စာဂဘ၀င်မင်္ဂလာပါရှင့်ရွှေမြို့တော်အင်တာဗျူးကဏ္ဍလေးအတွက် အင်တာဗျူးလေးမေးချင်လို့ပါရှင်။
မင်္ဂလာပါ ညီမလေးရှင်းသန့် မေရေ အင်း မေးပါရပါတယ် သိသလောက်ဖြေတာပေါ့နော်။
ကိုစာဂဘ၀င်ရဲ့ မွေးရပ်မြေနဲ့ယခုလက်ရှိနေထိုင်နေတဲ့ နေရပ်နဲ့ lifestyle လေးကိုလည်း သိပါရစေရှင်။
သဘာဝဘ၀နေထိုင်မူပုံစံကတော့တူတူပါပဲ။
မွေးရပ်မြေနဲ့ တိုင်းတပါးဆိုတော့ နေရာမတူဘူးလေ ဒါကြောင့် ၀တ်တာ စားတာ နေတာ
ထိုင်တာလေးတွေကတော့အခြေနေအရပြောင်းလဲပေးရတာပေါ့နော်။
ကိုစာဂဘ၀င်ဆိုတာနာမည်အရင်းလားရှင့် အဓိပ္ပါယ်လေးသိပါရစေရှင့် ။
စာဂဘ၀င်ဆိုတာနာမည်အရင်း မဟုပ်ပါဘူး အဖြားလည်းဟုပ်ပါဘူး ဟိဟိ
ကလောင်နာမည်ပါခင်ဗျ အဓိပ္ပါယ်ကတော့ စာဂ ဆိုတာ ရက်ရောခြင်း ပေးလျှုခြင်း
ဘ၀င် ကတော့နလုံးသားပေါ့နော် ရက်ရောတဲ့နလုံးသားပေါ့ အတ္တထက်ပရကို
ရှေ့ တန်းတင်ချင်တဲ့ရည်ရွယ်ချက်နဲ့ဒီနာမည်လေးကို ရွေးလိုက်တာပါ။ လှလား ကြိုက်လား ညီမလေး။
ကိုစာဂအသက်လေးကိုသိပါရစေရှင့်(သေမင်းမသိအောင်တိုးတိုးပြောနော်):D
ညီမ ဒီနားကိုလာခဲ့ ကျတော့်အသက် ၂၄ နစ်ပါနော် တိတ်တိတ်လေးပြောတာနော်
သူမကြားလောက်ပါ ဘူး ဟိဟိ။
မောင်လေးရဲ့ အကြိုက်ဆုံးအရာလေးတွေ ဥပမာ-အစားအစာ၊ အရောင်နဲ ၀ါသနာပါတာလေးတွေကိုလည်း ပြောပြပေးပါအုံးရှင်။
အစားအသောက်မှာဆို မနက်ဆိုရင် ကန်စွန်းရွက်ကြော်နဲ့ ကော်ဖီသောက်ပါတယ် ထမင်းစားချိန်ဆို
ပန်းသီးနဲ့ ထမင်းစားပါတယ် ဟိဟိ ရက်ရက်စက်စက်ကြိုက်လို့ပါ။အရောင်ကတော့ အမဲ နဲ့ အဖြူ ကိုပိုကြိုက်ပါတယ် ။ ဘောလုံးကန်တာဝါသနာပါ
ပါတယ် ခုတော့ဝါသနာသိပ်မပါချင်တော့ဘူးဗျ ကျတော်ကန်ဖို့ တည်ထားတဲ့ဘောလုံးကို
သူများလုကန်သွားတာများလို့ ပါဒါကအားကစားဘက်ပေါ့နော်။
စာပေအနုပညာကိုဝါသနာအရမ်းပါ ပါတယ်။ ဂီတလည်းဝါသနာပါသေး အသံမကောင်းလို
့သာညိမ်နေတာ အသံမကောင်းလည်းဆိုတာပါပဲ ကာရာအိုကေ ပေါ့နော် တွံတေးသိန်း
တန်သီချင်းတွေကိုဆိုပါတယ် ပက်ပက်စက်စက်ကြိုက်လို့ ပါ။
မောင်လေးက အချစ်ဆိုတာကို ဘယ်လိုခံယူထားလဲ။
ရှင်းကတော့ကျတော့်ကို အကိုခေါ်လိုက် မောင်လေးခေါ်လိုက်နဲ့ 
ရင်ကခုန်လိုက်မခုန်လိုက်ဖြစ်အောင်၊ ကသိကအောက်ဖြစ်အောင်လုပ်နေသလိုပဲ ဟိဟိ။
