** မောင်မောင်ထတော့လေ မင်းဦးလေး နိုးနေပြီ **
ကျွန်တော့် အဒေါ်ခေါ်သံကြောင့် အိပ်ယာမှအမြန်ထလိုက်ပြီး ရေချိုးအ၀တ်အစားလဲကာ
အိမ်ရှေ့ သို့ ထွက်လာခဲ့သည် ။ ဦးလေးက ကျွန်တော့်ကိုမြင်တော့ ။
** အိပ်လှချည့်လားငါ့တူရဲ့  (၈) နာရီတောင်ထိုးတော့မယ် **
** ဟုတ်ကဲ့ဦးလေး ညကစာဖတ်တာနဲနဲ ညဥ့်နက်သွားလို့ ပါ **
** ကဲလာသွားကြရအောင် **
ကျွန်တော့်တွင်မိဘနှစ်ပါးစလုံးမရှိတော့သဖြင့် ငယ်ငယ်ကတည်းက ရန်ကုန်ရှိဦးလေးအိမ်တွင်နေကာ
ဦးလေးဖွင့်ထားသော ကားဝပ်ရှော့တွင် အလုပ်လုပ်ရသည် ။ ဦးလေးနှင့်အဒေါ် ကလည်း
သားသမီးမရှိသဖြင့် ကျွန်တော့်ကို သားအရင်းတယောက်လိုချစ်ပြီး ပြောဆိုဆုံးမရာတွင်လည်း
ပွင့်၂ လင်း၂ ပြောဆိုဆုံးမတတ်သည် ။
ကျွန်တော်တို့  နှစ်ယောက် ရပ်ကွက်မှအထွက် ဈေးတန်းကိုဖြတ်ရသည် ။ ဈေးထဲတွင် ကျားမ အရွယ်စုံ
ရောင်းသူဝယ်သူ အော်ဟစ်ရောင်းချသံများနှင့် စည်ကားလျှက်ရှိသည်။ ကျွန်တော်နှင့်ဦးလေး
ဈေးထိပ် လ္ကက်ရည်ဆိုင်တွင်ဝင်ထိုင်လိုက်ပြီး စားချင်သောက်ချင်တာ များကိုမှာလိုက်ပါသည်။
၁၂ နှစ်အရွယ်ကောင်လေးတစ်ယောက်က ကျွန်တော်တို့ အတွက် အစားအသောက်များကိုလာချပေးပါသည်။
ကျွန်တော် ကောင်လေးမျက်နှာကိုလှမ်းကြည့်လိုက်စဉ်မှာပင် ခေါ်သံကြားလိုက်ရသဖြင့် ကောင်လေး
လှည့်ထွက်သွားသည်။
** ဟဲ့ မောင်ငယ် မြန်မြန် ချထားခဲ့လေ ဟိုရှေ့ ကစားပွဲ ကိုသွားရှင်းပေးလိုက်ဦး**
ကျွန်တော် သတိထားကြည့်လိုက်တော့ လ္ဘ္ကက်ရည်ဆိုင်တွင် ထိုကောင်လေးနှင့် အသက်အရွယ်မတိမ်းမယိမ်း
ကောင်လေး (၅) ဦးခန့် စားပွဲထိုးနေတာကိုတွေ့ ရသည် ။ မနက်ပိုင်းလူကျနေချိန်မို့  သူတို့ အားလုံးမနားရ ။
ကောင်တာမှ ဆိုင်ရှင်အမျိုးသမီးကလည်း လှမ်းအော်ပြီးခိုင်းနေသည်မို့  သူတို့ အားလုံး ပိုပြီးသွက်၂ လက်၂
လှုပ်ရှားနေကြသည် ။။
ဘာရယ်ကြောင့်တော့ကျွန်တော်မသိ ထိုကောင်လေးများကိုကြည့်ပြီး သက်ပြင်းတစ်ချက်မှုတ်ထုတ်မိသည် ။
