Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ငတက်ပြား လက်ထောက် ငနင်းပြားဆိတ်မှိုင်းလာပြီဟေ့

$
0
0

ဒီလို နေ့ မျိုးဆို သူခိုးတွေအတွက် အချိန်ကောင်းပေါ့...။ သူခိုးအားလုံး ညဦးပိုင်းထဲကနေ လှုပ်လှုပ်ရွရွ ဖင်တစ်ကြွကြွ ပြင်နေကြပြီ..။

ပြင်ဆင်နေကြတဲ့ သူခိုးတွေထဲမှာ ချစ်သူမြို့ တော်၊ရွှေမြို့တော်မှ သူခိုး “ငနင်းပြား ဆိတ်မှိုင်း” ကလဲ ထိပ်ဆုံး အပါအဝင်ပေါ့........။

 

ဒီလိုနေ့ မျိုးကို စောင့်နေတာ လပေါင်းကြာနေပြီလေ..။ ခုတော့ အချိန်ကောင်းရောက်ပြီ........။

သူ့ မှာလဲ ဘဝက မခိုးလို့  မဖြစ်တော့ ..။ ချစ်သူမြို့ တော်ရွှေမြို့တော် ဝန်ကြီးဆိုတဲ့ ရာထူးကိုသာ ရထားတာ...။ အိမ်မှာ စားဖို့  မရှိ..။ ဆန်အိုးက ပိုးတွယ်ပြီး တွဲလောင်းကျနေတဲ့ ပိုးမျှင်တွေက လွဲပြီး ဘာမှမရှိ..။ တစ်မြို့ တော်လုံး ရှိသမျှ အိမ်တွေမှာ အိမ်တစ်ကာလှည့်ပြီး ပိုက်ဆံလိုက်ချေးထားလို့  ခုဆိုရင် ဘယ်သူကမှ ဆိတ်မှိုင်းဆိုလျှင် ပိုက်ဆံမချေးတော့..။

ပိုက်ဆံမချေးဘူး မဆိုထားနှင့်.... ခင်မျာ အကြွေးရှင်တွေကို မျက်နှာ မပြရဲလို့  ပုန်းနေရတာ..။ ချစ်သူမြို့ တော်မှာ မြို့ တော်ဝန်ပျောက်နေတာတောင် ကြာနေပြီလေ..မြို့ တော်ဝန် စားစရာမရှိလို့  ရေသောက်ဗိုက်မှောက်နေရတာ..။ 

ဒီညတော့ လိုက်ခိုးပြီး စားအုံးမှ...။

“အင်းးးးးးးးး ဘယ်သူ့ အိမ် အရင်ခိုးရင်ကောင်းမလဲ..ဟုတ်ပြီ..သူကြွယ်တွေနေတဲ့အိမ် မ.ထ.နိုင်.မြင်းသား၊ ကျော်သူအောင် ၊အစိုင်း တို့  စုပေါင်းနေတဲ့ အိမ်ကို အရင်သွားမှ...။ သူတို့ က မလေးရှားမှာ နေကြတဲ့သူတွေဆိုတော့ ကြွယ်ကြွယ်ဝဝ ရှိမှာပဲ..။ တစ်အိမ်ထဲနဲ့  တွက်ချေကိုက်နိုင်တယ်..။

ငနင်းပြားဆိတ်မှိုင်း တစ်ယောက် ချစ်သူမြို့ တော်ရဲ့  အက်ဒ်မင် အရာရှိ ၃ ယောက်စုပေါင်းနေတဲ့ နေအိမ်ကို ဖြည်းဖြည်းချင်း ချည်ကပ်အသွား ရုတ်တရက် တီးတိုးကြားလာရသည့် စကားသံကြောင့် တီးတိုး နားစွင့်လိုက်မိ၏..။ စကားသံက ထိုအရာရှိနေအိမ်မှာ ထွက်လာသော အသံပါ..။

”ကြက်ဥက တစ်လုံးထဲ ရှိတော့တယ်.. တို့ သုံးယောက် ဘယ်လို ဝေစားရမှာလဲ..”

“ဟုတ်ပါ့ တစ်ယောက်တစ်ခြမ်းတောင် ဝေစားမျှစား လုပ်လို့ မရတော့ဘူး..။ ထမင်းကိုလဲ ရှိတဲ့ ဆန်လေးကုတ်ကပ်ပြီး ချက်တာ မလောက်လို့  ငါ ဆန်ပြုတ်ပဲ ပြုတ်ထားတယ်”

“အင်း မထူးပါဘူး..ဆန်ပြုတ်ထဲ ရှိတဲ့ ကြက်ဥ တစ်လုံး ဖောက်ထည့်လိုက် ..ဒီညတော့ ဖြစ်သလိုစားလိုက်ပေါကွာ..”