အချစ် ဆိုတာကို ဘ၀ရဲ့တစိတ်တဒေသလို့ ပဲခံယူထားသလို ပေးမျှခံယူခြင်းလို့ လည်း
ခံယူထားပါတယ်ခင်ဗျ
(အော်အသက်မသိခင်ကတော့အကိုပေါ့အသက်သိတော့မောင်လေးပေါ့တော်တော်နုတယ်နော် )
အချစ်အကြောင်းများများပြောလို့ မရဲဘူးခင်ဗျ တော်ကြာကျတော့်ကောင်မလေးကဒီလူအချစ်ကျမ်း
အဲလောက်ကျေပုံထောက်ရရင် ရည်းစားတော်တော်များလို့ ဆိုပြိးအဖြေတောင်းထားတာမပေးဘဲနေဦး မယ် ဟိဟိ။
ချစ်သူမြို့တော်လေးကိုစရောက်ပုံလေးအကြောင်းသိပါရစေရှင့်။ဆိုဒ်ထဲကိုဘယ်သူရဲ့ ဖိတ်ခေါ်မူကြောင့် ရောက်ရှိလာပြီးမှ စတင်အသုံးပြုဖြစ်ခဲ့သလဲဆိုတာလေးကိုလည်း သိပါရစေရှင်။
အင်း ကျတော်ကစာရေး စာဖတ်ဝါသနာကြီးသူမို့  ၄လပိုင်းကျော်ကျော်လောက်ကအင်တာနက်ပေါ်
စာလိုက်ဖတ်နေရင်း ချစ်သူမြို့တော်လို့  ရေးထားတာတွေ့ လို့  ၀င်လာခဲ့တာပါ လမ်းမှားပြီးရောက်လာတယ်
ဆိုပေမယ့်တကယ်တော့ လမ်းအမှန်ပါဘဲ မိုးကျရွှေ ကိုယ်ပေါ်ပေ ပေါ့ဗျာဆိုဒ်ထဲကို
ဘယ်သူမျှဖိတ်ခေါ်လို့ ရောက်လာတာမဟုပ်ပါဘူး ကံတရားက ဆွဲခေါ်လာတာပါ လို့ ပြောပါရစေ။
ကဗျာပုံစံအမျိုးမျိုးရေသားတာတွေ့ရပါတယ်ဘယ်လိုကဗျာမျိုးကိုအများဆုံးရေးဖြစ်ပါလဲမောင်လေးရေးတဲ့
ကဗျာအမျိုးအစားများကိုလည်း ကဗျာရေးသူတွေကိုမျှဝေပေးပါအုန်း။
ကဗျာပုံစံအမျိုးမျိုးရယ်တော့မဟုပ်သေးပါဘူးမမရှင်းရယ် ၎
မျိုးတည်းပါပဲ အရင်ကတော့ မော်ဒန်မဆန် ရှေးမဆန် ကဗျာတွေအရေးများပါတယ်
ဒီနောက်ပိုင်းမှာတော့ သံပေါက်ကဗျာ၎လုံးစပ်ကဗျာ မော်ဒန်ကဗျာ တွေ မကြာမကြာ တမျိုးစီအလှည့်ကျရေးဖြစ်ပါတယ် ။
ကဗျာတပုဒ်ရေးမယ်ဆိုဘယ်လိုဖြစ်တည်ပြီးရေးလေ့ရှိပါသလဲ။
ခုမှစရေးမယ်တက်သစ်စလူငယ်တွေကိုဝေမျှပေးပါအုန်းရှင့်။
သေချာတာတော့ကျတော်ကဗျာဆရာမဟုပ်သေးဘူဆိုတာပါပဲ ကဗျာဝါသနာရှင်တွေထဲက တယောက်ပါပဲ။
စိတ်ခံစားမူကို မူတည်ပြီးရေးဖြစ်ပါတယ်ခင်ဗျ ဦးနောက်အသိဥာဏ် ရဲ့ရေသောက်မြစ်က စိတ်ပဲလို့ 
ကျတော်ဖတ်ဖူးပါတယ် တကယ်လည်းဟုပ်ပါတယ်လေ လူတယောက်ကစိတ်မမှန်တော့ရင်
အတွေးအခေါ်တွေပါ လိုက်ပါမမှန်တော့တာ ရွာသာကြီးကသက်သေပဲပေါ့မယုံရင်သွားကြည့်ပါလား ဟိဟိ။
ဥပမာ ရှင်းသန့် မေ နာမည်နဲ့ ကျတော်ကဗျာရေးချင်စိတ်ဖြစ်တော့ရှင်းတယ်သန့် တယ်မေရယ်ဆို
