ကဲတကယ်ရေးတော့မယ်နော် ခွင့်ပြုချက်ကတော့85ရာခိုင်နှုန်းသေချာနေပါပြီ ။
အချိန်ကား အင်္ဂလန်ဘုရင်မကြီး သွေးဆုံးပြီးကာစအချိန် (မှန်းကြည့်ကြပေါ့)ဘယ်နှစ်ခုနှစ်လောက်လဲ။
ညသည် မှောင်မဲနေ၏ လူတယောက် အမှောင်ကို အားပြုကာတစုံတခုပြုလုပ်နေလေ၏
ထိုသူကား ........
အခြားမဟုတ်ကျွနုပ်တို့ဇာတ်လိုက်ရှော် ဆားပုလင်း မိုင်းနောင်ပင် ရှုလော့ မိတ်ဆွေ ကုန်းကုန်း ကုန်းကုန်းနှင့်
တိုက်တဖက်သို့ကပ်ကာ ပါးစပ်မှလဲ
တောက်... ဒီတပည့်လေးတယောက်မွေးထားပါတယ် အားအားရှိသတင်းပဲ လိုက်စုံစမ်းနေ
ငါ့လိုအေးအေးမနေဘူး ခုတော့ သတင်းရတော့သူကဖျားနေလို့တဲ့ ငါတယောက်ထဲ အင်း ရောက်မှတော့မထူးပါဘူး
ဖမ်းမယ်ကွာ ပရော်ဖက်ဆာ မှော်ဆရာ မကလို့ ဘာကောင်ပဲဖြစ်ဖြစ်
ဒီနေ့ မှော်ဆရာ ကျောက်မြောင်းက ဓါတ်ခန်းမှာရှိတယ်လို့ မောင်အင်း ကဘယ်ကသတင်းရလာတယ်မသိ
ဒီကောင်ကသူတင်းသာစုံစမ်းတတ်တာ လက်တွေ့ဖမ်းဖို့ဆို ဘယ်တော့မှမလိုက်တာ ထားတော့ မောင်အင်းဆိုတာမိုင်းနောင်
လက်တိုလက်တောင်းခိုင်းဖို့ခေါ်ထားတဲ့ချာတိတ်ပါ တပည့်လေးဆိုပါတော့
ကဲ
မိုင်းနောင်လဲရောက်မှတော့မထူးဘူးဆိုပြီးတိုက်ထဲဝင်မယ်လို့ပြင်ပြီး တံခါးကိုပြေးကန်ပါလေရော ဒုံး ဘုန်း အမလေးဗျ
ဒုန်းဆိုတာကတံခါးကိုပြေးကန်တာပါ တံခါးက အတွင်းကလော့မချထားတော့ ဝုန်း ဆိုပြုတ်ကျရော အမလေးဗျဆိုတာက
မိုင်းနောင်အော်သံပါ အော်ပြီးတော့မျက်လုံးလေးကလယ်ကလယ်နဲ့ သေနတ်ကို ဟိုထိုးချိန် ဒီထိုးချိန်နဲ့ အထဲမှာ ဘယ်သူမှမရှိ
တော့ကြောင်တောင်တောင်နဲ့
အင်း စလွဲပြီ ထင်တော့ထင်သားဒီကောင်လဲမယုံရပါဘူးလို့
သူတပည့်ကျော်ကိုအုပြစ်တင်နေတာပါ မတ်တတ်ရပ်လိုက်ပြီး
အား ကျွတ်ကျွတ် မြီှးညှေင့်ရိုးကိုအောင့်သွားတာပဲ သေနတ်ကိုအိတ်ထဲပြန်ထည့်ရင်း တိုက်ထဲဝေ့ကြည့်လိုက်ပြီး။
ဟင် မီးရောင်
အခန်းထဲကထွက်နေတဲ့မှုန်ပျပျမီးရောင်ကို ကြည့်ပြီး
အဟင်း တွေ့ကြပြီပေါ့ ပရော်ဖက်ဆာ မှော်ဆရာရယ်
ဒီလောက်ဆိုသေနတ်တောင်မလိုဘူး မိုင်းနောင်လေ အခန်းထဲဝေ့ကြည့်တော့ သံပိုက်တလုံး မိုင်းနောင် ခြေထောက်နဲ့
အသာဆကြည့်ပြီး မြှောက်လိုက်တယ် ကတောင် အား
ကွက်တိ နှဖူးကို မိုင်းနောင်လေသိတယ်မလားအဲ့လိုတော်တာ
ရုပ်တည်နဲ့ဘယ်ညာဝေ့ကြည့်ပြီး သံတုတ်ကိုကုန်းကောက်ရော (စောစောထဲကအဲလိုကောက်ရင်ပြီးရောနော်)
