နီဟွန်း က ဘန်းသိုးလေးတွေ
ကျမ ဒီနေ့  နာဂိုရာဘူတာ ရောက်တော့  အလုပ်ကိစ္စ နဲ့ ချိန်းထားတဲ့သူက ၃ နာရီလောက်
နောက်ကျမယ်ဆိုလို့ စောင့် ရင်း ဘူတာပတ်ဝန်းကျင်တ၀ိုက် လျှောက်ကြည့်မိပါတယ်။
နာဂိုရာ ဘူတာ ဟာ ဂျပန်တနိုင်ငံလုံးသွားလို့ ရတဲ့  ရထားလိုင်းပေါင်းစုံနဲ့ အမြဲတမ်း
ပျားပန်းခပ်သလို ဥဒဟိုသွားလာနေကြတဲ့သူတွေ နဲ့ စည်ကားနေပါတယ်။
ရထား တွေ ကလည်း အချိန်မှန် ၀င်လာလိုက် ပြန်ထွက်သွားလိုက်နဲပေါ့့ ။
ဒီလောက် မိနစ် ပိုင်းပဲ ခြားပြီး လိုင်းပေါင်းစုံ ပြေးဆွဲနေလည်း အမြဲ လူပြည့်နေတာပါပဲ။
ကျမတွေးကြည့်တယ်။ ဂျပန်ကလူတွေ အိမ် မှာရော နေချိန်ရှိသေးရဲ့ လား လို့  ......
ဘာလို့ လဲဆိုတော့ ကျမတို့  မနက် စောစော ၆ နာရီ ထ စီးလည်း ရထားပေါ်မှာ လူတွေ ပြည့်နေတာပဲ။
ညဘက် ၁၀နာရီကျော် ၁၁ နာရီ လည်း သွားနေလာနေကြတုန်းပဲလေ။
သူတို့ က မနက်လင်းတာနဲ့  ရထားပေါ်ရောက်နေကြတာ ။
နောက်ပြီး အလုပ်သွားကြသူတွေ ကြည့်ရတာ ဘယ်သူမှလည်း ထမင်းဘူး ကိုင်လာကြတာ
မတွေ့ ပါဘူး။အိမ်ကနေ အရင်လို ဂျပန်အမေ တွေက ဘန်းသိုး လို့ ခေါ်တဲ့ ထမင်းဘူးတွေ
ဘာမှ တကူးတက လုပ်ပေးစရာမလိုအောင် သူတို့ ရဲ့ ဘူတာ က ဈေးဆိုင်တွေ မှာ
လိုလေသေးမရှိအောင်ရောင်းချပေးနေကြတာတွေ့ ရပါတယ်။
ဂျပန်လို စားသုတ်သုတ် သွားသုတ်သုတ် နိုင်ငံ မှာ ဒီလို ဘန်းသိုး နဲ့ မှ အဆင်ပြေမှာလေ။
ကျမတောင် ဒီနေ့  ဘူတာ ထောင့်တနေရာ မှာ ရပ်ပြီး မုန့် နဲ့ ကော်ဖီဘူးလေး ကိုင်
စားသောက်ရင်းနေ့ ခင်းစာ ပြီးလိုက်ရတာပါ။
သူတို့ ထမင်းဘူးလေးတွေက ကိုင်ရတာ တကူးတကကြီး ဖြစ်မနေဘဲ သယ်သွားရ
လွယ်အောင် သပ်ယပ်ပါတယ်။
ခရီးသွားကြသူတွေ ကြိုက်နှစ်သက်ရာ ၀ယ်စားလို့ရအောင် အမယ်စုံလှတဲ့ ဘန်းသိုးလေးတွေ
ကိုမြင်ရတော့ကျမ အတွေးထဲမှာ ဒီလို သွားရင်းလာရင်း အလွယ်တကူ ကိုင်စားလို့ ရမယ့် မြန်မာ
ထမင်းဘူးလေးတွေလုပ်ချင်စိတ်ပေါ်မိတယ်။
အင်း-- လွယ်တော့မလွယ်လောက်ဘူးလို့ ထင်ပါတယ်။
သူတို့  ထမင်း က စေးကပ်ကပ်နဲ့  ကောက်ညှင်းလို စေးနေတာကို အလုံးလေးတွေ လုပ်စားကြတာ။
နောက်ပြီး အဆီတွေ အရည်တွေ မပါတော့ သွားရင်းလာရင်း အလှမပျက် စားလို့ ရတာပေါ့ ။
ကျမတို့  မြန်မာထမင်းက ဖွာတော့ ဆန်လုံးကတလုံးချင်း ဖြစ်နေပြီး အဆီအနှစ်နဲ့ နယ်စားမှ
အဆင်ပြေတာလေ။
မတူညီတဲ့  စားသောက်ပုံ စနစ် မှန်း သိပေမယ့်  ဒီလိုမျိုး အဆင်သင့် ထမင်းဘူးလေးတွေ နဲ့ 
လှလှလေး လုပ်ရောင်းနိုင်ရင် ခရီးသွားသူတွေလည်း ပိုအဆင်ပြေ ပြီး မြန်မာပြည်လာတဲ့ 
ခရီးသွားတွေလည်း မြန်မာ့ အစားစာတွေ ကိုပို စိတ်ဝင်စားမယ်ထင်ပါတယ်လို့ 
့တွေးမိရင်း ပုံလေးတွေ ဖော်ပြလိုက်ပါတယ်ရှင်။
ဂျပန် မှာ JR လိုင်းနဲ့  Meitetsu လိုင်းဆိုပြီး ရထားလိုင်း ၂ ခု ရှိပါတယ်။
ဒါက Meitetsu လိုင်းဘူတာရုံပါ ။
ဒါက JR လိုင်း ဘူတာရုံပါ။
ဘူတာရှေ့ က အဆောက်အဦးတွေ
ရထားစီးဖို့  ဒီလို ပဲ ခပ်သုတ်သုတ်လေး သွားကြတယ်
ဒီလို သွားနေရတဲ့ သူတွေစားဖို့  ဒီလို မုန့် တွေ ရောင်းကြတယ်
ဒါက ဘန်းသိုး နမူနာ ပြထားတာလေးတွေလေ ။ သူတို့ က အဟာရ အစုံရအောင် အသီးအနှံလေးတွေပါ အမြဲ တွဲထည့်ထားပါတယ်။
နောက်က ဘူးလေးထဲမှာ ပြထားတဲ့ ပုံစံအတိုင်း ထည့်ထားတဲ့ ထမင်းဘူးလေးတွေကို ကြည့် ပြီး ကိုယ်ကြိုက်တဲ့  ပုံစံ ရွေးဝယ်ရုံပါပဲ။
ဆိုင်က ပေးတဲ့  ၀ါးတူ လေး ယူပြီး သွားရင်းလာရင်း အလွယ်တကူ စားလို့ရတဲ့  ဘန်းသိုးလေးတွေ ကို ကြည့်ကြပါဦးနော်