အိုး...နိုဝင်ဘာ...နိုဝင်ဘာရယ်တစ်နှစ်ကဆို ဒီရာသီကာလလေးမှာ အချစ်ဦးလေးကို ကျွန်တော့်အနားသို့ရောက်အောင်ခေါ်လာပေးပြီးမှ ဒီနှစ်ဒီရာသီမှာကျတော့ဘာဖြစ်လို့အဝေးကြီးကိုပို့ပေးရတာလဲဗျာ.....တခဏတာဝေးရရင်အဆင်ပြေသလို အောင့်အိနေနိုင်သေးတယ်နိုဝင်ဘာရယ်...တစ်သက်ဝေးလွင့်ခြင်းသို့ မပို့ပေးပါနဲ့...ဆိုတေးလို“အဝေးရောက်ချစ်သူ”ဆိုပေမဲ့ လေးဖြူလို “ပြန်ခဲ့ပါ”လို့ပြောလိုက်ရင်ကျွန်တော့်အနားကိုအရောက်ပို့ပေးပါလို့ အောင်လလို“တောင်းပန်တယ်”နိုင်ဝင်ဘာရယ်....တစ်ချိန်က ကာရန်လှတဲ့ ချစ်လေပြည်လေးကို အေးစက်တဲ့နိုဝင်ဘာနှင်းစက်တွေကြားမှာ နားဝင်ချိုတဲ့ချစ်သူ့လေးရဲ့သံစဉ်ချိုလေး နားဆင်ခဲ့ဖူးတယ်.....တစ်နှစ်ကနိုဝင်ဘာရဲ့နှင်းမှုန်လေးများကြား အချစ်ဦးလေးနှင့်ပျော်ရွှင်ခဲ့ရသမျှတွေဟာ အခုချိန်မှာတော့ လွမ်းစရာတွေဖြစ်ခဲ့ပြီလေ......ဒီနိုဝင်ဘာမှာမဆုံနိုင်ခဲ့ကြရင်လည်း နိုဝင်ဘာရဲ့နှင်းပွင့်လေးများကိုအချစ်ဦးလေးမြင်ခဲ့ရင် ပြန်မလာနိုင်ခဲ့သေးရင်တောင်မှ သတိရအောင်တော့ပြောပေးပါ နိုဝင်ဘာရယ်းးးးးးးး“ကျန်ခဲ့တဲ့နိုဝင်ဘာရက်တွေမှာ အရမ်းလွမ်းနေတယ်လို့းးးးးးးးးးးဒီနေ့ထိလွမ်းနေဦးပဲဆိုတာနိုဝင်ဘာအချစ်ဦးလေးကို ပြောပေးပါ နိုဝင်ဘာရယ်းးးးးးးးးးးး
↧