Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ဘ၀အမြင်(ပြိုင်ပွဲဝင်ရန်)

$
0
0

ဘ၀ကိုရှုမြင် သုံးသပ် ဆုံးဖြတ်ကြရာ၌ ကျွန်တော်ယူဆထင်မြင်မိသလောက် တင်ပြရမည်ဆိုပါက

လောကတွင် ရခဲခြင်တရား (၅)ပါးရှိသည်ဟု သုံးလောကထွဋ်ထား မြတ်စွားဘုရားရှင်ကိုယ်တော်မြတ်ကြီးကဟောထားတော်မူခဲ့ပါသည်။

၎င်းတို့တွင် ဘုရားအဖြစ်ကိုရခဲခြင်း ၊ လူ့အဖြစ်ကိုရခဲခြင်း ၊ ပြည့်စုံတဲ့သဒ္ဓါတရားကိုရခဲခြင်း ၊ ရဟန်းအဖြစ်ကိုရခဲခြင်း ၊ တရားနာရခြင်းကို ရခဲခြင်း တို့ဖြစ်ပါသည်။ ၎င်းတို့တွင်လူ့အဖြစ်ကိုရခဲသည်ဟု ဟောတော်မူရာ၌့ ဥပမာပေးထားသည်မှာလည်း အင်မတန်ကျယ်ဝန်း နက်ရှိုင်းလှသော မဟာသမုဒ္ဒရာကြီးထဲ၌ အပေါက်တစ်ပေါ်က်သာဖောက်ထားသော ထမ်းပိုးတုံးကြီးတစ်တုံးသည် အရပ်ရှစ်မျက်နှာသို့ မျောချင်ရာမျောနေသည် ထိုမဟာသမုဒ္ဒရာကြီး၏ နက်ရှိုင်းလှသော သမုဒ္ဒရာကြမ်းပြင်တွင် လိပ်ကန်းကြီးတစ်ကောင် ရှိသည်  ထိုလိပ်ကန်းကြီးသည် နှစ်တစ်ရာပြည့်မှ တစ်ကြိမ်သာ အပေါ်သို့ပေါ်လာသည် ထိုလိပ်ကန်း၏ ဦးခေါင်းနှင့် မျောချင်ရာမျောနေသော ထမ်းပိုးတုံးကြီး၏ တစ်ပေါ်တည်းသော အပေါက်တို့ စွပ်မိသည်မှ လွယ်ကူပေလိမ့်မည်  လူ့ဘ၀ကိုရဖို့ရာ အင်မတန်ခဲရင်းလှသည် မြတ်စွာဘုရားဟောတော်မူခဲ့ပါသည်။

အင်မတန်မှရခဲလှသော လူ့ဘ၀သည်လည်း ရှည်လျားလှသည်တော့မဟုတ်ပါ ”သမုဒ္ဒရာရေမျက်နှာထက် ခဏပွက်သည့်ရေပွက်ပမာ တသက်လျာတည်း “ဟု အနန္တသူရိယ အမတ်ကြီး၏ မျက်ဖြေအလင်္ကာကိုထောက်ဆသော် အင်မတန်မှတိုတောင်းလှပါသည် ဆိုခဲ့ပြီးသည်အတိုင်း အင်မတန်မှရခဲလှပြီး အင်မတန်မှတိုတောင်းလှသော လူ့ဘ၀ကို ကျွန်တော်နှင့် စာရှု့သူတို့ရခဲ့ကြပေသည်။

