အပိုင်း ( ၅ )
စာမေး ပွဲအောင်စာရင်းထွက်တော့……ကျမတို့ (၃)ယောက်စလုံးအောင်ပါသည်……
(၃)ဦးစလုံး B.Tech ဆက်တက်ခွင့်ရသည်…ကျမချစ်ရပါသောမောင်တစ်ယောက်သာအဝေးမှာရောက်နေသည်
လာမည့်စာသင်နှစ်တွင်ကျမနှင့်ကျော်စွာနှစ်ယောက်သာကျောင်းတက်ရတော့မည်….လွမ်းတယ်မောင်…………
မောင်မရှိတဲ့အရပ်မှာအမှတ်ရစရာလေးတွေမြင်တိုင်းမျက်ရည်မကျဖြစ်အောင်ကျမကြိုးစားရတော့မည်………….
နူးညံ့စွာချစ်တတ်သောမောင်….စာနာတတ်ပါသောမောင်….တစ်ဦးတည်းချစ်ရပါသောမောင်……….
မောင့်အကြောင်းတွေးလိုက်တိုင်းရင်မှာမွန်းကြပ်သလိုခံစားရသည်…..မတွေးဘဲလည်းမနေနိုင်ပါ…………………
အဝေးရောက်ချစ်သူ…သီချင်းကိုကြားရတိုင်းဒီသီချင်းသံနှင့်ဝေးရာကိုကျမရှောင်ပြီး..သွားငိုနေတတ်ပြီ………….
အွန်းလိုင်းပေါ်မှာမောင်နှင့်တစ်ပါတ်ကို(၃)ကြိမ်လောက်တော့အနည်းဆုံးဆုံသည်….မောင်BPer ဝင်ခွင့်ဖြေဆို…
အောင်မြင်ပြီဖြစ်ကြောင်း….online..ကတက်ရတာဖြစ်ကြောင်း….ကျမကိုလည်းအချိန်နှင့်အမျှလွမ်းနေရကြောင်း
စာတွေကခက်သော်လည်းယခုတော့လည်းလိုက်နိုင်ကြောင်း…critical thinkingတွေကိုဦးစားပေးကြောင်း……..
စိတ်အားထက်သန်စွာမောင်ပြောပြသည်……………………..။
ကျော်စွာကျမတို့အိမ်ကိုအလာစိပ်လာသည်…မိဘချင်းကလည်းရင်းနှီးသည်သူ့မိဘတွေလည်းမကြာခဏလာ..
လည်သည်….ကျမကိုလည်းသမီး…သမီးနှင့်ခဏခဏခေါ်သည်…..ကျမအဖေကိုလည်းကိုအောင်မွန်ရေ……….
ကျနော်တော့သမီးတော်ချင်နေပြီဟု…စပြောပြောလာလျင်…ကျမအကြောင်းတစ်ခုပြ၍အမြဲရှောင်ထွက်သည်…
တစ်နေ့က…အိမ်ကိုကျော်စွာလာလည်တော့…ကျမကို…မွန်…ငါ့စိတ်ကိုအရင်ကတည်းကမြင်အောင်မကြည့်….
ခဲ့တာလား….ဟုပြောတော့ကျမချက်ခြင်းတုန့်ပြန်သည်…နင်ငါ့ကိုမွန်..လို့ခေါ်ခွင့်မရှိဘူး..မွန်..ဆိုတာငါ့ချစ်သူ..
တစ်ယောက်သာခေါ်ခွင့်ရှိတယ်…နောက်မခေါ်ပါနဲ့…ငါ့ရင်ထဲမှာနင့်ကိုသူငယ်ချင်းအရင်းတစ်ယောက်လိုရှိတယ်
ဒီထက်လည်းမပိုဘူး…..ဒါဆိုလျင်ယုယလို့ခေါ်လျင်ကောရမလားဟုဈေးဆစ်ပြန်သည်…မွန်..လို့မခေါ်ရင်ရတယ်
လို့ကျမပြောတော့….အိုကေငါကျေနပ်တယ်ငါလည်းသူများခေါ်တာကိုမခေါ်ချင်ဘူး…ပြောသည်ကျမကိုစူးနစ်..