ထို့ နောက်ကျွန်တော့်အကြည့်ကို ဈေးလမ်းမဘက်သို့ လှည့် လိုက်သည် ။ ဈေးတန်းထဲတွင်ကား
လမ်းဘေးချရောင်းသူ လမ်းလည်တွင်အော်ရောင်းသူ တချို့ က ဈေးဗန်းကိုကြိုးတတ်ပြီး
လည်ပင်းတွင်သိုင်းလွယ်ကာ ရောင်းချသူများစသည်ဖြင့် အသွင်သဏ္ဍာန် အမျိုးမျိုး ကိုတွေ့ ရသည်။
ရောင်းချသည့်ပစ္စည်းများကလည်းစုံလင်လှသည်။ စားသောက်ကုန်အမျိုးမျိုး လူသုံးကုန်အမျိုးမျိုး ကို
ကိုယ့်အရောင်းစတိုင်နှင့်ကိုယ် ရောင်းသူနှင့်ဝယ်သူများ လုံးထွေးနေသည် ။
ထိုအခိုက် (၉ ) နှစ်ခန့် ကောင်လေးတစ်ယောက်နှင့် အသက် (၇၀) ကျော်ဖွားအို တစ်ဦး
လမ်းလျှောက်ယင်းတွေ့ သမျှလူကို လက်ဖြန့်ပြီး ပိုက်ဆံလိုက်တောင်းနေတာကိုတွေ့ ရသည်။
အဘို့ အို တစ်ဦးကလည်း စက်ဘီးနောက်တွင် ရေခဲထုပ်ပုံး တင်ထားပြီ ဂလိုင်ကလေးကိုခေါက်ကာ
ဈေးလမ်းအတိုင်းဝင်လာတာကိုလည်းတွေ့ ရသည် ။
ထိုကဲ့သို့ သော သက်ကြီးရွယ်အိုများကို ယခုချိန်ထိ ကိုယ့်ဘ၀ကိုယ် ရုန်းကန်နေတာကိုမြင်ရတော့
စိတ်မကောင်းဖြစ်မိသည် ။ထောက်ပံ့ ပေးကမ်းကျွေးမွေးမည့် သားသမီးများမရှိတော့လို့ လား။
အတွေးများလျှက် သနားစိတ်လည်းဝင်မိသည် ။ထို အခိုက်ဦးလေးစကားသံကြောင့် ကျွန်တော့်
အတွေးတို့ ရပ်တန့် သွားတော့သည်။
** ဘာတွေစဉ်းစားနေတာလဲ ငါ့တူရဲ့  စားသောက်ပြီးရင် သွားကြရအောင် **
** ဟုတ်ကဲ့ဦးလေး သွားလို့ ရပါပြီ **
ဦးလေးနှင့်လမ်းလျှောက်ယင်း ကျွန်တော်က စကားစလိုက်သည် ။
** လူတွေကိုလိုက်ကြည့်ပြီး လူတွေရဲ့  ဘ၀ကိုတွေးမိလို့ ပါဦးလေးရယ် **
** ဘာတွေတွေး နေလို့ လဲကွ **
** သြော် ငယ်ငယ် ကတည်း မိဘမရှိတော့တဲ့ ကျွန်တော့် ဘ၀ကိုတွေးမိသလို
ငယ်ငယ် ရွယ်ရွယ်နဲ့  ပညာသင်ခွင့်မရပဲ အလုပ်လုပ်နေကြတဲ့ လူငယ်လေးတွေပြီးတော့
အိုမင်းမစွမ်းရောက် ကိုယ့်ဝမ်းစာကိုယ်ရှာစားနေ ကြရတဲ့  သက်ကြီးရွယ်အို ဘ၀တွေရော
အစုံပါပဲဦးလေးရာ ။ဈေးထဲမှာ တွေ့ နေမြင်နေရတာ အရွယ်ပေါင်းစုံ အလုပ်ပေါင်းစုံ
လူတွေရဲ့  ဘ၀တွေကို မီးမောင်းထိုးပြနေသလိုပါပဲ ဦးလေးရယ် **