ရပြီးရုံနှင့်ကားမပြီးသေးပါ ထိုလူ့ဘ၀ကို ကျွန်တော်တို့ဘယ်လိုဖြတ်သန်းပြီး နေထိုင်ရှင်သန်ကြမယ်ဆိုတာတော့ တွေးခေါ်စဉ်းစား ဆင်ခြင်ရန် လိုအပ်ပေလိမ့်မည်ဟု ကျွန်တော်ထင်မိပါသည်။                                                             ဘ၀ကိုဖြတ်သန်းကြရာ၌ ဓမ္မအမြင်ဖြင့်ဖြတ်သန်းခြင်း လောကအမြင်ဖြင့် ဖြတ်သန်းခြင်းဟု နှစ်မျိုးနှစ်စားရှိပါသည်။    ထိုနှစ်မျိုးတို့တွင် ကျွန်တော်တို့သည် လောကီလူးသားများဖြစ်သည့်အတွက် ဓမ္မအမြင်ဖြင့်သာ လောကကို ဖြတ်သန်းရာမှာလည်း လွယ်ကူသောကိစ္စမဖြစ်နိုင်ပါ  တဖန်လောကီအမြင်ဖြင့်ဖြတ်သန်းပါကလည်း အရှုံးသက်သက် အကျိုးပျက်စီးခြင်းဖြင့်  အနှစ်သာရရှိလမ့်မည်မဟုတ်ပါ။ ထို့ကြောင့် ဓမ္မအမြင် လောကီအမြင် နှစ်မျိုးစလုံးဖြင့် ဟန်ချက်ညီညီ ကျင့်ကြံကြိုးကုတ်၍သာ လျောက်လှမ်းသင့်သည်ဟု တွေးဆမိပါသည်။

ဘ၀ဆိုတာ ပြဇာတ်တစ်ခုပါပဲ ”ဘယ်လောက်အချိန်ကြာသလဲဆိုတာ ထည့်တွက်စရာမလိုပါဘူး သရုပ်ဆောင်ချက်ကိုသာ ထည့်တွက်ရမှာပါ“ ဟုပညာရှင်တစ်ဦးကလည်း တွေးခေါ်ယူဆခဲ့ပါသည်။ 

”မည်မျှကောင်းရန် မည်သို့နေထိုင်ရမည်နည်း“ဟုမေးခဲ့သော် အထက်ပါဖော်ပြခဲ့သည့် ဓမ္မအမြင် လောကီအမြင်တို့ဖြင့်  ရှင်သန်သင့်သည်ဟုယူဆမိပါသည်။

ဓမ္မအမြင်တွင်မူ ဗုဒ္ဓဘာသာမြန်မာလူမျိုးများအနေဖြင့် သံသရာကို၎င်း နိဗ္ဗာန်ကို၎င်း ကံ ကံ၏အကျိုးကို၎င်း သက်ဝင်ယုံကြည်ကြပါသည်။

သံသရာဟူသည် ရှည်လျားလျသော ဒုက္ခသစ္စာဖြစ်ပြီး နိဗ္ဗာန်ဟူသည် ထိုသံသရာဒုက္ခတို့၏ ကုန်ခမ်းရာ ပန်းတိုင်ကြီး ဖြစ်ပါသည်  သို့ဖြစ်၍ ကျွန်ုပ်တို့သည် ပန်းတိုင်မရောက်မီစပ်ကြား သံသရာမှာ ကျင်လည်ရခိုက် ယ္ခုဘ၀၀ယ် ဒါန သီလ ဘာဝနာ တရားတို့ကို  တတ်နိုင်သလောက် ကြိုးစား အားထုတ်ရပေလိမ့်မည်။

ဒါနဟူသည် မိမိစွမ်းနိုင်သလောက် သဒ္ဓါတရားဖြူစင်စွာဖြင့် ပေးကမ်းစွန့်ကြဲခြင်းကိုဆိုလိုသည်။ သီလဟူသည် ကာယကံ ၀စီကံ  မနောကံ တို့ကိုအကုသိုလ်မဖြစ်အောင်ကောင်းစွာ ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြစ်ပါသည်။ ဘာဝနာဟူသည် ကိလေသာ အညစ် ကြေးတို့ဖြင့်ပြည့်နက်နေသော မိမိ၏ စိတ်ကို စင်ကြယ်လာအောင် ဗုဒ္ဓါနုဿတိကမ္မဌာန်း အစရှိသည်ဖြင့်  ပွါးများ အားထုတ်ခြင်းကို ဆိုလိုခြင်းဖြစ်ပါသည်။

တဖန်လောကီအမြင်ဖြင့် ဖြတ်သန်းရာ၌ပညာရေး စီးပွါးရေး လူမူ့ရေး နိုင်ငံရေးဟု လေးမျိုးလေးစားရှိပါသည်။ ဤလေးမျိုးကို မွေးဖွားခြင်း နှင့် သေဆုံးခြင်းအခိုက်တန့် ကြားကာလအတွင်း နေထိုင်ရှင်သန်နေစဉ် မဖြစ်မနေကျင့်ကြံရပေလိမ့်မည်။