ပြီးခေါင်းစဉ်တပ်ကာရေးလိုက်ပါတယ်။ကျတော့်အချစ်လေး ရွှေမူံသန့် မေနာမည်နဲ့ ရေးချင်စိတ်ဖြစ်တော့
ရေးလိုက်တာပါပဲ။ဘ၀ကဗျာရေးချင်စိတ်ဖြစ်ရင် ဘ၀အကြောင်း ကိုပေးချင်တဲ့မက်ဆေ့ နဲ့ ကိုက်ညီအောင်ရေး ချလိုက်တာပါပဲ စသဖြင့်ပေါ့နော် ကျတော်ကအဲလိုပဲရေးပါတယ် လူအမျိုးမျိုးစိတ်အထွေထွေလေ။ တယောက်နင့်တယောက်ဖြစ်တည်မူကွဲပြားမှာတော့အမှန်ပါဘဲခင်ဗျ၊ကျတော်လည်း
တက်သစ်စလူငယ်လေးတယောက်ပါပဲ ဟိဟိ။ဘယ်သူမျှဖိတ်ခေါ်လို့ ရောက်လာတာမဟုပ်ပါဘူး
ကံတရားက ဆွဲခေါ်လာတာပါ လို့ ပြောပါရစေ။
မောင်လေးအနေနဲ့အားကျမိတဲ့အတုမြင်အတတ်သင်ဆရာများရှိလည်းဖေါ်ပြပေးပါအုန်း။
အင်း ရှေးစာဆိုတွေတော်တော်များကို လေးစားအားကျမိပါတယ် သူတို
့ရေးတဲ့ကဗျာတွေကိုကြည့်ပြီး တုရေးပါတယ် ၄ လုံးစပ် သံပေါက် အဲလိုကဗျာတွေကိုပေါ့ လေ့လာရင်း
တုရင်း ရေးရင်းပေါ့။ မော်ဒန်ကဗျာဆရာတွေမှာဆို ဆရာတာရာမင်းဝေကဗျာတွေကိုဖတ်လေ့ရှိပါတယ်
ကျတော်အားကျမိတဲ့ မော်ဒန်ကဗျာဆရာပေါ့ ကျတော့်ရဲ့  မြင်ဆရာလည်းမှန်ပါတယ် ။
မောင်လေး အားကျရတဲ့ စာပေတွေနဲ့ စာရေးဆရာတွေရှိရင်လည်းပြောပြပေးပါအုံးရှင့်။
ကျတော်မြန်မာစာပေတွေကိုပဲ အဓိကထားအားကျပါတယ်။လူဘ၀အတွက်တကယ်အကျိုးပေးနိုင်တဲ့
စာပေတွေကို တကယ်သဘောကျသလို အားလည်းကျပါတယ်။ကျတော်အားကျတဲ့စာရေးဆရာတွေက
မနည်းပါဘူးခင်ဗျ ဆရာဖေမြင့် သုတေသီဘုန်းမြင့်သွေး နောက်လည်းရှိပါသေးတယ်။
စာပေတွေကို ဘယ်အချိန်လောက်မှာ စတင်လေ့လာ ဖတ်ရူရေးသားဖြစ်ခဲ့လည်း ဆိုတာလေးကိုလည်း ပြောပြပေးပါအုံးရှင်။
ကျတော်မှတ်မိသလောက်ဆို ကျတော်အသက် ၃နစ်သားအရွယ်လောက်ကနေ ကျတော့်အကိုကျောင်း
တက်ရင် လိုက်သွားလေ့ရှိပါတယ် တောမှာဆို အဲဒီအရွယ်က အ၀တ်အစားမ၀တ်သေးတာများပါတယ်
ဟိဟိ ဖတ်ရှု့ တာက အဲအရွယ်လောက်ကနေစပြီပေါ့ ။ရွာမှာနေချိန်တော့စာပေတွေသိပ်လေ့လာလို့ မရ
ပါဘူး ကိုဖတ်ချင်တဲ့စာအုပ်ကို အလွယ်တကူ ၀ယ်ဖတ် ငှားဖတ်လို့မျှမရဘဲကိုး။မြို့ ကိုရောက်ရင်တော့
လက်လှမ်းမီသလောက် လေ့လာပါတယ် ။ရေးတာကတော့ ရွှေမြို့ တော်ထဲရောက်မှမြဲမြဲစွဲစွဲရေးဖြစ်တာ
ပါ။မြန်မာပြည်မှာတုန်းကတော့ ဟိုတပုဒ် သည်တပုဒ်လောက်သာ ရေးဖြစ်တာပါ။
