ဘီလူးရှေ့က ဆရာသမား တစ်ချို့ ဒါမျိုး ရေးသား တင်ဆက် ပြီးသား ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။သို့ပေမယ့် ဘီလူးကို ဘယ်သူက ကြပ် လိုက်သည်မသိ gtalk အကောင့် ၊ facebook အကောင့် ဖွင့်ပေးဖို့ ရွှေမြို့တော်ထဲက ညီငယ်၊ ညီမငယ် တစ်ချို့ လာလာ ပူဆာနေကြတယ်။ဘီလူး မဖွင့်ပေးချင်လို့ မဟုတ် အချိန်မအားနိုင်ဖြစ်နေလို့ပါ။ဘီလူး ဟာ တိုင်းတစ်ပါးမှာ ပိုက်ဆံ ရှာနေရချိန်ဆိုတော့ အလုပ်က အားလှသည်မဟုတ်။ကတိပေးပြီး ပျက်မှာကို လည်းကြောက်တယ်။ ဟို တစ်လောက ရွှေမြို့တော် ထဲက ညီငယ် တစ်ယောက် အကောင့်ဖွင့်ပေးဖို့ လာတောင်းဆိုတယ်။ gtalk အပါအဝင် ရွှေမြို့တော် အကောင့် ကော facebook အကောင့်ပါ တောင်းပါလေရော။အဲဒါနဲ့ ဘီလူးလည်းအားနာပြီး အကုန်ဖွင့် ပေးလိုက်တယ်။ဒါပေမယ့် သကောင့်သားက ကျနော် ဖွင့်ပေးလိုက်တဲ့ အကောင့်နဲ့ ရွှေမြို့တော်ထဲမှာ သောင်းကျန်းပါလေရော။ သူက ရွှေမြို့တော် ထဲမှာ ကြေးစား(လူသတ်သမား) ဆိုတဲ့ နာမည်နဲ့မန်ဘာဝင်ထားတဲ့ ကောင်ပါ။ ဘီလူးလည်း စိတ်မကောင်းခြင်းကြီးစွာနဲ့ အဲဒီအကောင့်ကို ပြန်ယူလိုက်ရပါတယ်။ဒီလိုမျိုးတွေ ဖြစ်လာတော့ အကောင့်ဖွင့်ပေးတဲ့ လူရဲ့မျက်နှာကို အိုးမဲ သုတ်သလို ဖြစ်တယ်ဆိုတာ သူမစဉ်းစား မိဘူးထင်ပါတယ်။နောက်ပြီး သူက facebook ထဲမှာ လည်း ဘာသာရေး နဲ့ ပတ်သတ်တဲ့ လုပ်ရပ်တွေ လုပ်နေတယ်။ဒါပေမယ့် သူက အကောင့် ပါတ်ဝေါ့ နံပါတ်ပြောင်းလိုက်တာကြောင့် ကျနော် သူ့ရဲ့ facebook အကောင့်ကို ပြန်လည် သိမ်းယူ နိုင်ခြင်း မရှိပါဘူး။ facebook ထဲက သူနာမည်ကတော့ ဗိုလ်မိုးညို လို့ပေးထားပါတယ်။ ဒါကြောင့် ဘီလူး လည်း ဘယ်သူ့ကို မှ အကောင့်သစ် မဖွင့်ပေးတော့ပါဘူး။
သို့ပေမယ့်......မိမိဖာသာ အကောင့်ဖွင့်လို့ရအောင်တော့ ဘီလူးပြပေးပါမယ်။ဓါတ်ပုံလေးတွေ အတိုင်း အဆင့်ဆင့် လုပ်သွားရုံပါ။ကိုင်းးးးစလုပ်ကြည့်ကြစို့.....။