ပညာရေးဆိုသည်မှာ အတတ်ပညာ အသိပညာမှန်သမျှကို မိမိတတ်စွမ်းသလောက် လေ့လာသင်ယူရပါမည် ထိုနှစ်မျိုးစလုံး ပြည့်စုံမှသာလျှင်နေရာကျပေလိမ့်မည် ။ မိမိတတ်သိထားသော ပညာများကိုလည်း ဤတိုင်းထား၍မဖြစ်ပါ လောကအတွက် တစ်ထောင့်တစ်နေရာက အကျိုးပြုမှသာလျှင် အကျိုးရှိပေလိမ့်မည် ။

စီပွါးရေးတွင်လည်း အတတ်ပညာ အသိပညာများ ပြည့်စုံပြီဆိုပါက ၎င်းနောက် အရေးကြီးပါသည် စီးပွါးဥစ္စာ မရှိလျှင် မိမိ အတွက်ကောလောက အတွက်ပါ အကျီုးရှိမည် မဟုတ်ပါ အကျိုးလည်း ပြိုနိုင်မည် မဟုတ်ပါ ။

သို့ဖြစ်ပါ၍ သမ္မာအာဇီဝဖြင့် စီးပွါးဥစ္စာကိုတတ်စွမ်းသမျှ ကြိုးစား ရှာဖွေမှသာလျှင် မိမိအတွက်ကော လောကအတွက်ပါ    ကောင်းမွန်စွာ အကျိုးပြု၍အကျိုးရှိစေနိုင်မည် လူမူ့ရေး နိုင်ငံရေးပါမက  မိမိနေထိုင်ရှင်သန်ရာ ပတ်ဝန်းကျင် သက်ရှိသက်မဲ့ များနှင့်တိုင်းပြည်အတွက် ကောင်းမွန်သော စိတ်ဓာတ် မဆုတ်မနစ်သော  လုံ့လ၀ီရိယ တိုဖြင့် အကျိုးပြုနိုင်မှသာ လူပီသနိုင်ပါသည် သို့ဖြစ်ပါ၍ ပညာရေး စီပွါးရေး လူမူ့ရေး နိုင်ငံရေး ဟူသော  လောက အရေးတို့တွင်လည်း ပျင်းရိလေလွင့်မနေပဲ ရှာဖွေကြိုးကုတ် အားထုတ်ထမ်းဆောင် တာဝန်ယူရပါမည်။

အချုပ်ဆိုရသော်စတုင်္ဂဗလ အမတ်ကြီး၏ လောကနီတိအတိုင်း” ပျင်းရိသောသူအတွက် ပညာမရှိနိုင် ပညာမရှိသူအတွက် စီးပွါး ဥစ္စာမရှိနိုင် စီပွါးဥစ္စာမရှိသူအတွက် မိတ်ဆွေကောင်း မရနိုင်  မိတ်ဆွေကောင်းမရှိသူအတွက် ချမ်းသာသုခ မရနိုင်  ချမ်းသာ သုခမရှိသူအတွက် နိဗ္ဗာန်မရောက်နိုင်“ ဟူသော စာသားကိုထောက်ဆသောအားဖြင့် ဓမ္မ လောကီ ပြည့်စုံအောင် တည်ဆောက်ခါ စာရှု့သူတို့အနေနဲ့လည်းအင်မတန်ရခဲပြီး တိုတောင်းလှတဲ့ လူ့ဘ၀လေးကို အလှပဆုံး နေထိုင်ရှင်သန်ဖြတ်သန်းသင့်သည်။

လောက၊ဓမ္မ နှစ်ဌာနတို့၌ စူးရှတောက်ပ ကြည်လင်လှကာ ကောင်းမြတ်သောအမြင်တို့ဖြင့် ဘ၀ကိုလျှောက်လှမ်းပြီး လက်ရှိအချိန်ထက်သာယာစိုပြည်သော လောကကြီးအဖြစ် ဖန်တီးနိုင်ကြစေရန် ဆန္ဒပြုရင်း........

လမင်းမောင်(ရေဦး)

ကိုယ်တိုင်ရေးဘလောစ်

***စံလွန်းတင်***


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>