Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

......သတိရမိတယ်ဒဂုံတက္ကသိုလ်.......

$
0
0

အချိန်အားဖြင့် ၂၀၀၃ ခုနှစ်၊ ဒီဇင်ဘာလ၏နေ့လေးတစ်နေ့တွင် ဖြစ်ပါသည်။ ကျွန်မတို့(ဥပဒေ၊ E Major၊ Physic ၊ မြန်မာစာ) မှ သူငယ်ချင်းများသည် ဒုတိယနှစ်ဖြစ်၍ နည်းနည်းကျောင်းပါးဝသည်ဟုလည်း ပြောလို့ရပါသည်။ ကျွန်မတို့ ဒုတိယနှစ် စတတ်သောအချိန်တွင် တက္ကသိုလ်ဝင်တန်း ၂၀၀၂ အောင်သောကျောင်းသား၊ ကျောင်းသူများ ပထမနှစ်စတတ်ရသောအချိန်လည်းဖြစ်ပါသည်။ ကျွန်မတို့သူငယ်ချင်းများ မှ ယခုနှစ်တွင် ပထမနှစ်စတတ်သောကျောင်းသားလေးများအား မည်သို့စလျှင် ကောင်းမလဲဟု သူငယ်ချင်းများစုဝေး၍ တိုင်ပင်ကြသည်၊ ထိုအခါ E Major မှ သူငယ်ချင်း ချိုချိုလွင်မှ'' အကြံရပီဟေ့ '' ဟုဆိုကာ သူ့၏ စနောက်ရန်အစီအစဉ်ကိုပြောပြသည်၊ ကျန်သည့် သူငယ်ချင်းများမှ '' အဲဒီအစီအစဉ်ကောင်းတယ်'' ဟု ပြောပီး၊ နောက်နေ့မနက်တွင် ထိုအစီအစဉ်စတင်ရန် ပြင်ဆင်ကြလေတော့သည်။ နောက်နေ့မနက်တွင် မနေ့က ပြောထားသည့်အစီအစဉ်အတိုင်း စတင်လှုပ်ရှားကြတော့သည်၊ သူငယ်ချင်း ချိုချိုလွင်မှ မြန်မာရင်ဖုံးအင်္ကျံနှင့် ထမီကို ၀တ်ပြီး၊ မျက်မှန်တပ်လိုက်လျှင် တကယ့်ဆရာမကြီးသဏ္ဍန်ပေါက်သွားတော့သည်။ ကျန်သည့်သူငယ်ချင်းများမှ ကျောင်းသူ၊ ကျောင်းသားလေးများပုံစံ မှင်သေသေနှင့် ထို မျက်နှာပြောင်မည့် အဆောင်ဖြစ်သည့် Geology (ဘူမိ) အဆောင်သို့ မျက်နှာပိုးများသတ်ကာလှမ်းလာခဲ့တော့သည်။ ပထမနှစ်တတ်စ ကျောင်းသား၊ ကျောင်းသူ တို့၏ထုံးစံအတိုင်း အခန်းတွင်းမှ အခန်းပြင် မထွက်၊ တစ်ယောက်နှင့်တစ်ယောက်သူငယ်ချင်းအဖြစ်မိတ်ဖွဲ့ခြင်း၊ တစ်ယောက် အကြောင်းတစ်ယောက်အပြန်အလှန်ပြောခြင်း၊ မည်သည့်အချိန်တွင်မည်သည့်ဆရာ၊ ဆရာမများ စာလာသင်မည်နည်းဟု မျှော်လင့်နေကြသော ရင်အခုန်ဆုံးအချိန်ဖြစ်ကြသည်။ ထိုအချိန်တွင် ကျွန်မတို့ သူငယ်ချင်းအချို့က အပြင်မှ ဆရာ၊ ဆရာမ အစစ်များ လာ၊ မလာစောင့်ကြည့်သူကြည့်၊ ကျောင်းသား၊ ကျောင်းသူလုပ်မည့်သူများကလဲ ဆရာမစာအုပ် နှင့်အိတ်ကို ကိုင်ပြီး၊ အခန်းအတွင်းသို့ ခြေလှမ်းများစတင်လိုက်တော့သည်။ အခန်းတွင်းဝင်ဝင်ချင်းမှာပင် ကျောင်းသူ၊ ကျောင်းသားများ အားလုံးငြိမ်သက်သွားကြ သည်၊ ထိုအချိန်မှာပင်ကျွန်မမှ ဆရာမလာပြီ နှုတ်ဆက်ကြရအောင် ဟုဆော်သြလိုက်သည်။ အားလုံးမတ်တပ်ရပ်နှုတ်ဆက်အပြီးတွင်၊ သူငယ်ချင်း ချိုချိုလွင်မှ ဆရာမကြီးသဏ္ဍာန်ဖြင့် ''Teacher ကတော့ E မေဂျာမှ တီချယ် ချိုချိုလွင် ဖြစ်ပါတယ်၊ ဒီနေ့က တော့ တီချယ်အချိန်မဟုတ်ပါဘူး၊ အရင်ဆုံးလာမိတ်ဆက်တာပါ၊ မနက်ဖြန် တီချယ် အချိန်ရောက်မှ စာစသင်မည်ဟု'' ဟု မိတ်ဆက်၍ မဆုံးသေးခင်မှာပင်၊ အပြင်တွင်တာဝန်ယူထားသော သူငယ်ချင်းများထံမှ တကယ့်ဆရာမများ လာနေပြီ ဟု မျက်နှာရိပ်၊ မျက်နှာကဲ ပြသဖြင့် ကျွန်မမှ '' တီချယ် သမီးတို့ကိုခွင့်ပြုပါ'' ဟုပြောလိုက်သည်၊ ထိုအခါမှသူငယ်ချင်းတီချယ်လည်း သဘောပေါက်သွားပြီး၊ နောက်ကျတဲ့ခြေထောက် သစ္စာဖောက် ဟုဆိုကာအဆောင်နှင့်ဝေးသည့်နေရာသို့ ပြေးလာကြပြီးမှ အားရပါးရ အူတတ်အောင်ရယ်ရလေတော့သည်။ ထိုအချိန်မှသေချာပြန်ကြည့်မိလိုက်သည်၊ တီချယ်လုပ်သောသူငယ်ချင်းမှာ နားကွင်းကြီးနှင့်ဖြစ်နေ၍ ထပ်ဆင့်ပြီး အူတတ်အောင်ရယ်လိုက်ရသေးသည်။ ထိုသို့ မျက်နှာပြောင်ပြီး ၃-၄ ရက်ခန့်အကြာ လောက်တွင်မှ Geology မှ ကျောင်းသား၊ ကျောင်းသူများသည် ကျွန်မတို့ အဖွဲ့အားတွေ့ပြီး '' ဆရာမအတု'' အဖွဲ့ဟု သိသွားလေတော့သည်။ ထိုအချိန်ကား တကယ့်ကိုအပူပင်မရှိ အရမ်းပျော်စရာကောင်းခဲ့သောအချိန်လေးဖြစ်ခဲ့ပါသည်။

ဒဂုံတက္ကသိုလ်နှင့်သူငယ်ချင်းများအားလုံးကိုသတိရလျှက်

                                  မို့မို့


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>