ရွှေမြို့တော်သူငယ်ချင်းလေးများ မင်္ဂလာပါနော်။
မမမေတစ်ယောက် ရုံးပိတ်ရက်လေး နားနားနေနေ ဂိမ်းဆော့နေတုန်း
“မမမေ မမမေ မမမေ ကယ်ပါ ကယ်ပါ”
“ဟဲ့ ပလုတ်တုတ်။ အယ်။ နင်ရိုင်းလှချည်လား။ ငါ့များ ကယ်ပါ လေးဘာလေးနဲ့။ နင်သာ @#$%^*(( ဟွင်း”
“အာဗျာ ကယ်တော်မူပါအုံး။ အဲ့လိုပြောတာဗျာ။ နာရတဲ့အထဲ သူ့ပြန်ရှင်းပြနေရသေးတယ်”
“အော် အဲ့လိုလား။ နင်က ဘာဖြစ်လာတာလဲ။ သိမှမသိတာ ငါ့ကိုကယ်ပါဆိုတော့ (သူတောင်းစား)ပြောတာလားလို့”
“ကျွန်တော့ကို ပျားထိုးလိုက်လိုက်လို့!”
“ဗုဒ္ဓေါ ဖြစ်ရလေ။ နင်ဘယ်နေရာမှာသွား ပျားအုံးကို ဆော့လာလို့လဲ။ မှန်းစမ်း”
မမမေရဲ့ အိမ်နီးချင်း မောင်လေးတစ်ယောက်ပါ။ ခြံထဲမှာ ဟိုဟိုဒီဒီ လျှောက်သွားနေပြီး အော်ဟစ်လာတဲ့ သကောင့်သား မောင်လေးကို ကြည့်လိုက်ရင်ပဲ
လားလား ဟုတ်ပါ့ရဲ့ သကောင့်သားလေးမှာ ပျားတွေ တုတ်ထားတာ နီရဲလို့ မျက်နှာတွေရော နားရွက်တွေရော လည်ကုတ်ပါမကျန် အဖုလေးတွေ ထွက်လို့ ။ သူ့ခမျာ နာလို့ အော်လည်းအော် မျက်ရည်များပင်စို့လို့ ပျားတုတ်ခံရတာ တော်တော်နာမယ့်ပုံပါ (မယုံလျှင် ပျားအုံကို တုတ်နှင့်ထိုးကြည့်ပါလေ။ ပြီးလျှင် ထွက်မပြေးပါနှင့်)
“ကဲကဲ ဖိုးသားရေ သွားသွားခေါင်းရင်းက သင်္ဘောပင်က သင်္ဘောရွက်နည်းနည်းသွားခူး။ အောက်ဖက်က အခက်ကိုခူးနော်။ အသီးတွေ မကြွေစေနဲ့”
တကယ်တော့ မမမေလည်း ခုမှ စမ်းသပ်ရမှာပါ။ ပျားတုတ်ခံရသူခမျာမတော့ မမမေ စမ်းသပ်မှာကို မသိရှာသေး။ စာတွေ့ပဲရှိသေးတာ ခုမှ တကယ်ကြီးလက်တွေ့စမ်းသပ်ပါတော့မယ်။
“သင်္ဘောရွက်ကို ရေစင်စင်ဆေးလိုက်”
“ပြီးပြီဗျ။”
“ပြီးရင် သဘောင်္ာရွက်ကို အစေးတွေရော သင်္ဘောရွက်အရည်ပါ ထွက်လာအောင် ညှစ်ချ”
“သူများချည်းပဲခိုင်းနေတယ်”
“လျှာမရှည်နဲ့ မြန်မြန်လုပ်၊ သင်္ဘောရွက်အရည်နဲ့ ပျားတုပ်ခံရတဲ့ နေရာတွေ လိုက်လိမ်း၊ သင်္ဘောရွက်နဲ့လည်း ပွတ်တိုက်ပေး”
ခပ်မြန်မြန်လေးဟ။
မမမေရဲ့ စာတွေ ခုတော့ ငါတွေ့ဖြစ်ပါပြီ။ အမှန်တကယ်ပဲ သင်္ဘောရွက်အစွမ်းနဲ့ နီရဲတာလည်း တဖြည်းဖြည်းလျှော့လာသလို ပျားဆိပ် များလည်း ပြေလာပြီး အနာသက်သာလာပါတော့တယ်။
မမမေ ရဲ့ ရုံးပိတ်ရက် တကယ့်လက်တွေ့ ဖြစ်ရပ်မှန်ဆေးနည်းလေးပါ။
ပျားဆိပ်တင်မဟုတ်ဘဲ ကင်းဆိပ်များပါ၊ သံဆိပ်များပါနိုင်တယ်လို့ စာတွေ့မှာ ဖတ်ဖူးပါတယ်။
သင်္ဘောပင်ရဲ့ English Name က Papaya ပါ
Family:ကတော့ | Caricaceae |
Genus:ကတော့ | Carica |
ဗဟုသုတအဖြစ် တင်ပြလိုက်ပါတယ်။
references Sites : http://en.wikipedia.org/wiki/Carica_papaya
မယုံကြည်သူများ လက်တွေ့စမ်းကြည့်နိုင်ပါကြောင်း
:P
တစ်ပါးသူပျော်ရွှင်ဖို့စိတ်ရင်းနှင့်အားထုတ်သူသည် ကိုယ်တိုင်ပျော်ရွှင်သူသာဖြစ်သည်။