ms - “ မြင့်မြတ်တဲ့မိန်းမတစ်ယောက်ဆီမှာ ”
*******************************
မြင့်မြတ်တဲ့မိန်းမတစ်ယောက်ဆီမှာ အကောင်းဆုံးယောကျာ်းတယောက်ကို
ဘ၀လက်တွဲဖော်အဖြစ်ရွေးချယ်ဖို့အတွက် အချိန် ၊ ဂုဏ်သိက္ခာနဲ့
ကိုယ့်ရင်ခုန်သံတွေကို တရင်းတနှီးအထိ့ကပ်ပြီး အဆန်းသပ်မခံကြဘူး သူ့အပြုအမှုနဲ့သူ့စရိုက်ကိုကြည့်လိုက်ယုံနဲ့ ထိုက်တန်တဲ့ယောကျာ်းဟုတ် ၊မဟုတ်ဆိုတာ သိ့နိင်စွမ်းရှိကြတယ် ။
မြင့်မြတ်တဲ့မိန်းမတယောက်ဆီမှာ ကိုယ့်ကိုမြတ်နိးစွာချစ်တတ်တဲ့ချစ်သူ
အတွက် အတတ်ပညာနဲ့အလှဂုဏ်သိက္ခာကိုအချိုးစားညီစွာအသုံးချတတ်
ကြတယ် ။ “ ငါ ” ဆိုတဲ့အတ္တနဲ့မာနကို ချစ်သူအတွက်ဘယ်တော့မှအဆိပ်
ဖြစ်မသွားစေချင်တဲ့ဆန္ဒမရှိသလို လက်နက်အဖြစ်လဲအသုံးမချတတ်ကြဘူး။
မြင့်မြတ်တဲ့မိန်းမတယောက်ဆီမှာ မိန်းမသဏ္ဍန်ပီသစွာနဲ့နုညံ့တဲ့အလှတရား
ကို မြတ်နိုးစွာပြင်ဆင်တတ်ကြပေမဲ့ နံ့သာတင်ထားတဲ့ပါးပြင်ဟာ
ချစ်သူရဲ့အမြင်မှာတင့်တည်ဖို့ပဲ အဓိကစိတ်ကူးထားကြတယ် ။ ယောကျာ်း
တကာကိုညှို့ယူဖို့စိတ်ကူးမရှိကြဘူး ။
မြင့်မြတ်တဲ့မိန်းမတယောက်ဆီမှာ ချစ်သူရဲ့ဆင်းရဲဒုက္ခမှန်သမျှကို ပပျောက်
သွားစေချင်တဲ့စိတ်စေသနာလေးအမြဲရှိသလို ကိုယ်ဆင်းရဲဒုက္ခမှန်သမျှကို
လဲဝန်းခံစကားဆိုချင်ကြတယ် ။ “ ငါဖြစ်ငါခံ နင်ဖြစ်ရင်လဲနင်ခံ ” ဆိုတဲ့
စုန်းကဝေလိုစိတ်ဓာတ်မျိုးဟာ ချစ်သူတွေဆီမှာမရှိဘူး ။
မြင့်မြတ်တဲ့မိန်းမတယောက်ဆီမှာ ကိုယ့်ချစ်သူအထင်မလွဲစေဖို့
အတတ်နိင်ဆုံးရိုးရှင်းတဲ့ဘ၀ကိုထိန်းသိမ်းရင်း ကိုယ့်ချစ်သူကိုလဲဘ၀ကို
ရိုးသားစွာနဲ့ရှင်သန်စေချင်ကြတယ် ။ “ သူလဲသူသမိုင်းရေး ငါလဲငါ့သမိုင်း
ရေးမယ် ၀င်ရောက်စွတ်ဖတ်ခွင့်လုံးဝမရှိ ” ဆိုတဲ့တဖတ်သက်ဆန်တဲ့အတ္တစိတ်
မျိုးမရှိဘူး ။ အဲဒါကိုအချစ်လို့လဲမခေါ်ဆိုနိင်ဘူး ။ ခံစားချက်မဲ့စွာနဲ့
လူနှစ်ဦးတွေ့ဆုံခြင်းသက်သက်သာဖြစ်တယ် ။
ရိုးသားစွာနဲ့ရှင်သန်စေချင်ကြတယ် ။ “ သူလဲသူသမိုင်းရေး ငါလဲငါ့သမိုင်း
ရေးမယ် ၀င်ရောက်စွတ်ဖတ်ခွင့်လုံးဝမရှိ ” ဆိုတဲ့တဖတ်သက်ဆန်တဲ့အတ္တစိတ်
မျိုးမရှိဘူး ။ အဲဒါကိုအချစ်လို့လဲမခေါ်ဆိုနိင်ဘူး ။ ခံစားချက်မဲ့စွာနဲ့
လူနှစ်ဦးတွေ့ဆုံခြင်းသက်သက်သာဖြစ်တယ် ။
မြင့်မြတ်တဲ့မိန်းမတယောက်ဆီမှာ ကိုယ့်ကိုကိုယ်ယုံကြည်မှု့တွေဘယ်
လောက်ပဲလွန်ကဲနေပါစေ ကိုယ့်ရဲ့ယုံကြည်မှု့နဲ့ချစ်သူကိုဘယ်တော့မှ
နှိမ့်ချပြီးမဆက်ဆံကြဘူး ။ ကိုယ်ယုံကြည်မှု့ကိုထိ့လာရင် ဆက်ဆက်ထိ့
မခံတော်လှန်တတ်တဲ့ မိန်းမမျိုးလဲမဟုတ်ဘူး ။
တကယ်တော့ ကမ္ဘာလောကတခုလုံးကိုအုပ်စိုးနိင်တဲ့မိန်းမတယောက်ဖြစ်
ခဲ့ရင်တောင် ကိုယ့်ချစ်သူ ၊ ကိုယ့်လင်းရဲ့စေသနာစကားတွေကို
အမြဲအလေးထားပြီးဆက်ဆံရမှာပါ ။ အမှန်တရားဆိုတာတချိန်ချိန်မှာ
မလွဲဧကန်ပြန်ပေါ်လာမှာဖြစ်တဲ့အတွက် နားလည်မှု့တွေနဲ့အတူသစ္စာရှိစွာ
ပေါင်းသင်းနေထိုင်တာဟာ အဲဒ်ီမိန်းမအတွက် ကံအကောင်းဆုံးသော
ဆုလာဒ်တခုကိုပိုင်ဆိုင်ခွင့်ရလိုက်တာနဲ့အတူတူပါပဲ . . . ။ ။
= ( မာယာမဲ့စွာဖြင့်နေထိုင်သော ) မြန်မာမိန်းကလေးတိုင်းအတွက်
လေးစားစွာဖြင့်ရေးဖွဲ့ပါသည် ။
(¨`·.·´¨)
.`·.¸(¨`·.·´¨)
(¨`·.·´¨)¸.·´
.`·.¸.·´
(¯`v´¯)
`*.¸.*´
¸.•´¸.•*¨) ¸.•*¨)
(¸.•´ (¸.•´ .•´ ¸¸.•¨¯`•. ( နှလုံးသားဖြင့်ရင်း၍ ) - မင်းဆက်ဆက်ခ