စွာကြည့်၍ငါပြန်မယ်ဟုပြောသည်…ကျမခေါင်းညိတ်ပြသည်……..။
အချစ်နှင့်စစ်မှာ..မတရားတာမရှိဆိုသည့်စကားသည်…ကျနော်ဆိုသည့်ကျော်စွာအတွက်ကတော့ခွန်အားတစ်
ရပ်အားဆေးတစ်လက်ပင်ဖြစ်သည်…ယုယကိုကျနော်တကယ်ချစ်သည်…ရအောင်ယူမည်ဟုဆုံးဖြတ်သည်…
ယုယဘယ်လိုဘဝမျိုးကိုပဲရောက်ရောက်ကျနော်လက်တွဲဝံ့သည်….
ဖေဖေ..မေမေတို့ကိုကျနော်အပူကပ်တော့သည်…ကျောင်းပြီးလျင်..ယုယကိုလက်ထပ်လိုကြောင်း…လူကြီးချင်း
ကြိုတင်ပြောဆိုပေးထားဖို့ပြောတော့ကျနော့မိဘတွေကယုယလေးကိုမေမေတို့လည်းသဘောကျပါတယ်……
ကိုအောင်မွန်တို့ကလည်းအကြောင်းသိတွေဆိုတော့အထူးပြောစရာမလိုပါဘူး…….ကျနော်က…ဒါဆိုလည်း….
ယုယမရှိတဲ့အချိန်မှာပြောကြပါသူမသိစေချင်ဘူး…သိသွားရင်အနေခက်မှာစိုးလို့ပါ…B.Tech ပြီးလျင်တော့…..
စေ့စပ်ပွဲလေးဖြစ်ချင်ပါတယ်…ဒီကြားထဲမှာသားတို့သူငယ်ချင်းလိုပဲနေချင်ပါတယ်…..မေမေက…ဒီသားလေးကို
ခလေးလေးလို့ထင်ထားတာ…တစ်ဦးတည်းသောသားလေးအတွက်မေမေနဲ့ဖေဖေကရှိသမျှစည်းစိမ်ကိုပုံအော..
ပြီးသားလေးစိတ်ချမ်းသာအောင်ဆောင်ရွက်ပေးမှာပါ..ပညာကိုသာကြိုးစားသင်…သမီးလေး..ယုယကလည်း..
သားလေးကိုငြင်းမယ်မထင်ဘူးငယ်ပေါင်းတွေလေလို့မေမေပြောသည်……။
မေမေကသာမငြင်းဘူးထင်နေတာ….ငြင်းယုံမက..ထုတ်ပယ်ခံထားရတာဟုအတွေးထဲမှာပြောဖြစ်သည်………
ကျမတို့နည်းပညာကျောင်းပြန်ဖွင့်ပြီ…..ကျမအခက်အခဲတစ်ခုကိုစတင်ရင်ဆိုင်ရသည်…အရင်ကကျောင်းကို
ကျမလိုင်းကားဖြင့်သာတက်သည်….ယခုတော့မေမက….ကျော်စွာ၏ဆိုင်ကယ်နှင့်အတူလိုက်ရန်ပြောသည်
ယခင်အတိုင်းသာလိုင်းကားဖြင့်သွားလိုကြောင်းပြောသည်…မရပါ..ကျမအလွန်ပင်စိတ်ရှုပ်ခဲ့ပါပြီး…………..
ပထမနေ့ကျောင်းစတက်စဉ်မှာပင်ပြဿနာကစသည်…..ကျော်စွာ့ဆိုင်ကယ်နှင့်ကျောင်းကိုလိုက်ခဲ့ရသည်…
ကျောင်းကိုရောက်တော့….ကျောင်းသားတစ်ချိုကနောက်ပြောင်သလိုပြောသည်…တစ်ချို့ကောင်မလေးတွေ
ကဆိုင်ကယ်ရှိမှချစ်လို့အဆင်ပြေတာ…ငါလည်းချစ်သူတစ်ယောက်ရဖို့ ..ဆိုင်ကယ်တစ်စီးလောက်တော့….
