ရှုံးပြီလို့မင်းထင်ရင် မင်းရှုံးပြီ
မလုပ်ရဲဘူးလို့မင်းထင်ရင် မင်းလုပ်ရဲမှာမဟုတ်ဘူး
နိုင်တော့နိုင်ချင်တယ် ဒါပေမဲ့ နိုင်မှာမဟုတ်ဘူးလို့ မင်းထင်နေရင်
မင်းရှုံးမှာသေချာသလောက်ပဲ
ရှုံးလိမ့်မယ်လို့မင်းထင်ရင် မင်းရှုံးပြီ
ဘာဖြစ်လဲဆိုတော့…
လောကမှာ
အောင်နိုင်မှုဆိုတာ လူတစ်ယောက်ရဲ့ဆန္ဒကနေအစပြုလို့ပဲ
အားလုံးကစိတ်ထဲမှာပဲရှိတာပါ
ခြေတစ်လှမ်းမှ မစရသေးခင်
ပြိုင်ပွဲပေါင်းများစွာ ရှုံးနိမ့်ခဲ့ကြပြီးပြီ
ဘာမှတောင်မလုပ်ရသေးခင်
သွေးကြောင်တတ်တွေရှုံးနိမ့်ခဲ့ရတာလည်းအကြိမ်ပေါင်းမနည်းတော့ဘူး
ကြီးကြီးကျယ်ကျယ်တွေးစမ်းပါ
ဒါဆို… မင်းရဲ့လုပ်ဆောာင်ချက်တွေလည်း ကြီးမြင့်လာမယ်
အသေးအမွှားလေးတွေကိုပဲတွေးနေမယ်ဆိုရင်တော့
မင်းသူများနောက်မှာကျန်နေခဲ့မှာပဲ
“ငါလုပ်နိုင်တယ်။ ငါတကယ်ဖြစ်အောင်လုပ်မှာ“ လို့တွေးလိုက်စမ်းပါ
အားလုံးကစိတ်ထဲမှာပဲရှိတာလေ
သူများတွေထက်ပိုတော်တယ်လို့မင်းတွေးရင် သူများတွေထက်မင်းပိုတော်လာမှာပဲ
အမြင့်ကိုရောက်ဖို့အတွက် မင်းကြီးကြီးကျယ်ကျယ်တွေးဖို့လိုတယ်
ဘာဆုလဒ်ကိုမရယူသေးခင်
ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်ရှိနေဖို့လိုတယ်
ဘ၀တိုက်ပွဲမှာအမြဲတမ်းအောင်မြင်မှုရနေသူတွေဟာ
သူများထက်ပိုကြံ့ခိုင်၊ ပိုမြန်တဲ့သူတွေမဟုတ်ဘူး
အနည်းနဲ့အများတော့…
အောင်မြင်မှုကိုရရှိခံစားနေသူတွေဟာ
“ငါလုပ်နိုင်တယ်“ လို့တွေးလေ့ရှိတဲ့သူတွေပဲ
ဝန်ခံချက်: ဂျာနယ်ကျော်မမလေး ရဲ့ သူလိုလူ စာအုပ်ထဲမှာဖတ်ရတဲ့ It is all in a state of mind ဆိုတဲ့ လင်္ကာလေးကို ဆီလျှော်သလိုပြန်ဆိုပါတယ်။
မောင်အာဂ တင်ပြသည်။