** အင်း ငါ့တူကလည်း ဘယ်ဆိုးလို့ လဲ လူတွေကိုလိုက်ကြည့်ပြီး လူတွေရဲ့  ဘ၀ကိုပါမြင်တတ်နေပြီပဲ**
** ဦးလေးပြောပြမယ်မောင်မောင်ရဲ့  မင်းပြောတာလည်းမှန်ပါတယ် ။ လူတွေဟာ မွေးဖွားလာပြီးကတည်းက
မသေခင်အချိန်အထိ မိမ ဘ၀ တိုးတက်ရေးအတွက် လက်လှမ်းမှီရာ အတတ်ပညာ မျိုးစုံသင်ပြီး
ဘ၀အတွက်ရုန်းကန်နေကြတယ် ။ ဒီလိုရုန်းကန်ယင်း အောင်မြင်တဲ့သူတွေကျတော့ တိုက်တွေကားတွေ
စိန်တွေ ရွှေ တွေ နောက်ဆုံးပေါ် ဟန်းဖုန်းတွေနဲ့ ပေါ့ကွာ ။ မအောင်မြင်တဲူ့တွေကျတော့လည်း
အမြင်မှား အတွေးမှားနဲ့  ငါတို့ ကဘ၀သမားတွေပဲကွာ ဒီလိုပဲ ရုန်းကန်နေရတာပေါ့ လို့ ကြွားသလို
ဂုဏ်ယူသလိုနဲ့  ပြောတတ်ကြသေးတယ် **
** အဲ့လိုပြောတာမှားလို့ လားဦးလေးရဲ့  **
** မှားတာပေါ့ ငါ့တူရယ် ဘ၀ဆိုတာ ပါဠိစကားကွ မြန်မာလိုပြန်ရင် ဖြစ်ခြင်းလို့ အဓိပ္ပါယ်ရတယ်
ဥပမာ လူ့ ဘ၀ဆိုရင်လူဖြစ်ခြင်းပေါ့ကွာ တရိ စ္ဆာန် ဘ၀ဆိုရင်လည်းတရိ စ္ဆာန်ဖြစ်ခြင်း
နတ်ဘ၀ ဆိုရင်နတ်ဖြစ်ခြင်း ဗြဟ္မာ ဘ၀ဆိုရင် ဗြဟ္မာဖြစ်ခြင်း ငရဲသားဘ၀ဆိုရင် ငရဲသားဖြစ်ခြင်း
စသည်ဖြင့် (၃၁) ဘုံကိုလိုက်ပြီးတောင်ပြောလို့ ရတယ် ။ အဲဒီလိုသာ သေသေခြာခြာ သိခဲ့ရင်
ငါတို့ ဟာ ဘ၀သမားဆိုတဲ့စကား ပြောစရာကိုမလိုတော့ဘူး **
** အင်း အဲလိုဆိုတော့လည်း ဟုတ်သားပဲနော်ဦးလေး ဒါဆိုရင် လူ့ ဘ၀အမြင်ကိုပဲ ဆက်ပြောပြပါဦး **
* လူတွေဟာ အသက်ကြီးတယ်ငယ်တယ် မဟုတ်တော့ဘူးကွ အခုလို ဆုတ်ကပ် ကာလမှာ
လူတော်တော်များများဟာအလုပ်လုပ်မှထမင်းစားရတဲ့ဘ၀မျိုးတွေဖြစ်လာကြရပြီ ။ဟို အရင်ခောတ်ကလို
ဖခင်တစ်ယောက်လုပ်စာကို ကျန်တဲ့ မိသားစုက၀ိုင်းထိုင်စားရတဲ့  ခောတ်ကကုန်သွားပြီကွ
မိသားစု( ၅) ယောက်ရှိရင် အနဲဆုံး (၃) လောက်လုပ်မှ ၀မ်းဝတဲ့ဘ၀မျိုးတွေ ဖြစ်သွားပြီ
လူငယ်လေးတွေကိုလည်းထိမ်းသိမ်းဆုံးမ သွန်သင် တာနဲလာသလို သက်ကြီးရွယ်အိုတွေကိုလည်း
ကူညီဖေးမကျွေးမွေးစောင့်ရှောက်ကြတာလဲနဲလာကြတယ် **
