☺☺☺ မမခရေ ကိုမေးပါ.. ဖြေပေးမှာ ☺☺☺
မင်္ဂလာပါရှင့် ……..
ရွှေမြို့ တော် နေ မောင်နှမ သူငယ်ချင်း များ အားလုံးကို မမ ခရေ ကနေ နှုတ်ခွန်းဆက် သလိုက်ပါတယ်။
ဒီတပတ်ရဲ့  မမခရေအမေးအဖြေကဏ္ဍလေးကနေ ဖြေကြားဖို့  ရောက်လာတယ့် မေးခွန်းလေးကတော့
ရွှေမြို့ တော်ရဲ့  အထူးမန်ဘာ ၊ ကဗျာဥယျာဉ် မှ အက်မင် ဖြစ်သော ၊ အချစ် ၊ အလွမ်း ၊ မော်ဒန် စွယ်စုံရ ကဗျာဆရာ … စာရေးဆရာ လေး စာဂဘဝင် ရဲ့  မေးခွန်းလေးပါ…………..
မေးလာတယ့် မေးခွန်း လေး ကတော့……..
‘’’’’’’’’’’’’’’’’ စာဂဘဝင်’’’’’’’’
ဆိုတယ့် အဓိပ္ပာယ် ။ ဘာကိုဆိုလိုတယ် ဆိုတာကို မေးထားတာပါ။။။
အမှန်တော့ ခရေက အမေးအဖြေက တော့ အချစ်ဆိုင်ရာ မေတ္တာ ဆိုင်ရာတွေပဲ ဖြေဖို့  လုပ်ထားတာပါ.. ဒါပေမယ့် စာဂဘဝင်ကမေးလာတော့ ခရေ တတ်နိုင်သလောက် ကြိုးစားဖြေထားပါတယ် ….
စာဂဆိုသည်မှာသန့်ရှင်းစင်ကြယ်သောစိတ်ရှိရမည်တွန့်တိုမှုမရှိသော ပေးကမ်းစွန့်ကြဲမှုရှိရမည်။ လှူဒါန်းမှုနဲ့မပြတ်သော လက်ရှိရမည်။ လှူဒါန်းမှု၌ မွေ့လျော်ရမည်။ အလှူခံပုဂ္ဂိုလ်တို့နှင့် ယှဉ်တွဲမှုရှိရမည်။ ဤအချက်များနှင့် ပြည့်စုံသောသူကို စာဂနဲ့ပြည့်စုံသောသူဟူ၍ ခေါ်ပါသည်။
“စာဂ”
စွန့်ကြဲပေးကမ်းသည်ဆိုသည်မှာ ဒါနအမှုကို ပြုလုပ်ခြင်းပင် ဖြစ်ပါသည်။ ဒါနကုသိုလ်ပြုလုပ်ရာတွင် စေတနာဒါန ၀တ္ထုဒါနဟု နှစ်မျိုးရှိပါသည်။ ဆွမ်းသင်္ကန်းစသော လှူဖွယ်ပစ္စည်းများသည် ၀တ္ထုဒါနဖြစ်၏။ ထိုဝတ္ထုများကို စွန့်ကြဲပေးကမ်းလှူဒါန်းနေသောအခါ မိမိ၏စိတ်သန္တာန်၌ ဖြစ်ပေါ်နေသော စေတနာသည် စေတနာဒါနဖြစ်ပါသည်။
ဘဝင်ဆိုတဲ့  အဓိပ္ပာယ်လေးကတော့ နှလုံးသွင်းခြင်း .. စိတ်နေသဘောကို ဆိုလိုခြင်း ဖြစ်မယ်လို့ ထင်ပါတယ်။ လူအများပြောနေကြစကား
“”””””ဘဝင် မမြင့်နဲ့ ”””””””
ဆိုတယ့် စကားကို ကြည့်ခြင်းအားဖြင့် ဘဝင်ဆိုသည်မှာ စိတ်ကို ပြခြင်း စိတ်သဘောကို ဆိုလိုခြင်း သက်ရောက်မည် ဖြစ်သည်။
ဒီတော့ စာဂဘဝင် ဆိုတယ့် စကာားလုံးလေးကို အဓိပ္ပယ် ဖွင့်ဆိုမယ် ဆိုရင်တော့ ရိုးရိုးရှင်းရှင်းလေးပါပဲ..
လှုဒါန်းစွန်ကြဲလိုတယ့် စိတ်…
စွန့် ကြဲပေးကမ်းချင်တယ့် စိတ် ..
သဘောကို ဆိုလိုမယ်ထင်ပါတယ်။
စာဂ ဆိုကတည်းက စိတ်က ပါနေပြီးသားပါ……စာဂ စွန့် ကြဲပေးကမ်းသည်။ စွန့် ကြဲပေးကမ်းသည့်စိတ် တခုတည်းကို ပဲ ဆိုလိုမယ် .. အဓိပ္ပယ်ရောက်မယ် လို့  ထင်ပါတယ်။
ခရေ အတတ်နိုင်ဆုံး နဲ့ အရှင်းဆုံး အဖြေလေးကို ဖြေပေးထားပါတယ်။ ခရေ ကလည်း တကယ်တော့ ပညာရှင်ကြီး မဟုတ်ပါဘူး။ ရွှေမြို့ တော် ထဲမယ် ဝါသနာ ပိုးက ထိန်းမရလို့ သာ စာလေးတွေရေးနေ ခြင်းဖြစ်သောကြောင့် …
မောင်လေး စာဂဘဝင်ရဲ့  အမေး
‘’’’’’’’’’’’’’’’ စာဂဘဝင် ၏ အဓိပ္ပယ် ‘’’’’’’’’’’’’’’’’’’
ဆို တယ့် မေးခွန်းလေးကို ဖြေကြားပေးလိုက်ပါတယ် ။ အမှားပါခဲ့ရင်လဲ တောင်းပန်ပါတယ်။
စာဖတ်သူများကလည်း သိခဲ့တယ့် အဖြေလေးများ ရှိခဲ့ရင် မျှဝေနိုင်ပါတယ်လို့ ………….
ကျေးဇူးအထူးတင်ရှိပါတယ်…………………
ခရေ
(ကြိုးစားပါအုံးမည်)
။။။ ကိုယ်ပိုင်ရေး ဘလော့ပိုစ် ။။။