“မင်း ဒီည တစ်ည... ဒီည တစ်ညနဲ့  ဒီဆန်ပြုတ်ထဲ ကြက်ဥဖောက်ထည့်ပြီးသောက်နေရတာ ဘယ်လောက်ကြာနေပြီးလဲကွ..။ လခထုတ်တဲ့ တစ်ရက်လောက်သာ ငါတို့  စိုစိုပြေပြေ ထမင်းစားနိုင်တာ ကျန်တဲ့ နေ့ တွေ ဒီတိုင်းချည်းပါပဲကွာ..”

“ဟိတ် မင်းတို့ တွေ ကောင်းကောင်းစားချင်ရင် စားစေရမယ်..ဒီနေ့  ငတက်ပြားနေ့ ကွ..မြင်းသာကြံဖန်လိုက်အုံးမယ်..။ ပြောနေတာကြာတယ်..ခုချက်ချင်းလုပ်ငန်းစမယ်ကွာ.. မြို့ ထဲ လိုက်ခိုးလိုက်အုံးမယ်..”

 

တီးတိုးတီးတိုး ပြောဆိုသံနှင့် မ.ထ.နိုင် မြင်းသား အိမ်ပေါ်မှ ဆင်းလာတာကိုမြင်တော့

ဆိတ်မှိုင်းတစ်ယောက် သက်မ ကို ရှိုက်ပြီး တစ်အိမ်ပြောင်းမှ

ဘယ်သူ့ အိမ် သွားရမလဲ..။ ဟုတ်ပြီး ကိုရင်မောင်အိမ်ကို သွားမှပဲ...။

ရင်မောင် အိမ်အရောက် တစ်ဂွပ်ဂွပ် ခြစ်သံနှင့် ရင်မောင်၏ ပွစိ ပွစိ ရွတ်သံ မဲတူးနေသော ခေါက်ဆွဲပြုတ်အိုး ထိုင်ကာခြစ်ရင်း

“တောက် ခေါက်ဆွဲလေး တစ်ထုပ်ကျန်ပါတယ်ဆို အရေးထဲ တူးလိုက်သေးတယ်..ငါ ထိုင်ခြစ်နေရတာလဲ အိုးဖင်ပြောင်နေပြီ..သွားပြီး ဒီညတော့ ရင်မောင်တို့  ဖင်ပြောင်တဲ့ထိ ခြစ်ရပြီ....ဒီတိုင်း အငတ်နေလို့တော့ မဖြစ်ဘူး... ဒီညတော့ ရတဲ့ အခွင့်အရေးကို အသုံးချမှ..”

 

“ဟူးးးးးးးးးးးးးးးးးးးး”

ဆိတ်မှိုင်း၏သက်ပြင်းရှိုက်သံ..။

ချစ်သူက မြို့တော်ဝန်ကစလို့  အက်မင်တွေ အကုန်မွဲင်္ကြီးပါလား..။

မြို့ သူမြို့ သားတွေကတော့ ဘယ်လိုနေမလဲ မသိဘူး..။

ဒီလိုသာ မွဲနေရင်ဒီညတော့ တစ်မြို့ တော်လုံး သူခိုးသောင်းကျန်းတော့မှာပဲ....။

 

စည်းကမ်းထိမ်း ရဲသား မေသဇင် ၊ရှင်းသန့် မေ ၊သဇင်လေးတို့ တွေ ဒီည ဘယ်လိုများ ထိမ်းကြမလဲ မသိဘူး..။

ကဲပါလေ သူတို့တွေက လက်သံပြောင်တယ်..အဆင်ပြေမှာပါ။ ငါ့ကိုသာ ဖမ်းမမိအောင် လွတ်အောင်ရှောင်ရမယ်။ ရွှေမြို့တော်ရဲ့ မြို့တော်ဝန် ဆိတ်မှိုင်းကြီး လူမသိ သူမသိ လိုက်ခိုးနေတာ ဖမ်းမိသွားရင်အခက်။ သူတို့လက်က လွတ်အောင်ရှောင်မှ။

ငါ ..မြို့ တော်ဝန်ဆိတ်မှိုင်းကတော့ တစ်အိမ်တက် တစ်အိမ်ဆင်း ခိုးလိုက်အုံးမှပဲ..........။

 

“ငနင်းပြားဆိတ်မှိုင်း လာပြီဟေ့“

 

 


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...