Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

တေးထပ်ကဗျာဆရာခေတ်သစ်မင်းနန္ဒာကဗျာ ပြပွဲ

$
0
0
[ Please click me tender ]

Divider Scraps and Graphics***လတန်ဆောင်တိုင်**


ရေသလ္လာပြင်ဝယ်၊ရွှေကြာနွယ်ပန်း
သွယ်တန်းစီစီ၊ဖူးလွှာပွင့်ပွင့်
အလှတင့်တင့်၊ပွင့်လန်းနေရှာ
သဒ္ဒါဆွတ်ဆွတ်၊တာရာညွတ်၍
စန္ဒာလမင်း၊ထိန်ထိန်ဝင်းဝင်း
ထွန်းလင်းနေရှာ
ရွှေလသာသာ၊ငြိမ့်ညောင်းသာယာ
သာယာလက်ခတ်၊စဉ်ရက်ကန်းသံ
နားဝသံချို၊တေးသံပုံနှယ်
ဖန်စွတ်ရည်စိုး၊မြတ်သင်္ကန်းကို
ရွှင်ပြုံးပီတိ၊ခိုတွဲသဒ္ဒါ
ကြည်လင်စွာရယ်၊သာယာမနော
ပီတိဇောနှင့်၊နိဗ္ဗာန်ရည်မျှော်
မြတ်ဘုရားကို၊ပူဇော်ရန်တွက်
ယက်လုပ်လေသည်

ဆီးမီးမြိုင်မြိုင်၊ပန်းတွေလှိုင်လှိုင်
ကထိန်သင်္ကန်း၊လက်ဝယ်ကိုင်ဆောင်
ကျောင်းတော်ရာသို့၊ကောင်းမှူ့ပြုရန်
တူစုံမောင်မယ်၊ခြေလှမ်းငယ်ဖြင့်
လှမ်းသွားလေသည်

မြတ်ဘုရားရှေ့၊ရွှေလက်စုံကို
ကြာငုံပမာ၊ထိပ်ဝယ်ဦးတင်
ဝပ်တွားခေါ်ရော်၊ထိခြင်းငါးဖြာ
ဦးခိုက်ခါရယ်၊လက်ဝယ်သင်္ကန်း
မြတ်ဘုရားထံ၊ဆည်းကပ်ပူဇော်
ပြည်နိဗ္ဗာန်လမ်း၊တက်လှမ်းသွားရန်
အုတ်မြစ်လှေကား၊ဖြစ်စေသားဟု
ဒါနတံခွန်၊စိုက်ထူလွှင့်သည်


***မင်းနန္ဒာတေးထပ်**.....

တောင်ကျွန်းသပြေတက်နေစိုးလို့
တက်နေကွန့်မြူးထွက်ကာပြု
ဇဗ္ဗူဝယ်ဘက်မတူပြိုင်သူကင်း  ဘုန်းရှိန်ထွန်းတောက်
လျှမ်းမောက်ဝေဖြာ  ကြက်သရေတစ်မျိုးစုံတဲ့မင်း
ရတနာထိန်ထိန်  စိန်ကျောက်ဝေဖြိုး
ရှိန်းဂုဏ်မောက်၍  ပိုင်စိုးနင်းသည်
လျံတေပျံ့သင်း မင်းနန္ဒာမည်ငယ်
မယွင်းပါပြီ ဘုန်းတော်ထွန်းလို့
မဟာမျိုးလယ်သတိုးဆွေနွယ်
နန်းရှင်မိုးလေး

***ချစ်ခွန်းစာလွှာ**

နန်းပင်တိုင်  အလယ်ကလေသင့်ရာမွှေး
ငွေသဇင်ပွင့်လွှာငယ်ဝင့်ကြွားကာထည်
ကြူမွှေးခူးချင်ရက်  မခူးသာတယ်လူးသာကြည်လို့
မောင်ငေးပြုံးအသွင်
ဖူးကာပွင့်မေကိုထူးတင့်တယ်ခူးလင့်သည့်
စာပေရင်ညှာစူးရှ ကာရယ် နန်းလွှာသဇင်ညှာရယ်
ညွှတ်ပါတော့ကွယ်