အိမ်ကိုဝယ်ခိုင်းဦးမှ….ကောင်မလေးလှလှလေးကိုတင်ဖို့ဟုပြောသည်…ကျမရင်တွင်းမှာ…ခံပြင်းသော်လည်း
ပြန်လည်တုန့်ပြန်လျင်…နောက်တစ်ကြိမ်ပိုပြောကြလိမ့်မည်….ကျော်စွာကိုသာမျက်စောင်းတစ်ချက်ထိုး၍….
ကျမကျောင်းခန်းဖက်ကိုထွက်ခဲ့တော့သည်…..မောင့်ဆိုင်ကယ်နောက်ကကျမလိုက်ဖြစ်ခဲ့၍ သည်လိုအပြော
ခံခဲ့ရလျင်….မောင့်ကိုမျက်စောင်းမထိုးဖြစ်မှာကတော့အလွန်ပင်သေချာလှသည်…….။
ကျနော်တို့မိသားစုမဲဆောက်မှာအိမ်ငှားနေသည်…Bridge Program ၏ BPer အဖြစ်အွန်လိုင်းကနေတက်ရ
သည်……ခုလောက်ဆိုနည်းပညာကျောင်းပြန်ဖွင့်နေပြီ…သူတို့ကျောင်းတက်ကြပေတော့မည်…တက်ခဲဖူးသော
နည်းပညာကျောင်း…သူငယ်ချင်းတွေနှင့် တစ်ဦးတည်းသောချစ်သူလေးမွန်ကိုတမ်းတမိလေသည်…………….
ရာသီပြောင်းလို့ဆောင်းရောက်ပြီမွန်…..နှင်းကလေးတွေကျနေပြီ….ရင်ထဲကလွမ်းနေတဲ့အပူရုပ်ကို……………
ဆောင်းရဲ့သရုပ်ကမဖုံးအုပ်နိုင်တော့ဘူး…သတိရစိတ်တွေလွန်ကဲလာတဲ့အခါ…ရင်ထဲမှာကဗျာလိုဖြစ်တည်
လာ….laptop..ကိုဖွင့်online နဲ့ချိတ်ဆက်…မွန့်ဆီကိုကဗျာလေး..ရေးပို့လိုက်မိတယ်။
“ သည်ဆောင်းရောက်လျင် “
နံနက်ခင်းလင်းစ….အိပ်ယာကနိုးထ
ငွေနှင်းမှုန်ဖွဲဖွဲကျ …သည်ဟေမန္တဆောင်းရောက်ခဲ့ပြီ
မြောက်ပြန်လေစ.. ကောင်းကင်လနှင့်
အာသာဝဏီ………ယှဉ်လာညီသော်
ရာသီတူခွင်……….ရေပြင်လှတင့်
ငါးငါးစွင့်စွင့် ကြာမျိုးစုံပွင့်
မြူလည်းကြွေလွင့် မပွင့်နေခြည်
ဆီးနှင်းကျချမ်း ပန်းတို့လန်းမည်
ရာသီပွင့်ပန်း နန်းထိုက်တော်ဝင်
ပန်းသဇင်မွှေး မြောက်လေအေးစ
ခဝဲ၊သရဖီ၊ဂမုန်းပန်းမွှေး…ချစ်သူလေးဖို့ပေးချင်သည်
ချမ်းမြအေးကျင် သည်ဆောင်းရောက်လျင်
မြင်ချင်လျက်နှင့် ကြင်ခွင့်မရ
ရွှေမြန်မာက ချစ်သူလှသို့
ပိုက်ထွေးတူစုံ ပျော်ရတုံမူ
မခြုံသော်မျှနွေးတော့မည်…မဆုံသော်ကဆွေးတော့သည်….။.မောင်…မြင့်မြတ်သူ…(အဝေးရောက်ချစ်သူ)
မေမေကသမီးကိုပြောစရာရှိတယ်….မေမေတို့အခန်းထဲကိုလိုက်ခဲ့ပါဟုပြောသည်….ဖေဖေကတော့ရွှေဆိုင်
ထိုင်နေသည်…ကျောင်းပိတ်ရက်မို့…..အိမ်ဖေါ်မလေး..မိနှင်းရယ်..မေမေရယ်…ကျမရယ်..သုံးယောက်သာ
ရှိနေသည်………အိပ်ခန်းထဲရောက်တော့အိပ်ယာပေါ်မှာထိုင်စေပြီးစကားစသည်…….