** အဲဒါ ဘာဖြစ်လို့ လဲ ဦးလေးရဲ့ **
** အဲဒါ ငါးပါးသီလဆိုတဲ့  အခြေခံကိုယ်ကျင့်တရားပျက်စီးလာကြလို့ ပဲ
ပွင့်ပွင့် လင်းလင်း ပြောရရင်ကိုယ့်လုပ်ရပ်ကိုတာဝန်မယူတဲ့ မိဘဆိုးတွေနဲ့  မိဘကျေးဇူးကိုမသိတတ်ကြတဲ့သားသမီးဆိုးတွေပေါ်ပေါက်လာကြလို့ ပဲ
မိဘဆိုးတွေကြောင့် သားသမီးတွေ ကိုယ့်ဘ၀ကိုယ်ရုန်းကန်လာကြရသလို သားသမီးဆိုးတွေကြောင့်
မိဘတွေခမျာ လမ်းဘေးရောက်သွားကြရတာပဲ**
** ဟုတ်ကဲ့ဦးလေး **
** အခုလက်ရှိအချိန်မှာတော့ လူငယ် လူလတ် လူကြီး အရွယ်သုံးပါးစလုံးဟာကိုယ်တတ်ထားတဲ့ပညာ
ရပ်အမျိုးမျိုးကိုသုံးပြီး ကိုယ့်ဘ၀တိုးတက်ရေးအတွက် ရုန်းကန် ကျိုးစားနေကြရမှာပဲ ။
အောင်မြင်နေတဲ့သူတွေ ကျဆုံးသွားကြတဲ့သူတွေ ကျဆုံးပေမဲ့ ဆက်ပြီးကျိုးစားနေတဲ့သူတွေ
တချို့ ကျတော့လည်း လက်မြှောက် အရှုံးပေးပြီး ဘ၀ကိုရေစုံမျှောလိုက်ကြတဲ့သူတွေလည်းရှိတယ်**
** ဟုတ်ကဲ့ဦးလေး **
အင်းဦးလေးအမြင်ကို နောက်ဆုံးပြောရမယ်ဆိုရင်တော့ လူ့ ဘ၀လူဖြစ်လာပြီဆိုမှတော့ကိုယ်ရဲ့ 
ဝါသနာနဲ့ ကိုက်ညီတဲ့ အတတ်ပညာကိုသင်ယူပြီးကျိုးစားစေချင်တာပါပဲ . ကြံပြီးသေမယ် ခံပြီးမသေဘူးဆိုတဲ့
စကားလိုပေါ့ကွာ မင်းလည်းမိဘမရှိလို့ အားမငယ်နဲ့  လုံ့ လ ၀ီရိယထား ကျိုးစားပြီးအလုပ်လုပ်
စိတ်ကောင်းလေးထား ကိုယ့်အထက်ကလူတွေကိုသိပ်မကြည့်နဲ့ ကွ ။ ကိုယ့်ထက်နိမ့်ကျတဲ့ လူတွေကိုပဲ
မနားညှာတာကူညီဖေးမတတ်တဲ့စိတ်ကောင်းလေးထားပြီး တတ်နိုင်သမျှ ကူညီရပ်တည်သွားပါလို့ ပဲ
ပြောချင်တယ်ကွာ ။
** ဟုတ်ကဲ့ပါဦးလေး **
** ဒါမှ ကိုယ်လည်းစိတ်ချမ်းသာ သူတပါးလည်းစိတ်ချမ်းသာပြီး မင်းရရှိလာတဲ့  လူ့ ဘ၀ဟာ
လူဖြစ်ကျိုးနပ်လိမ့်မယ်လို့  ဦးလေးထင်တယ် ။
လူသားအားလုံးဟာ ဘ၀ အဆက်ဆက်ကတည်းက
မွေးဖွားပြီးသည်မှသေသည်အထိ လုပ်ယင်းကိုင်ယင်း
တွေးတောကြံဆယင်း အောင်မြင်လိုက်ဆုံးရှုံးလိုက်နဲ့ ပဲ
ဘ၀ရထားကြီးကို စီးနင်းနေကြရတဲ့  ဖြစ်စဉ်ကြီးဟာ
နောက်လည်းရှိနေရဦးမှာပါ ငါ့တူရယ် **
သူငယ်ချင်းအားလုံးကို
ချစ်ခင်လေးစားလျှက်
ကိုမောင်မောင်