***ချစ်ခွန်းပြန်စာ**

ခက်ညွန့်ဖြာဖြာ  ပင်မြင့်ယံမှာ
ဖူးငုံအာပွင့်အလှတင့်သည့်
ပန်းမာလာထုံထုံကြူးမွှေး
ပန်းတစ်ခိုင်ဖြူဖွေး
တစ်ပင်တိုင်နန်းသူလေးမို့
မြူသွေးမောင်ဆွယ်
သဝဏ်လွှာပါးညွှန်းစာဖွဲ့ဆို
လွှတ်လေသူ ပျိုညွတ်ချင်သော်လည်း
အို...ဆွတ်လျှင်ကြွေမကျစေဖို့
မေလှလှလှမ်းရန်တွက်
ပန်းကလပ်သာပြင်
နောင်မမုန်းနဲ့မောင်ဘုန်းသခင်ရယ်

နှစ်ဖြာသုခချမ်းသာကြပါစေ.....ခေတ်သစ်မင်းနန္ဒာ

***မွေးနွန်းတေးထပ်**.....

နန်းတစ်ပင်တိုင်ဆန်းငွေခရု
ပန်းရွှေပဒုစက်စန်းငွေတုမက်မပြေ
တက်နေထက်ဝေ၊ကြက်သရေမြူး
ပျော်ပါးစံစည်းစိမ်တော်ဝယ်
ဘယ်ညာပတ်ပတ်လည်  ပျိုပေါင်းရံခြယ်
အိုအကြောင်းကံ  ကုသိုလ်ထူး
လူတခိုညွန့်ဖူးထိပ်ထားမယ်
နဂိုသာစွဘုန်းကံကြွယ်  သခင်ထိပ်ထားနန်းလျာမှာ
ချမ်းသာကြွယ်မှု့ဝိုင်းရံစိုး
နန်းပြဿာဒ်ထယ်  စံမြန်းနေမျိုးနတ်နွယ်
သရေမညှိုးတင့်တယ်ပါဘိလေး

***မျှော်ခိုက်တေးထပ်**

နေမင်းရောင်ရှိန် လေသာပြတင်းဆီက
အမှောင်ဖြိုးခွင်းပ  လင်းအာရုံပန်းဝတ်မှုံဝတ်မှုံ
အိုဆွတ်ပျံ့တယ်လေး
ဝဿန်ခါကူးမိုးလေရူးရဲ့ထုံထုံ
တွေးထူပုံကြောင့် ရက်စဉ်မော
ဥဩငှက်ရဲ့ကခရာပို  ကိုကိုရေလာပါတော့
ကျီးသံကနှော


***မျှော်စိုက်တေးထပ်**

ချစ်ပန်းပွင့်လန်း  ပျိုချစ်သူမောင်တော်
လှမ်းဆွတ်ပါ့ကွယ်  တံချူရှင်
ကြွေမယ်ပွင့်ဖူးမာလာ
အဖေါ်မဲ့သူမို့အတော်ဘဲနော်

ပန်းသဇင်နန်းပင်မြင့်မှာ  ခန့်ညားထည်ဝါ
ဆန်းယဉ်ယဉ်တင့်တယ်ပ မကြည်တွယ်သူ
ဆွတ်ချူမဲ့တံချူရှင်ရယ်  မချူချင်တော့ပြီလား
ဖူးစာရှင်နတ်ဆွေကညာ ကပ်လေဒေါင့်ကြား

***အတောမသတ်လောကဇာတ်**.....

အတောမသတ်

လောကဇာတ်ခုံ

ဇာတ်ရုပ်မျိုးစုံ

ငိုတစ်ခါကွယ်

ရယ်(ရီ)တစ်လှည့်နဲ့

ကျော်ဖြတ်လို့ရယ်

အတ္တ္တဖုံဖုံ

မာနပုံစု

ရင်စုံစွဲလို့

ပျော်လိုက်ပါးလိုက်

နေလာလိုက်တာ

နေဝင်ချိန်သို့

စိုက်စိုက်ရောက်လာ

ရင်ဝယ်နာပြီ

ငါမှားလေသည်

နုနုငယ်ငယ်

လှသွေးကြွယ်ချိန်

စိတ်ဝယ်ထင်တာ

ငါ၏ခန္ဓာ

မြဲမည်သာဟု

တွေးတောကာရယ်

မေ့လျော့ပေါဆ

သတိမရ

တရားအသိ

နည်းခဲ့လေသည်

မျက်ဝန်းအိမ်ဝယ်

မျက်ရည်ဖြိုင်ဖြိုင်

သွင်သွင်ကျဆင်း

နောက်ဆုံးခရီး

ဝမ်းနည်းကြီးစွာ

လိုက်ပို့နေရှာ

ပျောက်သောသူသည်

ရှာရင်တွေ့မည်

သေသောသူသည်

ကြာရင်မေ့မှာ

သံသရာဆီ

ငါနာမ်ရုပ်သည်

ဆက်လျက်ထွက်ခွာ

လက်ဗလာချည်

ထွက်ခွာနေသည်

ဪ....

