ဆေးပေါင်းခတဲ့နေ့ ၊ ဆေးပေါင်းခတဲ့ည .. လို့ ဆိုလိုက်တာနဲ့ မဲဇလီပင် ၊ မဲဇလီဖူးသုပ် နဲ့ တန်ဆောင်မုန်းရဲ့ ပြယုဂ်တို့ကို
အားလုံးမြင်မိကြမှာပါ ... စာရေးသူကတော့ မဲဇလီပင်မှာ..
ဆေးပေါင်းခတယ်လို့ ခုတော့ မမှတ်တော့ပါဘူး...
ဟုတ်ပါတယ်.. တကယ်ဆေးပေါင်းခရမှာက ကိုယ်ကိုတိုင်ပါ
ကိုယ့်ရဲ့သန္တာန်မှာ ကောင်းတဲ့အလုပ်+ကောင်းတဲ့အပြော+
ကောင်းတဲ့အကြံ ဖြစ်နေမယ်ဆိုရင် ကိုယ့်ရဲ့နှလုံးသားထဲမှာ
တရားဆေးပေါင်း အကြောင်းတရား အကောင်းစားတွေ ခနေပြီ လို့ မှတ်ယူရပါလိမ့်မယ်... ဒါနဲ့လည်းစပ်လျဉ်း ၊ တန်ဆောင်မုန်းနဲ့လည်းမပြတ်ကင်းနိုင်တဲ့ ဗုဒ္ဓလက်ထက်က ဆေးပေါင်းခတဲ့နေ့ ၊ ဆေးပေါင်းခတဲ့ညအကြောင်း တစ်စေ့တစ်စောင်းကိုပြန်ပြောင်းကြည့်ရမယ်ဆိုရင် ...
{{ အဇာတသတ်ရဲ့ ဆေးပေါင်းခတဲ့နေ့ ဆေးပေါင်းခတဲ့ည }}
တန်ဆောင်မုန်းလရောက်တိုင်း ပိုပြီးသတိတရရှိစေတဲ့သူတစ်ယောက်က အဖသတ်
(ပိတုဃာတက)ကံကြီးထိုက်သူ ပြည်သူကရွံမုန်း နှလုံးအော့နာစရာ မဟာအဝီစိငရဲက
သီသီလေးလွတ်သွားရှာတဲ့ ရာဇဂြိုဟ်ပြည့်ရှင် ဘုရင်အဇာတသတ်ပါပဲ ...
အဇာတသတ်မမွေးခင်ကတည်းက အဖသတ်မယ့်သား..လို့ ပုဏ္ဏားများဟောကြား
ထားသော်လည်း ..ဖခင်ဗိမ္ဗိသာရက အမုန်းမထား နှလုံးသားနဲ့ ငါ့သားမှငါ့သား..
ဆိုပြီး.. ဖခင်ရဲ့ချစ်ခြင်းအကြောင်း အဇာတသတ်မှာ ဆေးပေါင်းခခဲ့ရတဲ့နေ့တွေဟာ
သူ..ရှင်သန် မမွေးဖွားမီကတည်းကရရှိခဲ့တယ်...။
မွေးဖွားရှင်သန်ပြီးလို့ လူလားရွယ်မြောက်ချိန်မှာဘဲ ဒေဝဒတ်ကို ဆရာတင်အမှားဆေးကြောင့် အဖသတ်လူ(မင်း)ဆိုးဖြစ်ခြင်းဆိုတဲ့ ဘေးဆိုးနဲ့ ရောဂါထိုးနေချိန်မှာ.. သမားတော်ဇီဝကလမ်းညွှန်မှုနဲ့ ........ မြတ်ဗုဒ္ဓနဲ့တွေ့ပြီး ရောဂါကြီးသက်သာခဲ့တယ် ... တစ်ဖန်ဆိုရရင် ... ဗုဒ္ဓနဲ့တွေ့တဲ့ အဇာတသတ်ရဲ့ အဲဒီနေ့ဟာ..
အဇာတသတ်ရဲ့နှလုံးအိမ်မှာ တရားဆေးပေါင်းခတဲ့နေ့ ၊ တရားဆေးပေါင်းခတဲ့ည ဖြစ်ခြင်းမက ဖြစ်ခဲ့ရတယ်လေ...။
အဇာတသတ်ဟာ ....
