အရေးမပါတာတွေကို
ရေးကြီးခွင်ကျယ်ဖြစ်အောင်
ဘယ်တော့မှ မလုပ်ပါနဲ့။
(ပါးပါးလေးကိုထူထူကြီးဖြစ်အောင် ဘယ်တော့မှမလုပ်ပါနဲ့)
ရောဘတ်ဒူးအန်းဘောလက်
(တိုင်းတန်းနစ်သင်္ဘေပျက်ကို ရှာဖွေတွေ့ရှိသူ)
အထက်ပါ စကားလေးကိုဖတ်ရင်းကျွန်တော်တွေးနေမိသည် ။ ကျွန်တော်တို့ရွာသည်
အင်္ဂပူမြို့နယ်တွင်ရှိ ကျောက်ထပ်ကုန်း ဆိုသောရွာလေးဖြစ်ပါသည်။
ထုံးစံအတိုင်း ကျေးရွာအုပ်စုခေါင်းဆောင်လူကြီးရှိသည်။ ကျန်သူများကတော့မြို့
မိမြို့ဖ။ လူငယ်လူရွယ်များနဲ့ ရွာသူရွာသားများပေါ့။ ပြီးခဲ့တဲ့သီတင်းကျွတ်ပွဲတော်မှာ
တာဝတိံသာဘုရားဆင်းပွဲတော်ကျင်းပပြုလုပ်ခဲ့ပါတယ်။ ပွဲတော်ကလည်းနှစ်စဉ်ကျင်း
ပလာခဲ့တာခုဆိုရင်နှစ် (၅၀) မြောက်ပါ။ ဒါဆိုရွှေရတုသဘင်ပေါ့။ ဒီပွဲတော်ကျင်းပဘို့
မြို့မိမြိုဘ လူကြီးလူငယ် အားလုံးစိတ်ဝင်စားကြပါတယ်။
လူငယ်ပိုင်းကတက်ကြွသူတွေကလဲပွဲတော်ကျင်းပရေးအတွက်ရွာလူကြီး
ရဲ့ခွင့်ပြုသဘောတူချက်အရ အစည်းအဝေးတစ်ခုပြုလုပ်ပါတယ်။ရွာတာဝန်ရှိသူ
လူကြီးနှင့်ရွာသူရွာသားလူငယ်များ ဒီအစည်းအဝေးကိုတက်ရောက်ကြပါတယ်။
အစည်းအဝေးတွင် လူငယ်များက ပွဲတော်တွင် ဇာတ်ကပွဲနှင့် ပျော်ပွဲရွှင်ပွဲ
ထည့်ဘို့ပြောဆိုဆွေးနွေးကြတဲ့အခါ ရွာလူကြီးလုပ်သူက သူသည်၎င်းပျော်ပွဲရွှင်ပွဲ
များကိုစိတ်မ၀င်စားကြောင်းပြောဆိုခါ အစည်းအဝေးခန်းမှထွက်ခွာသွားပါသည်။
တာဝန်အရှိဆုံးလူက တာဝန်ရှောင်သွားတော့လူငယ်တွေအတော်စိတ်မ
ကောင်းဖြစ်သွားရတယ် ။ ကျန်တဲ့သူတွေကတော့ဘုရားပွဲဖြစ်မြောက်ရေးအတွက်
ထိန်သိမ်းပြီး အစည်းအဝေးကိုဆက်လက်ပြုလုပ်ရပါတယ်။ ဒီလိုဖြစ်ရပ်ကိုစာရူသူ
များဘယ်လိုလုပ်ကြမှာလဲလို့မေးချင်ပါသည်။
နောက်တော့လူငယ်များကိုအပြင်တွင်ပြောပြသည်မှာ ကျောင်းသားများကျောင်း
ပိတ်ရက်ဖြစ်သဖြင့် ပြဿနာတစ်စုံတစ်ရာဖြစ်နီုင်ကြောင်း။ လုံခြုံရေးကိုထိခိုက်နိုင်
ကြောင်း ။ ပွဲတော်ကျင်းပလျှင် ကျောင်းသားများစာကျက်ပျက်မည်။ အောင်ချက်ကျ