ပြီးခဲ့တဲ့(၂)ရက်ကမောင်ကျော်စွာတို့မိဘတွေအိမ်ကိုလာတယ်….သမီးနဲ့မောင်ကျော်စွာကိုကျောင်းပြီးရင်
လက်ထပ်ပေးစေချင်တယ်တဲ့….B.Tech ပြီးရင်စေ့စပ်ပွဲလေးလုပ်ထားချင်တယ်တဲ့…B.E ပြီးရင်တော့လက်
ထပ်ပေးဖို့ကမ်းလှမ်းပါရစေတဲ့…သမီးဖေဖေကတော့သဘောမတူစရာတော့မရှိပါဘူးတဲ့..သမီးလေးသဘော
သာမေးရမှာတဲ့….သမီးဆန္ဒကိုမေမေသိချင်လို့ခေါ်မေးတာ…..။
ကျမ…မောင့်မျက်နှာကိုချက်ခြင်းမြင်ယောင်သည်….လုံးဝမဖြစ်နိုင်ဘူးမေမေ..သမီးသူ့ကိုလက်ထပ်မှာမဟုတ်
ဘူး….သူငယ်ချင်းလိုဘဲခင်တယ်မေမေ….သမီးသဘောမတူနိုင်ဘူးမေမေ……..
မေမေနဲ့ဖေဖေလည်းလူကြီးခြင်းသဘောတူလို့ယူခဲ့ကြတာလေသမီး…နောက်တော့လည်းချစ်သွားတာပါဘဲ
သမီးရယ်ဟုမေမေပြောသည်….ကျမပြောင်ဖွင့်ပြောမှရတော့မည်….ကျမခဏစဉ်းစားသည်…..
သမီးမှာချစ်သူရှိနေပြီမေမေဟု…ခေါင်းငုံ့လျက်ပြောမိသည်……မေမေက..အလို…ဘယ်ကလည်း..ဘယ်သူ
လည်းဟုရင်ကိုဖိ၍မေးသည်….မြင့်မြတ်သူပါမေမေ…….ဗိုလ်ကြီးဟောင်းတစ်ယောက်ရဲ့သားဆိုတာမဟုတ်
လား…မိသားစုတွေနိုင်ငံခြားကိုထွက်သွားကြတယ်ဆိုတာလေ…ဟုတ်ပါတယ်မေမေမြင့်မြတ်ကသူ့စိတ်ကြိုက်
ပညာရေးလမ်းကိုရွေးချယ်ပြီးထွက်သွားတာပါ…နောက်(၅)နှစ်ကြာရင်လက်ထပ်ကြဖို့ကတိပေးထားတယ်…
မေမေ……။ မောင်ကျော်စွာဆိုတာကသမီးရဲ့သူငယ်ချင်းငယ်ပေါင်းလေတစ်ယောက်အကြောင်းတစ်ယောက်
သိကြပြီးသား…ပညာရော..ဥစ္စာရောပြောစရာမှမရှိတာ…သူ့မိဘတွေကလည်း..မေမေတို့နဲ့လုပ်ငန်းတူတွေ
အချစ်ဆိုတာကိုစိတ်ကူးမယဉ်နဲ့သမီး..ဘယ်အချိန်မှရောက်လာမယ်မသေချာတဲ့လူတစ်ယောက်ကိုသမီးယုံ
ကြည်နေလားသစ္စာရှိနိုင်မယ်လို့….သမီးဖေဖေကမောင်ကျော်စွာကိုသဘောကျတယ်လို့မေမေ့ကိုပြောတယ်
တစ်ဦးတည်းသောသားနဲ့တစ်ဦးတည်းသောသမီးတဲ့အနှောင်အဖွဲ့တွေလည်းကင်းတယ်တဲ့….
