ရွှေမြို့တော် သူငယ်ချင်းလေးများ မင်္ဂလာပါနော်
ကျောင်းသားဘဝ
သင်
-သင့် Practical ချိန်များနှင့် Lecture ချိန်များမှာ သင့်ရဲ့ iPone, Handset, တွေနဲ့ ဂိမ်းခိုးဆော့ဖူးပါပြီလား ?
ဒါဆို သင့် တီချယ်သင်နေတဲ့ Lecture များကို ဂရုတစိုက်တစ်ချိန်လောက် နားထောင်ပေးလိုက်ပါ။
- သင့်စာသင်ချိန်တွေမှာ သင့်သူငယ်ချင်းလေးတွေနဲ့ စနောက်ပြီး အပျော်လွန်ခဲ့ဖူးပါပြီလား ?
ဒါဆို သင့် ရဲ့ Lecture တွေကို တစ်ချိန်လောက် စိတ်ပါဝင်စားကြည့်လိုက်ပါ။
- သင့်အတန်းချိန်တွေမှာ သူငယ်ချင်းပေါင်းများစွာနဲ့ ကင်တန်းထိုင်၊ ဂိမ်းဆိုင်နဲ့ အင်တာနက်ဆိုင်တွေမှာ နာရီပေါင်းများစွာ ကျူဖူးနေပြီလား။ ဂိမ်းဆော့ဖူးနေပြီလား ?
ဒါဆို သင့်ရဲ့ ချစ်လှစွာသော တီချယ်များသင်တဲ့ သင့်အတန်း စာများကို တစ်ခါလောက်အချိန်ပေး အတန်းတက်ကြည့်လိုက်ပါ။
ထူးခြားတဲ့ ကျောင်းသားဘ၀ အနှစ်အရသာကို သိလာပါလိမ့်မယ်။
===============================================
သားသမီးဘဝ
- သင့်မေမေ ချက်ကျွေးတဲ့ ဟင်းအရသာကို ချိုလွန်းတယ်။ ချဉ်လွန်းတယ်၊ စပ်လွန်းတယ်၊ ငန်လွန်းတယ်။ ခါးခွန်းတယ် ဖြင့် အခါတစ်ရာမက ချေးများဖူးပါပြီလား ?
ဒါဆို သင့်မေမေအတွက် သင့်မေတ္တာတွေအပြည့်ထည့်ကာ ဟင်းတစ်ခွက်လောက်ချက်ပေးလိုက်ပါ။
- သင့်မေမေထံ လက်ဝါးကလေးဖြန့် ဘာဖိုး။ ဘာဖိုး။ မုန်းဖိုး။ Shopping ဖိုး။ ဖိုးပေါင်းများစွာ အကြောင်းပြုလို့ အသပြာထောင်ပေါင်းများစွာ တောင်းယူဖူးပါပြီလား ?
ဒါဆို ဒီလထုတ်မယ့် သင့်ရဲ့လစာ သုံးပုံတစ်ပုံလောက် သင့်မေမေ ရဲ့လက်ထဲ အပ်ကြည့်လိုက်စမ်းပါ။
- ဟိုနားဒီနား ခရီးသွားရင် ဟိုမှာဒီမှာ။ မပါလာရင် စိတ်ကောက်။ ငြူစု။ ထပ်ခါတစ်လဲလဲ လက်ဆောင်မှာ။ အဖေနားမှာ တစ်ပူဆာဆာ လုပ်ခဲ့ဖူးပါပြီလား ?
ဒါဆို ဖေဖေ့အတွက် လမ်းထိပ်လက်ဖက်ရည်ဆိုင်က လက်ဖက်ရည်လေးတစ်ခွက်လောက် ၀ယ်ပေး လိုက်ပါ။
- ဖေဖေနားမှာ ဂျီက လိုချင်တာ တပူဆာဆာပြော။ အလုပ်အကြောင်းရင်ဖွင့်။ မေမေနဲ့ တိုင်ပင်စရာတွေ များ။ ကိုယ့်လိုပတ်တွေ များစွာကို ဖွင့်ချလို့ ဖေဖေမေမေတို့ဆီမှာ စကားတွေ အပ်ကြောင်း ထပ်လို့ သင့်စိတ်အလိုကို အကြိမ်ထောင်မက ရင်ဖွင့်ပြီးပါပြီလား?
ဒါဆို အသက်ကြီးတဲ့ သင့်ဖေဖေ သင့်မေမေတို့ရဲ့စကား အချိန်လေးပေးလို့ တစ်ရက်လောက် နားစိုက်ထောင် ပေးပါလား။ (အသက်ကြီးသူများ။ သက်ကြီးရွယ်အိုအရွယ် မိခင်ဖခင်တို့သည် သူတို့အတွက် စကားပြော ဖေါ်ထက် သူတို့ပြောပေးသော စကားကို နားထောင်ပေးတတ်ဖို့လိုပါသည်။)
- ဖေဖေရယ် မေမေရယ်လို့ ပူပူ ချမ်းချမ်း လိုရာကို ၀ယ်ပေးစမ်းရယ်လို့ အနွေးထည် အအေးထည် အကောင်းစားအ၀တ်တွေကိုမှ တပူတဆာဆာ ၀ယ်ပေးခိုင်ဖူးပါပြီလား?
ဒါဆို ဒီနှစ်ဆောင်းရာသီလေး အမှီ သင့်ဖေဖေ နဲ့ မေမေ့တွက် အနွေးထည်လေးတစ်ထည်စီလောက် ၀ယ်ပေး လိုက်ပါ။
သင်အရင် လုပ်ခဲ့ဖူးသမျှ ထက် ပိုမိုချိုမြိန်တဲ့ ခံစားမှုလေးတွေ ရလာမှာပါ။ ပီတိအရသာလေးက ဘာနဲ့မှ မတူလို့နော်။
ဆက်လက်မျှဝေပါအုံးမည်။
တစ်ပါးသူပျော်ရွှင်ဖို့စိတ်ရင်းနှင့်အားထုတ်သူသည် ကိုယ်တိုင်ပျော်ရွှင်ရသူသာဖြစ်သည်။