အတောမသတ်

လောကဇာတ်

အသစ်ဘဝ

ဆက်ကရမည်...


နှစ်ဖြာသုခချမ်းသာကြပါစေ.....ခေတ်သစ်မင်းနန္ဒာ

***ပြန်လာခဲ့မယ်...မွေးရပ်မြေ**.....

ဖုန်လုံးတလိမ့်လိမ့်
လှည်းယာဉ်လေး
တငြိမ့်ငြိမ့်နဲ့ 
ပျော်စရာဌာနေ
အညာမြေ...

လယ်ကွင်းပြင်လေး
ရေဖွေးဖွေးမှာ
သံစုံမြည်တဲ့
ဖားငယ်လေးတို့ 
မိုးရေပတ်ဖျန်း
ရွင်လန်းနေကြပြီ...
ကောက်စိုက်သမလေး
တေးသံလေးက
ဟိုး...အဝေးကကြားရသူအဖို့ 
နားဝင်အလွန်ချို
ချိန်ညနေဆည်းဆာ
လုံမလေးငယ်လေးများ
ရေအိုးကိုယ်စီရွက်ခါ
လှမ်းလာနေတာ
မှန်းမျော်ခါပဲ
လွမ်းရနေတာ...အညာကတမာတန်းလေးနဲ့ 
ထန်းတောညို
နွေကိုတေးဆို
ဥသြညိုကလေး
ကြင်သူအဝေး
ပြေးထွက်ပြေးလို့ 
မမောမပန်း
ခရီးကြမ်း
သူနှင့်နေပြီလေ...
မွေးရပ်မြေဆီ
လွမ်းရပြီလေ
မှန်းဆကာပဲ
တမ်းတနေရ
တစ်နေ့ တော့
ပြန်ခဲ့ပါမယ်
လွမ်းရတဲ့အညာမြေရယ်...