၁။ သူ့ရဲ့အမှားကိုနောင်တဖြစ်ပြီး သတိတရားရမှု..ဆိုတဲ့ ဆေးပေါင်းခခြင်း.... ၂။ ဗုဒ္ဓသာသနာတော်ကို အသက်ပေးကြည်ညိုမှု..ဆိုတဲ့ သဒ္ဓါဆေးပေါင်းခခြင်း.... ၃။ ပထမသင်္ဂါယနာတင်ပွဲကြီး ဖြစ်မြောက်အောင် ကြိုးစားလုပ်ဆောင်မှု..ဆိုတဲ့ လုံ့လဝီရီယဆေးပေါင်းခခြင်း... ၄။ နှောင်းခေတ်ဗုဒ္ဓဘာသာဝင်တွေ ဆေးပေါင်းခနိုင်ဘို့အတွက် ဓာတ်တော်များ စနစ်တကျ သိမ်းဆည်းမှု..ဆိုတဲ့ဆေးပေါင်းခခြင်း... ၅။ ဗုဒ္ဓသာသနာတော်နှစ်ကို အတိအကျ သတ်မှတ်ပေးနိုင်မှု..ဆိုတဲ့ သာသနာ့ဟိတဆေးပေါင်းခခြင်း...(စသည်များစွာ) ... အဇာတသတ်ရဲ့ ဆေးပေါင်းခမှုတွေကြောင့် ခုလည်း ကျွန်ုပ်အပါအဝင် အားလုံးနှလုံးအိမ်မှာ ဆေးပေါင်းခရတာပဲမဟုတ်လား..?
{{ တစ်ယောက်မှစ နောက်ကတစ်ရာ ဆေးပေါင်းဖြာ }}
"တစ်ယောက်မှစ နောက်ကတစ်ရာ" ဆိုလို.. အဇာတသတ်တစ်ယောက်ကြောင့် ဗုဒ္ဓဘာသာဝင်အားလုံး တန်ဆောင်မုန်းလကိုနှစ်မျို့ခြင်း ပီတိဆေးပေါင်းခဖို့ ဖန်လာရတယ်...တန်ဆောင်တိုင် မီးထွန်းမှုနဲ့ ဘုရားကိုပူဇော်ခြင်း ဗုဒ္ဓပူဇနိယ ၊ ဗုဒ္ဓပူဇဝန္တကုသိုလ်ဆေးပေါင်းခမှုကို ကြုံလာ ၊ ဖန်လာရတယ်.... ရဟန်းပြုခြင်း အကျိုးပြတဲ့ သာမညဖလသုတ်တော်ကို ကြားနာခွင့်ရခြင်း ဓမ္မသဝနဆေးပေါင်းခမှု....အို..စတာ စတာတွေ ကြုံလာ ၊ ဖန်လာရတာဟာ အဇာတသတ်ရဲ့ကျေးဇူးကြောင့်ပဲမဟုတ်ပါလား.... ဒါ့ကြောင့် အဇာတသတ်ကို ကျေးဇူးဆိုရင်းနဲ့ တန်ဆောင်မုန်းလမှာ အထင်ကရဆေးပေါင်းခ ကုသိုလ်ရနိုင်တဲ့ ပွဲတော်များကို တင်းပြရင်းနိဂုံးချုပ်လိုက်ပါတယ် ....
(တန်ဆောင်မုန်းလမှာ မြင်တွေ့နိုင်တဲ့ ပွဲတော်တွေ )
၁။ တန်ဆောင်တိုင် မီးထွန်းပွဲတော် ....
၂။ ကထိန်သင်္ကန်း လှူဒါန်းပွဲတော် ....
၃။ မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပွဲတော် ....
၎။ မဲဇလီဖူးသုပ် ဝေငှသောပွဲတော် ....
၅။ ကျီးမနိုးပွဲတော် ....
၆။ သာမည ဖလ အခါတော်နေ့ ပွဲတော် .... စတာတွေပါပဲ ....။
ဒီပွဲတော်များကို ကိုယ်တိုင်ဆင်နွှဲရင်ပဲဖြစ်ဖြစ် ၊ သူများဆင်နွှဲပြုနေတာကိုပဲ ဖြစ်ဖြစ် ၊ ဖွေးဖြူစေတနာ အလေးမူစွာ အာရုံပြု
ကုသိုလ်အဖြစ် ရင်တွင်းဖြစ်လာပြီးဆိုရင်....အဲဒီနေ့ဟာ...ဆေးပေါင်းခတဲ့နေ့ ၊ ဆေးပေါင်းခတဲ့ည...ပါပဲ...။
ဒီမြို့တော်မှာလည်း... စေတနာသန့်သန့်နဲ့ စာတွေရေး /စာတွေဖတ်ပြီး တစ်ဦးနဲ့တစ်ဦး အပြန်အလှန် မေတ္တာတွေ ကူးနေကြမယ်ဆိုရင်...အဲဒီနေ့ဟာ ... ဆေးပေါင်းခတဲ့နေ့ ၊ ဆေးပေါင်းခတဲ့ည...ပါပဲ...
တစ်ခုတော့ ရှိတယ် ... ကိုယ်မှာခ.လာတဲ့ဆေးအပေါင်းဟာ... ဘေး(ဖြစ်မယ့်)အကြောင်းတော့ မဖြစ်ပါစေနဲ့ ....။ ။
အားလုံးကို လေးစားမြတ်နိုး တန်ဘိုးထားလျက်.....
***** ဦးဦးဇင်း ရင်တွင်းဖြစ် *****