Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

မင်းဆက်ဝေ-မှော် ၂၂

$
0
0

ထိုကြောင့်သူခန္ဓာကိုယ်တွင် ဒဏ်ရာများရလာလေသည်။သို့ 
သော်သူသည် စိတ်အားကိုမလျော့ ခဲ့ ချေ။သူချစ်ဇနီး ဘက်(ခ်)မှာမူ သူခင်ပွန်းသည် သွေးများယိုစိးကျလာသည့်အထိ
လေ့ကျင့်နေသည်ကို စိတ်မချမ်းမသာနှင့်ငေးကြည့်ခဲ့ ရသည်။
ဟူဒီနီအဖို့ တော့ ကြိုးစားရကြိုးနပ်ခဲ့ ပါသည်။ သူသည်
ကိုယ်ကျပ်အင်္ကျိလက်ပေါ်က်မှ ကြိုးများကိုဖြေပြနိုင်ခဲ့ လေ
သည်။ခတ်ထားသည့်လက်ထိတ်သော့ကိုလည်း သော့ တု မသုံးဘဲ ဖွင့်နိုင်ခဲ့ လေသည်။ ထိုသို့ သော်ပြကွတ်ကို ပြနိုင်
ဖို့ သူအကြိမ်ကြိမ် ကြိုးစားခဲ့ ရပေသည်။အချို့ ကမူလေ့
ကျင့်မူကြောင့် မဟုတ်နိုင်။ သူအားစောင့်ရှောက်နေ
သည့် ၀ိညာဉ်လောကသားတို့ ၏ ပံပိုးမူကြောင့်ဟုဆို
ကလေသည်။ မည်သို့ ပင်ဖြစ်ဖြစ် ဟူဒိနီ၏မှော်
ဆန်ဆန်လျည့်စားမူများက ကောင်းသောစိတ်ကို
အခြေခံပြီးဖြစ်ပေါ်လာသောကြောင့် ကောင်းသောအတတ်
ပင်ဖြစ်လေသည်။
ဟူဒီနီကဲ့ သို့ ပင် ယခုလက်ရှိ အောင်မြင်နေသော ပဉ္စလတ်ဆရာတစ်ယောက်၇ှိပါသေးသည်။ သူကိုဒေးဗစ်
ဘလိန်းဟုခေါ်လေသည်။ဒေးဗစ်ဘလိန်းသည် 2012ခုနှစ် ၊အောက်တိုဘာ 5ရက်နေ့  နယူးယောက်ရှိ ဟက်ဒ်ဆန်မြစ်
နံဘေးတွင် အထူးပြုလုပ်ထားသောသတ္တူဝတ်စုံကို ၀တ်ဆင်
ထားပြီး သုံးရက်ကြာမအိပ်မစားဘဲ မတ်တပ်ရပ်ကာဗို့ အား
တစ်သန်းရှိသော လျှပ်စစ်ကို ဖြစ်စေသည့် စွန့် စားမူကိုပြု
လုပ်ပြလေသည်။ဘလိန်းသည် ထိုပြကွတ်ကိုမပြမီ က အရှင်လတ်လတ် မြေမြှပ်ခံခြင်း ၊အချိန်ကြာမြင့်စွာ
ဇောက်ထိုးနေခြင်း ၊ ရေခဲအတွင်းလဲလျောင်းခြင်းပြကွတ်များဖြင့် နာမည်ကြီးခဲ့ ပြီးဖြစ်သည်။ယခုဘလိန်းပြသောပြကွတ်တွင် ကွေးနိုင်ဆန့် နိုင်သည့် သံမဏိကွင်းများဖြင့် ၀တ်စုံ၊ သံစိုးပြားပါသည့် ဖိနပ်၊ လှောင်ချို င့်နှင့်တူသောခေါ်င်းစွပ်
တို့ သည် သူ၏ခနာကိုယ်ပတ်ပတ်လည်တွင် လျှပ်စစ်ဖြတ်စီးစေမည့်ဖြစ်သည်။သို့ သော်သူုကိုမူ
ဓါတ်လိုက်စေမည့်မဟုတ်ချေ။
ထိုပြကွတ်တွင်စိုးရိမ်စရာရှိသည်က သူအနည်းငယ်မျှ မှားယွင်းသွားသည်နှင့် ဓါတ်လိုက်သေဆုံးရမှာ ဖြစ်သည်။ သူသည်ခေါ်င်းစွတ်ကိုချွတ်ပြီးေ၇သောက်နိုင်သောလည်း ပိတ်မှတဆင့်သာသောက်ရမည်ဖြစ်ပြီး လုံခြုံရေးများက
လည်းသေချာစောင့်ကြည့်ရမည်ဖြစ်သည်။ သူုအလွန်အမင်း
မောပန်းလာပြီး လက်အိတ်စွတ်ထားသောလက်ချောင်းများဖြင့် မျတ်နှာကိုယောင်ပြီးသပ်လိုက်မည်ဆိုပါလျှင် ဓါတ်လိုက်ပြီးသေ
ရမည်ဖြစ်သည်။အဆုံးပြောရလျှင်သူ၏ပြကွတ်သည့်နာတစ်ချက်ချေမိရင်တောင် သေဖို့ သေချာလေသည်။သို့ သော ဘလိန်းက
မှော်ဆန်ဆန်ပင်ပြသနိုင်ခဲ့ လေသည်။
နောက်ထပ်တစ်ဦးမှာမူ နာမည်အလွန်ကြီးနေသော ဒိုင်နမိုပင်ဖြစ်သည်။ဒိုင်နမို၏မှော်ဆန်သောပြကွတ်များသည်က ရေပေါ်တွင်လမ်းလျှောတ်ပြခြင်း ၊ မျိုချလိုက်သောသကြားလုံး
ကိုလည်ပင်းမှပြန်ထုတ်ပြခြင်း၊ မှန်ကိုထွင်းဖောက်ပြီးဝင်နိုင်ထွက်
နိုင်ခြင်း၊ပိုက်ဆံ၏နံပါတ်အက္ခရာများကိုပြောင်းတတ်ပြနိုင်ခြင်းတို့ ပင်ဖြစ်သည်။ ထိုအပြင်သူသည် 2012 စပိန်ဘောလုံး
အသင်းနှင့် အီတလီအသင်းတို့ ၏နောက်ဆုံးဗိုလ်လုပွဲကို စပိန်အသင်းက နှစ်ဂိုး(သို့ ) နှစ်ဂိုးအထက်နှင့် နိုင်မည်ဟုဟောကိန်းထုတ်နိုင်ခဲ့ သောရှေ့ဖြစ်ဟော
ဆရာလည်းဖြစ်နေသေးသည်။ ဒိုင်နမိုသည် စပိန်ဘောလုံးအသင်း၏ ယှဉ်ပြိုင်ကစားမည့်ပွဲစဉ်တိုင်းကို ဟောကိန်းထုတ်ပေးခဲ့ သည်။ ထိုဟောကိန်းမှရရှိသည့် ဆုငွေပေါ်င်း 10000ကိုမူ ဆယ်ကျော်သက်ကင်ဆာစောင့်ေ၇ှာက် ရေးအဖွဲ့ ကိုလှုဒန်း
ခဲ့ လေသည်။ သူထိုကဲ့ သို့ ဟောကိန်းထုတ်နိုင်ခြင်းကို ဒိဗ္ဗအာရုံ (သို့ ) ထိုးထွင်းသိမြင်စွမ်းရည်ဖွံ့ ဖြိုးသည့်ဟုခေါ်လေသည်။


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>