Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

သင့်ကြောင့်အသည်းမကွဲပါစေနဲ့

$
0
0

ထွက်သွားတော့မှာလားချစ်သူ

ဒါဟာနှုတ်ဆက်စကားဆိုရင်ငါ့ကိုငိုခွင့်ပေးပါ

နေပူရင်နင့်ကိုငါသတိရတယ်

မိုးရွာရင်လည်းသတိရတယ်

လေတိုက်ရင်လည်းသတိရတယ်

ဘာလို့လည်းဆိုတော့အမြဲတမ်းအချိန်ပြည့်မဟုတ်တိုင်ငါ့ရဲ့အချိန်တော်တော်များများ

နင်နဲ့ဖြတ်ကျော်ခဲ့ကြလို့ပါ

ငါနင့်ကိုစောင့်နေပါတယ်

တစ်နေ့နေ့ပေါ့နင်ပြန်လာပါ့မလားဆိုတဲ့မျှော်လင့်ချက်နဲ့ပေါ့

ငါ့ယုံကြည်ချက်တွေဟာနင့်အတွက်တော့သံယောဇဉ်အသေတွေဆိုတာ

 

ငါနားလည်ပါတယ်ချစ်သူရယ်

 

ငါ့အနားမှာနေမပျော်လို့ထွက်သွားမှတော့ငါမတားမြစ်တော့ပါဘူးနော်

နင်ကအနိုင်ရမှကျေနပ်တဲ့သူဆိုရင်ငါကလည်းအရှုံးပေးပါတယ်ချစ်သူ

လွတ်လပ်ပေါ့ပါးစွာနင်ပျော်မယ်ဆိုရင်ငါနဲ့အဝေးဆုံးကိုသာထွက်သွားလိုက်ပါနော်

ဟိုးအရင်တုန်းကနင်သိပ်မြတ်နိုးပါတယ်ဆိုတဲ့ငါ့မျက်ဝန်းတွေကိုနင်မြင်နိုင်ရင်

တွေ့ရလိမ့်မယ်ချစ်သူငါငိုနေတာတော့မဟုတ်ပါဘူးသူ့အလိုလိုမျက်ရည်ဝဲနေတာပါ

အချစ်ဆိုတာအဒီလောက်ထိအောင်နာကျင်ထိရှလွယ်မယ်ဆိုရင်ငါမကိုးကွယ်ခဲ့ပါဘူး

နင်ငါ့ကိုချစ်တတ်အောင်တော့သင်ပေးခဲ့တယ်

နင့်ကိုမေ့ပျောက်ပစ်ဖို့တော့ဘာလို့မသင်ပေးခဲ့ရတာလည်းဟင်

နင်ငါနဲ့ပတ်သက်ပြီးသွေးအေးသွားတာမြန်လိုက်တာနော်

ငါကတော့နင်နဲ့ပတ်သက်လို့အခုထိအရူးတစ်ယောက်လိုသွေးပူနေတုန်းဘဲ

နင်နဲ့ဝေးနေတဲ့ငါ့ရဲ့နေ့တွေညတွေဘယ်လိုငါနေရမှာလည်းချစ်သူရယ်

တစ်နေ့နေ့တော့နင့်ရင်ထဲမှာငါအိပ်စက်ချင်သေးတယ်

အဒါအိမ်မက်ဆိုတာငါလက်မခံနိုင်သေးဘူးဘာလို့လည်းဆိုတော့

ငါနင့်ကိုမက်မက်မောမောချစ်ခင်စုံမက်ခဲ့ဖူးလို့လေ

အလွယ်တကူချစ်လို့အလွယ်တကူမုန်းနိုင်ပြီလားချစ်သူရယ်

နင့်ကိုချစ်တဲ့ငါ့အချစ်တွေမျှော်နေရတာပင်ပန်းလွန်းလို့

ဒီဘ၀တင်မဟုတ်ဘူး

နောက်ဘ၀ထိသံသရာရှည်နေအုံးမယ်ချစ်သူရယ်

ငါ့ဘ၀မှာလေအမက်မောဆုံးအရာကိုပြောပါဆိုရင်နင်နဲ့အတူတူရှိနေတဲ့ချိန်တွေကို

လွမ်းတယ်

ဘယ်ကိုကြည့်ကြည့်ငါ့မျက်ဝန်းတွေထဲမှာနင့်ကိုမြင်နေရလို့ငါရူးတော့မယ်ထင်တယ်

ဘယ်တော့ငါ့ဆီပြန်လာမှာလည်းမသိပေမဲ့ငါ့မျက်ဝန်းတွေက

နင်နဲ့ငါ့ရဲ့

အရင်အချိန်တွေကိုပြန်မြင်ယောင်နေတုန်းဘဲ

ငါနင့်ကိုလွမ်းရလွန်းလို့ခဏလောက်ဖြစ်ဖြစ်နင့်ကိုမုန်းခွင့်မေ့ပျောက်ခွင့်ပေးပါလို့

ငါ့နှလုံးသားကိုငါတောင်းဆိုမိတာအခါခါပါဘဲ

ဒါပေမဲ့ချစ်သူရယ်ချစ်သူဆိုတဲ့အဒီနာမ်စားလေးကို

ငါမေ့မရသရွေ့နင်ဟာ

ငါ့ရဲ့အရှင်သခင်လိုငါ့ဘ၀ကိုသိမ်းပိုက်ထားနိုင်သူပါဘဲ

 

 

 

 

 

 


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>