***နွယ်တစ်ပင်**.....

ရစ်ပတ်နှောင်ချည်

သံယောဇဉ်ကြိုး

တိုးလို့ရစ်ပတ်

အဖြတ်ခက်ပြီ

တွယ်ညှိခိုင်မာ

အမြစ်တွယ်လာ

မမြင်ကွယ်ရာ

ငိုနေရရှာ

အပြုံးတွေသာ

အစဉ်ပေးကာ

ထပ်တိုးရစ်ခါ

ချည်နှောင်နေသော

အပူတောလို့

အယူမသီး

အချစ်မီးတောက်

ဟုန်းဟုန်းလောင်မြိုက်

ဘဝင်လှိုက်ဆူ

ပွက်ပွက်ဆူစေ

အပူမပေး

ရင်အေးစရာ

စကားဆိုခါ

ခစားနေမှာ

သိပါစေကွယ်

လှစ်ခါမပြ

ချစ်သမျှကို

ဖွင့်ဟမဆို

ရင်ကြားစေလို့

မရည်သော်လည်း

မျက်ဝန်းလဲ့လဲ့

အဖြေထွက်နေ

ချစ်သည့်မူရာ

ဖော်ကျူးနေတော့

မျိုသိပ်သမျှ

ချစ်ပြင်တစ်လင်း

ထွက်ကျနေပြီ

သံယောဇဉ်ကြိုး

ထပ်ခါတိုးလဲ

တိုးပါစေတော့

တိုးစေတောဟု

နှလုံးသွင်းလျက်

ပုံစုသက်သေ

ရက်တွေရေတွက်

အနေခက်ပြီ

***ဟေမာန်ဦး**.....

ဝဿန်မိုးစက်

ရုတ်တစ်ရက်သာ

ထွက်ခွာလို့ရယ်

ဟေမာန်မြူနှင်း

ဖွေးဖွေးရွရွ

တစ်စစကျ

သိပ်လှနေပြီ

ရေပြင်ကြောဝယ်

ကြာညိုသင်းသင်း

ရနံ့အဆင်း

ပွင့်လန်းနေရှာ

ပန်းမာလာရယ်

ပင်ယံမြင့်မှ

ဖြူလှသဇင်

ဖူးငုံဝင်လို့

ပွင့်ရန်အားယူ

တော်ဝင်ပန်းမို့

ခူယူပန်ဆင်

ကေသာထက်ဝယ်

အလှဆင်ရန်

စောင့်နေရှာသည်

ဟေမာန်အစ

စာဖွဲ့မမှီ

လှပနေပြီ


နှစ်ဖြာသုခချမ်းသာကြပါစေ.....ခေတ်သစ်မင်းနန္ဒာ

***လောကဓမ္မတာ**.....

အမေကမွေးအဖေကကျွေး
လောကအလယ်ရောက်လာခဲ့ပြီ
ကံကြမ္မာအခွင့်ရေး
မပေးလေတော့
ဘဝဝမ်းရေးခက်လှတယ်...

ကံဇာတ်ဆရာအလိုကျ
ကခဲ့ရဘဝဇာတ်ရုပ်စုံ
သောကအဖုံဖုံ
လောကဇာတ်ခုံဝယ်
ငိုတစ်ခါရယ်တစ်လှည့်
မနွဲ့ စတမ်းကခဲ့ရတယ်...

အချိန်တန်အရွယ်ရောက်
မိဘအိမ်ကိုဖနောင့်နှင့်ပေါက်
လောကအလယ်ဆရာကြီးသဖွယ်
လျှောက်သွားကြတော့...
အပင်အိုတော့အရိုးကျန်
မိဘတွေအိုတော့
ဆံဖြူသွားကြွေ
ပါးရေနားရေတွန့် လိပ်နေ
အဟောင်းသစ်ပင်
မိဘရင်ခွင်အေးမြထာဝစဉ်
သို့ ပါသော်လည်း
တစ်ယောက်မှရောက်မလာ
မိဘရင်ခွင်ကမ္ဘာ...အကိုင်းအခက်ကျိုး
မြေသို့ တိုးမှ
နိုးထစိတ်ဘဝင်
အေးမြအရိပ်ရှင်တို့ ထံ
နောင်တတစ်သိုက်
ရင်ဝယ်ပိုက်လို့ 
စိုက်စိုက်ရောက်လာ
ငိုပွဲတစ်ရာဖြင့်..........

**ပန်းနှင်းဆီ**.....

ပင်မြင့်ယံဆီ
ပန်းကလေးနှင်းဆီ
ဝင့်ကြွားထည်ထည်
ပွင့်လန်းနေသည်...

ရနံ့ သင်းသင်း
လေပြေညှင်း
ခေါ်ဆောင်ခြင်း
ပတ်ဝန်းကျင်ဝယ်
မွှေးပျံ့ စေကွယ်...

နှင်းဆီနီထွေး
အလှကလေး
ခူးယူပန်ဆင်
လိုချင်သူရယ်
ပေါလှကွယ်...

ဆူးဝန်းရံခ
နှင်းဆီဘဝ
အလှထာဝရ
ကြွေကျမြေခ
သခင်လက်တွင်းသာ...


***နှလုံးသားရဲ့ အမိန့် **.....
ခန္ဓာကိုယ် မိးတစ်စ
စွဲလောင်ကာ
ပြာကျနေပါစေ
ချစ်နေပါရစေ...
ဟိုး...အရင်ကလေးဘဝ
နှလုံးသားမှာ
ဘာဒဏ်ရာမရှိ
အခုတော့
နှလုံးသားကမ်းပါး
အလွမ်းရေတိုက်စား
သောင်ခုံလေးတောင်
မရှိတော့ပါလား..

မတည်မြဲတဲ့
လောကမို့ 
သောကခြေရာကို
ဝေဒနာအဖြစ်
မသယ်ဆောင်ချင်တော့ဘူး...

သမုဒယကြိုးတစ်စ
ဖြတ်ချခါ
လမ်းခွဲမှာ
ဝမ်းနည်းတာကို
မျိုသိပ်တိတ်တိတ်လေးပဲ
ငိုတော့မယ်...
မကြင်နာလို့ 
ပစ်ခွာပြေးတာမဟုတ်
ရင်နာနာနဲ့ 
စွန့် ခွာခဲ့တာပါ...
နှစ်ဖြာသုခချမ်းသာကြပါစေ.....ခေတ်သစ်မင်းနန္ဒာ♪♫Divider Scraps and Graphics

Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>