မည်။ ရန်ဖြစ်မည်ဒါကြောင့်ပွဲတော်တွင် ဘာပွဲမှမထည့်လိုကြောင်းပြောပြန်ပါသည်။
လူငယ်များနှင့် ဘုန်းတော်ကြီးများအတော်ပင်စိတ်ပျက်ကြသည်။ ဖြစ်မလာသည့်အရာ ကိုတွေးကြောက်ပြီး ရေးကြီးခွင်ကျယ်လုပ်ကာ ပုံချဲ့ခြင်းကြောင့်ပွဲတော်တွင်
စိတ်ပျက်စရာများကြုံတွေ့ရသည်။ တာဝန်ရှိသူကတာဝန်မယူ မနေနိုင်သူများ
လူငယ် များကတာဝန်ယူရသည်။ ဖြစ်သင့်ပါသလား ။
ဒီလိုနဲ့ဆရာတော် ဦးဆောင်သည့်တာဝတိံသာဘုရားဆင်းပွဲတော်ကိုကျင်းပခဲ့ဖြစ်
သည်။ စာရှုသူများကိုပြောပြရလျှင် ဇာတ်ကြောင်းရှည်မည်စိုးသဖြင့်လိုရင်းသာပြော
ပါမည်။ ပွဲတော်ကျင်းပရေးအတွက်အဖွဲ့များဖွဲ့ထားသော်လည်း ဦးဆောင်သူတာဝန်
ပေးမည့်သူမရှိသဖြင့်စနစ်တကျဖြစ်မလာ။ ဇာတ်သွင်းရန် ဇာတ်ပွဲအတွက် အရှုံးပေါ်လျှင်
လူငယ်များက ရှုံးသမျှ မျှဝေခံ (တတ်နိုင်သောလူငယ်များ) တာဝန်ယူမည်။
မြတ်လျှင် ဘုရားရံပုန်ငွေ ၊ ကျေးရွာမီးသတ်၊ ဖွဲ့ဖြိုးရေကိစ္စ၊ ကျန်းမာရေး၊ အားကစား
စသည်ခွဲဝေသုံးစွဲရန်) ရည်ရွယ်ထားကြသည်။ ဇာတ်ရုံဆောက်ကြသည်။ ငွေအရင်းပြု
လုပ်ရတာဖြစ်လို့ဒီတွင်ဇာတ်ရုံအတွက် ကုန်ကျငွေရှိလာပါသည်။
လိုရင်းပြောရလျှင်တော့ ပွဲမိန့်တောင်းရန်ကိစ္စပေါ်လာပြန်သည်။ပွဲမိန့်မပေး
နိုင်ကြောင်း တာဝန်ရှိသူက ပြောပြန်ပါသည်။ ပွဲမိန့်ကိုမြို့နယ်ကပေးသော်လည်း၎င်းး
ကမပေးသဖြင့် အတော်နားချမှ ပွဲမိန့်ကိုလက်မှတ်ထိုးပေးသည်။
အကြောက်လွန်ရောဂါလား ၊ ရေးကြီးခွင်ကျယ်လုပ်လွန်းတာလားမပြောတတ်
ပါ။ ပွဲခင်း အနီးရှိ ရွာသူရွာသားများကိုဆူညံကြောင်း ၊ ရန်ဖြစ်လျှင်ထိန်းမည့်သူ ၊
မည်သူတာဝန်ယူမည်နည်း။ စသည်ဖြင့်၎င်းတာဝန်ယူလူပ်ဆောင်ရမည့်ကိစ္စအ၀၀
(သို)့စုပေါင်းတာဝန်ကို မလုပ်ဘဲပြဿနာကိုသာတွေးနေသည်။ပြောရလျှင်တော့
ရွာမှာကလည်းပွဲတော်နှင့်ပတ်သက်၍ဘာပြဿနာမှတစ်ခါမှမဖြစ်ဘူးပါ။