မြင့်မြတ်တို့ကလည်းမောင်နှမနှစ်ယောက်တည်းရှိတာပါမေမေ… သူ့ညီမလေးတစ်ယောက်ရန်ကုန်မှာစီးပွားရေးတက္ကသိုလ်တက်နေပါတယ်….
သမီးတို့လောက်မချမ်းသာသလိုဆင်းရဲနေတာလည်းမဟုတ်ဘူးမေမေ…သိပ်နားလည်မှုရှိကြတဲ့ပညာ
တတ်မိသားစုလေးပါ……သမီးဆုံးဖြတ်ချက်တွေမစောပါနဲ့ဟုမေမေပြောပြီးထသွားသည်….။
တွေ့မယ်ကျော်စွာ…ချစ်သူရှိနေတာသိလျက်သူတစ်ပါးအချစ်ကိုလုယူချင်တာ……….။
နောက်တစ်နေ့မနက်ကျောင်းသွားရန်ကျော်စွာဆိုင်ကယ်နှင့်လာခေါ်သည်…ကျမစကားတစ်လုံးမှမပြောဘဲ
နောက်ကလိုက်လာသည်…မိုးလေဝသအဝိုင်းကိုကျော်လာတော့ကျော်စွာစကားစသည်။..ယုယ..တယ်ငြိမ်
ပါလားဟုစကားစသည်….ကျမမဲ့ပြုံးတစ်ချက်ပြုံးသည်…နင်ငါ့စကားကိုတကယ်ကြားချင်သလားဟုမေး
တောာ့အမြဲကြားချင်ပါတယ်ဟုပြောသည်…ကြားချင်ရင်လည်းပြောပြရတာပေါ့…ပုသိမ်တက္ကသိုလ်ရှေ့က
ယူနီစံစားသောက်ဆိုင်ကိုမောင်း….ငါဒီနေ့ကျောင်းမတက်တော့ဘူး…နေ့တစ်ဝက်လောက်ဆိုငါ့ကိုအိမ်ပြန်
ပို့…နင့်မိဘတွေသားရေးသမီးရေးကိစ္စငါ့ဖေဖေနဲ့မေမေကိုလာပြောတယ်…..နင့်ကိုငါမေးစရာတွေရှိတယ်။
အိုကေလေဟုပြောပြီး…ရွှေရုပ်စုံလမ်းဆုံအရောက်တွင်ပုသိမ်တက္ကသိုလ်ဖက်သို့ဆိုင်ကယ်ကိုကွေ့သည်…။
ယူနီစံ…စားသောက်ဆိုင်ရောက်တော့သံပုရာရည်နှစ်ခွက်ဟုကျော်စွာမှာသည်ကျမကငါ..Sparkling…
ပဲသောက်မှာလို့ပြောတော့စားပွဲထိုးကောင်လေးကိုတစ်ခွက်ပဲလုပ်တော့စပါကလင်တစ်လုံးယူခဲ့ပါဟုပြန်ပြင်
ပြောသည်…ကျမ..မောင့်ကိုသတိရခြင်းအဖြစ်စပါကလင်ကိုသာတမင်မှာသည်ကိုသူသိမည်ဟုကျမထင်သည်
ကျမစကားစသည်…နင့်မှာချစ်သူရှိ တယ်ထားပါတော့…..နင့်ချစ်သူကောင်မလေးကိုတစ်ခြားကောင်လေးတစ်
, ယြောက်ကလုယူမယ်ဆိုရင်နင်ဘယ်လိုခံစားရမှာလည်း….ကိုယ်ချင်းစာတရားကိုသိစေလို၍ကျမတိုက်ရိုက်
