျာဉ်)
ကိုယ်တိုင်ရေးအခန်းဆက်ဝတ္ထုရှည်