ဒီလိုနဲ့ပွဲက သုံးညကရာတွင် (၁၅) သိန်းခန့်လူငယ်များအရှုံးနှင့် ရင်ဆိုင်ကြရသည်။
၁၅ သိန်းဆိုသည်မှ တောရွာတစ်ရွာအတွက်တော့မဟာစွန့်စားခန်းပါ။ ဒီအရှုံးကိုကာ
မိဘို့ပွဲကသူများက နောက်ပွဲတစ်ပွဲသွင်းခါ ကပြန်သည်။ ပွဲမိန့်ရရေးအတွက် သူကအ
ထက်ပါအကြောင်းများနှင့် ပယ်ချပြန်ပါသည်။ တစ်ခါမြို့နယ်မှလည်းအစုံသိ
နေသဖြင့် ပွဲမိန့်ပေးမည်။ သူကမပေးသဖြင့်လုပ်ရပြန်ပါသည်။ ဒီလိုနဲ့ပွဲ ကဖြစ်ပြန်
သည် ပထမပွဲအရှုံးအနည်းငယ်ပြန်ရသည်။ လူငယ်များအဖွဲ့တဖြည်းစိတ်ဓါတ်ကျကာ
လက်မြောက်လာကြသည်။သို့ရာတွင်တန်ဆောင်တိုင်ပွဲတွင်ပွဲသွင်းရန်အတွက် ဇာတ်ရုံကို
မဖျက်လိုကြပါ။တန်ဆောင်တိုင်မီးထွန်းပွဲတော်တွင်စည်းကားသိုက်မြို့စွာဖြင့်ကျင်းပရန်
ဇာတ်ပွဲတစ်ခုသွင်းလို၍ဖြစ်သည်။ သို့သော် တာဝန်ရှိသူ ရွာလူကြီးမှ ဖျက်ခိုင်းသဖြင့်ဖျက်ရ ။ စိတ်ဓါတ်တက်ကြွနေသောလူငယ်များတဖြည်းဖြည်းနောက်ဆုတ်သွားကြသည်။
ရွာတွင်စည်းလုံးရေးပြိုကွဲကာ ဘာမှလုပ်မရဖြစ်တော့သည်။
လောလောဆယ် စုပေါင်းကထိန်ပွဲတစ်ခုလုပ်ပြန်သည်။ လူငယ်တွေနဲ့
တခြားလူကြီးတွေမလာကြတော့ပါ။ ဒါဟာဘာလဲလို့ဆိုရင် ။ ရေးကြီးခွင်လုပ်လွန်းတာ
မစည်းရုံးနိုင်တာ ။ စည်းရုံးလုပ်ဆောင်တယ်ဆိုတာ နိုင်ငံရေးလူမှုရေးမှာအရေးပါတဲ့အချက်
ပါ။ သူသည်နိုင်ငံရေး ရပ်ရေးရွာရေးလုပ်နေသည်ဟုမမြင်ဘဲ တာဝန်နဲ့ခိုင်းသလိုမျိုးသွား
မြင်နေလျှင်တော့ ဒီစေတနာ့ဝန်ထမ်းလုပ်မည့်သူများစိတ်ပျက်သွားကြသည်မှာမဆန်းပါ။
အရေးပါတာနဲ့ အရေးမပါတာကိုခွဲခြားခြင်းမရှိဘဲ အားလုံးအရေးကြီးကိစ္စဟုသတ်မှတ်
လွန်းတာ တွေကြောင့် ရွာလူငယ်စည်းရုံးရေးပြိုကွဲသွားရသည်ဟုမြင်ပါသည်။
ပါးပါးလေးကိုထူထူကြီးဖြစ်အောင်လုပ်လွန်းသဖြင့် ရွာသူရွာသားများစိတ်ဓါတ်ကျ
လုပ်မရကိုင်မရဖြစ်ရလေတော့ပါကြောင်းတင်ပြလိုက်ပါသည်။
ဒီဆောင်းပါးလေးကိုဖတ်ရှုအားပေးသူများအား လေးစားစွာဖြင့်ကျေးဇူးတင်ပါသည်။
(ကိုယ်တိုင်ရေး)
မြင့်စိုး
19-11-2012