တိုက်ခိုက်လိုက်ခြင်းပင်….ကျော်စွာကချစ်သူဖြစ်ပြီဆိုကတည်းကတစ်ယောက်ကိုတစ်ယောက်ချစ်တာလေ
ဘယ်မှာလုလို့ရမှာလည်း….ငါကခိုးပြေးမှာဟုသူကဆိုသည်….သြော်တော်တော်လည်းအတ္တကြီးတယ်ဟု
ဆိုလျက်…ကျမကျောပိုးအိတ်ထဲက…မောင်နှင့်ကျမ၏လက်ထပ်စာချုပ်မိတ္တူကိုထုတ်ပြသည်…မူရင်းကိုကျမ
လုံခြုံသည့်နေရာတွင်ဝှက်ထားပြီးပြီ….ကျော်စွာအံ့အားသင့်သည်…စာချုပ်ကိုယူဖတ်သည်တရားရုံးတံဆိပ်
အသိသက်သေလက်မှတ်…တရားသူကြီးလက်မှတ်…စာချုပ်ပါဥပဒေစကားရပ်…..ကျော်စွာပြုံးသည်………
လက်ခုပ်တီးသည်….သိပ်တော်တယ်ကွာ…ငါထင်မထားတဲ့အကွက်ပဲ…မြင့်မြတ်ကမခုတ်တတ်တဲ့ကြောင်
လို့ထင်နေတာ…တကယ်တော့..ကျားမှကိုးတောင်ကျားအစစ်…….ဒါကငါ့တောင်းဆိုမှု….သူငြင်းခဲ့တာ..
ငါငိုလို့သူစာနာခွင့်ပြုခဲ့တာနင်ကရယူဖို့ပဲသိတာ….ပိုင်ရှင်ရှိနေတဲ့…တရားဝင်လက်ထပ်ထားတဲ့မိန်းမသား
တစ်ယောက်ကို…နင်ယူချင်ရင်…နင်ဘယ်လိုကံထိုက်မလည်း….နင်ဘယ်သာသာကိုကိုးကွယ်ယုံကြည်လည်း
ပြောလေဟု….ကျမပြောသည်….နင့်ကိုချစ်ခဲ့လို့…ဘဝများစွာငရဲမှာခံရစေ..ဒီတစ်ဘဝမှာငါစံရလျင်ကျေနပ်
နပ်တယ်…ငါကျေနပ်တယ်ဟုကျော်စွာပြောသည်……နင်ပြောသလိုပဲအချစ်ကိုလုယူလို့ရလျင်ငါ့ခန္စာကိုယ်ကို
ကိုရကောင်းရနိုင်တယ်…ရတဲ့နေ့ဟာမိုးလင်းရင်ငါအဆိပ်သောက်တဲ့နေ့ဆိုတာနင်မှတ်ထား……
နင်ကငါ့ကိုအတ္တကြီးသူလို့ထင်နေရင်နင့်အထင်မမှားရအောင်ငါသက်သေပြမယ်နင့်ရည်းစားက..ကဗျာရေးသလို
ငါလည်းနင့်အတွက်ရေးထားတာနင်ဖတ်ကြည့်ဟုကျော်စွာပြော၍သူ့ဒိုင်ယာရီကိုပေးဖတ်သည်……………………
ငါမဖတ်ချင်ဘူးဟုငြင်းလိုက်သည်ကျမမောင့်ပေါ်မှာသစ္စမပျက်ချင်သစ္စာစူးမှာကိုကြာက်သည်….
အိမ်ကိုပြန်ပို့ဟုကျမပြောသည်…..သူထိုင်ရာမှထသည်….ကျမကျေးဇူးတင်ရပါသည်…….။
အားလုံးကိုခင်မင်လေးစားစွာ……..kaunghtet
ကိုယ်တိုင်ရေးအခန်းဆက်ဝတ္ထုရှည်