ဒီနေ့ပေါ့ ဘွဲဖောင်တွေတင်လို့ရပြီးဆိုတော့ သွားတင်တာပေါ့ ဟိုရောက်တော့ကျောင်းတောကလိုမလှပနိုင်တော့ဘူးပေါ့နော် နယ်မြို့ကလေးက ကားစီးသွားရတယ်ဆိုတော့ လေတွေတိုက်ထားတာ နဲနဲတော့ပွနေတာပေါ့ ဘွဲ့ဖောင်ထုတ်ပြိး ဓာတ်ပုံရိုက်ဖို့သွားတာပေါ့ ဓာတ်ပုံဂိုက်တဲံနေရာကလည်း ကဲကဲ မိန်းကလေးတွေရင်ဖုံးဝတ် ယောက်ကျားလေးတွေက လည်ကတုံဝတ် လို့မှာနေတာ အာအာကျယ်ကျယ်နဲ့ ဝေးဝေးကနေတောင်လှမ်းကြားနေရပါပြိး ကန့်ကော်တောတွေဖြတ်ပြီးလာရတော့ကျောင်းကြီးအနံ အငွေ့သက်တွေကတော့မမေ့နိုင်အောင် လူတွေကိုဆွဲဆောင်ထားတာပေါ့ ဓာတ်ပုံရိုက်တဲ့နေရာရောက်တော့ အ၀တ်တွေလည်းနေရင်း မိန်းကလေးတယောက်မှ ညီမလေး ဒိရင်ဖုံးဝတ်တဲံ နောက်တွေတဲ့လူတိုင်းကလည်း ဘယ်နှစ်လည်းလို့မေးပါတယ် ဒါပေမယ့်မဖြေချင်ဘူးလေ ဒုတိယနှစ်က ကိုယ့်ကို ညီမလေးလို့ခေါ်နေတာလေ ဘာဘဲပြောပြော ကျောင်းလေးနှစ်တက်ပြိး ဥပဒေဘွဲ့ရတာတောင်နုပျိုနေသေးတယ်လို့ထင်ပါတယ် ခိခိ နောက်တော့ယဉ်ကျေူးမှုအရ ၃။၎ ခါမေးလာတော့ ဘွဲ့ ဖောင်လာတင်တာလို့ပြုံးပြုံးနဲ့နဲ့ပြောတော့ ရှက်သွားတယ်နဲ့တူပါတယ် နောက်တယောက်လာထပ်မေးပါတယ် ပထမနှစ်မဟုတ်ဘူးလားတဲ့ မဟုတ်ပါဘူးလို့ပြန်ပြောပြတော့ ခေါင်းလေးခါပြီးငုက်သွားတယ် နှစ်တိုင်းကျောင်းအပ်တာ နောက်ကျပြိး ပထမနျစ်လေးတွေနဲ့ တိုက်ဆိုင်နေသော ကျမမှာပထမနှစ်ဟု ထင်ချင်းကို၎နှစ်လုံးလုံး ထင်ခြင်းခံရတာပါ သူငယ်ချင်းတွေကိုတော့ ဘယ်နှစ်ကလည်း ဟုမေးလေ့ရှိပြိး စိတ်သွားသော သူငယ်ချင်းတွေကိုသတိရနေသေးပါတယ် အမြဲတမ်းနုပျိုချင်သူ ဒုတိယနှစ်နဲ့ တတိယနှစ်ကျောင်းသူကျောင်းသားများ ရိုးရိုးလေးဝတ်ပြီး သွားနော် အဲဒါဆိုရင်တော့ သေချာပါပြိး ပထမနှစ်ဆိုတာ အလှမပြင်နိုင်သေးဘူးလေ
အကြံကောင်းလေးတွေ ပေးလိုက်တယ်နော်