နဖူးတော့နဲနဲဖုသွားတယ် အခန်းကဖွင့်ထားတော့ အလွယ်တကူပဲ အခန်းဝရပ်ပြီး(ခါးထောက်ပြီး)
ကဲ မှော်ဆရာ ခင်များကို နိုင်ငံခြားကိုတရားမဝင် လျှက်ဆား ခိုးထုတ်မှုနဲံဖမ်းလိုက်ပြီ ထွက်ပြေးဖို့မကြိုးစားပါနဲ့
ဟိုကတရားထိုင်နေရာကထွက်ပြေးဖို့မပြောနဲ့ လှည့်တောင်မကြည့် ခဏနေတော့လှည့်ကြည့်ပါတယ် ဒါပေမယ့်။
ဆံပင်ရှည်ရှည်မုတ်ဆိတ်ပသိုင်းမွှေးပရဗြစ်နဲ့ မှော်ဆရာဆိုတာဆံပင်တိုတိုမျက်နှာခပ်ချောချောပါသန့်သန့်နဲ့ပါ
(ဒီလိုရေးရင်မှော်ဆရာမှ ဘောင်းဘီဝယ်ပေးမယ်လို့ကတိပေးထားပါသည်)
ဘာဖြစ်လဲ မှော်ဆရာဆိုတာရုပ်ပြောင်းရုပ်လွှဲလဲတတ်တာပဲ
ကဲ မှော်ဆရာ ခင်များကိုဖမ်းလိုက်ပြီ ဟင် ဦး လေးကိုလား
ဟုတ်တယ်လေ ဘာတွေကြောင်ကြည့်နေတာလဲ လာ သွားမယ်
ဟိုလေ ဦးကမှော်ဆရာမဟုတ်ပါဘူးကွယ် လူမှားတာနေမှာပါ နော်
အံမယ် ခင်များကဗြောင်လိမ်တယ်ပေါ့
အင် တကယ်ပြောတာပါငါ့တူရယ် ဦးလေးကလက်ဖက်ရည် ဆိုင်ကဖျော်ဆရာပါ
ဟားဟားသူများတွေပဲရမယ် မိုင်းနောင်ဗျ ခင်များကရုပ်ဖျက်ရုံမဟုတ်ဘူးနာမည်ပါပြောင်းထားတယ်ပေါ့ ဟင်
ကဲ ခင်များကိုပေါ်ကအရေခွံကျုပ်ခွာပြမယ် လာလေရော့ ဆံပင်အတု မုတ်ဆိတ်အတု ကဲကွာ ကဲကွာ
အောင့်မငေးဗျ ဟေ့ကောင်မင်းဘာလုပ်တာလဲနာတယ်လွှတ်စမ်း
ဟားတော်တော်ရုပ်ဖျက်ကျွမ်းတာပဲ တကယ့်အစစ်တွေပျနေတာပဲ မိုင်းနောင်ကိုတော့ လိမ်လို့မရဘူး
ဟာ အစစ်တွေပါဆိုကွာ လွှတ်နော်ဟေ့ကောင်
မိုင်းနောင်ကလဲအလျှော့မပေး ဆံပင်တွေမုတ်ဆိတ်တွေကို တအားစောင့်စောင့်ဆွဲ အစစ်တွေဆိုတော့ဟိုကကုန်းအော်
ဟာမှော်ဆရာမဟုတ်ပါဘူးဆိုနေ ငါ့အိမ်ပေါ်တတ်ပြီးငါ့ကိုအနိုင်ကျင့်နေတယ် တောက်
မိုင်းနောင်ဆွဲနေရင်းနဲ့သံသရဝင်လာရော
အင်း ဒီလောက်ဆွဲတာတောင်မပြုတ်မှတော့အစစ်တွေပဲနေမှာ လွဲပြန်ပြီ ဒီတိုင်းပြန်လွှတ်ရင်ငါ့ကိုသေချာပေါက်ပြန်ဆော်မှာပဲ
မထူးပါဘူး မှော်ဆရာမဟုတ်လဲဖမ်းမယ်ကွာ ရုံးရောက်မှကြည့်ရှင်းတာပေါ့
ဂျလောက် (လက်ထိပ်ခတ်သံ)
ဟာဘာလုပ်တာလဲဟေ့ကောင် ငါမှော်ဆရာမဟုတ်ပါဘူးဆိုနေ အီး ဟီးဟီး
တိတ်စမ်း မှော်ဆရာပဲဖြစ်ဖြစ် ဖျော်ဆရာပဲဖြစ်ဖြစ် ရုံးရောက်မှရှင်းနာငြီးတယ်
မိုင်းနောင်တယောက် မှော်ဆရာမဟုတ်သောဖျော်ဆရာအားထမ်းကာ တိုက်ခန်းမှကော့ပက် ကော့ပက်ဖြင့်ထွက်ခွာသွားလေ၏။
နားပြီဟေး နောက်မှဆက်ဖက်နော်
ရယ်မောခြင်းဖြင့် ပါးစပ်ပြဲနိုင်ကြပါစေ
( ဆြာပြည့်)