မောင်လေးရေးခဲ့ပြီးသားကဗျာတွေအားလုံးထဲကမှအကြိုက်ဆုံးနဲ့ အားရကျေနပ်မူရှိတဲ့ကဗျာလေးရှိလည်းဝေမျှပေးပါအုန်းရှင့်။
ကျတော်အားရတဲ့ကဗျာလေးက ရှင်းတယ်သန့် တယ်မေရယ် ဆိုတဲ့ကဗျာလေးပါ ကျေနပ်မူရှိတဲ့
ကဗျာလေးကတော့ မောင်နံမေးဖြေကဗျာလေးပါ။ကျတော့်ကဗျာအားလုံးကိုကျတော်အကြိုက်ဆုံးပါပဲ။
ကျတော်အားရကျေနပ်မူရှိတဲ့ကဗျာလေးလည်းရှိသေး ဦးရဲ့ မီးလေး ကဗျာလေ ဟိဟိ။
မောင်လေးက ကဗျာဥယျာဉ်အဖွဲတည်ထောင်ထားတယ်နော်ဘယ်လိုရည်ရွယ်ချက်နဲတည်ထောင်ခဲ့တာလဲ ကဗျာဥယျာဉ်ထဲမှာကဗျာအရေးကောင်းတဲ့လူများရှိလည်းဖေါ်ပြပေးပါဦး
အင်း ကဗျာဥယျာဉ် မဖွဲ့ ခင်လေးမှာ တချို့ ကမော်ဒန်ကဗျာကို
ဝေဖန်ကြတဲ့အပေါ်မှာ တော်တော် များများကဗျာမရေးကြတော့တာတွေ့ ရတယ်လေ ဒါကြောင့်ကျတော်က
မော်ဒန်ကဗျာရော ရှေးကဗျာရော စုရေးမယ့်အဖွဲ့ တဖွဲ့  ဖွဲ့မယ့်စိတ်ကူးရတာနဲ့  ကိုတတိုင်းမွေး ခေတ်သစ်မင်းနန္ဒာ တို့ နင့်တိုင်ပင်ပြီးဖွဲ
့လိုက်တာပါ။ကဗျာဥယျာဉ်ထဲဝင်တာနဲ့  ကဗျာ ဥယျာဉ်ရဲ့ ရွယ်ချက်နင့် ခလုတ်တိုက်မိမှာပါ မယုံရင်ဝင်ကြည့်လေ
ဟိဟိ။ပြီးတော့ ယနေ့ ခေတ်က မော်ဒန်ခေတ်ဆိုပေမယ့်မော်ဒန်ဘက်ကိုသာအပြီးသတ်လှည့်နေပြီ ရှေးစာပေအမွေနစ်
တွေကို ကျောပေးထားတာမျိုးကိုလည်းကျတော်သဘောမကျပါဘူး အညမညရှိရှိဖြစ်စေချင်တဲ့ရည်ရွယ် ချက်လည်းပါ ပါတယ်ခင်ဗျ။
လူ့ဘ၀မှာ တစ်ခါတစ်လေ လောကဓံတရားတွေကို ရင်ဆိုင်ကြရတဲ့အခါ ဘယ်လိုအသိစိတ်ကလေးနဲ့ ရင်ဆိုင်ကျော်ဖြတ်ခဲ့သလဲ ဆိုတာလေးကိုလည်း ရွှေမြို့တော်သူငယ်ချင်းများအတွက် မှတ်သားစရာစကားလက်ဆောင်လေးအဖြစ် ပြောပေးပါအုံးရှင်။
လူ့ လောကကြီးကို ဆန့် ကျင်ဘက်အရာတွေ နဲ့ ဖန်တီးထားတယ်ဆိုတာ အားလုံးအသိပါပဲပေါ့
ဒီတော့ သုခနင့်ကြုံရတတ်သလို ဒုက္ခနင့်လည်းဆုံရမှာပါဘဲသုခနင့်ပဲကြုံကြုံ ဒုက္ခနင့်ပဲဆုံဆုံ
ကျတော်ကတော့ တရားသဘောအသိတွေနင့်ပဲ ဖြတ်ကျော်သွားပါတယ်ခင်ဗျ။
မောင်လေးဘ၀အတွက်အမြဲလက်ကိုင်ထား ကျင့်သုံးခဲ့တဲ့ဆောင်ပုဒ်လေးများရှိရင်
ရွှေမြို့တော်သူငယ်ချင်းများအတွက် ပြန်လည်မျှဝေပေးပါအုံးရှင်။
မုသားဝါဒနင့်ရှင်သန်နေခြင်းထက် အမှန်တရားနင့်သေခြင်းက ပိုကောင်းပါတယ်။
ပြီးတော့ အမြဲလက်ကိုင်ကျင့်သုံးသင့်တဲ့ ဆောင်းပုဒ်တွေကိုလည်း
ကျင့်သုံးသင့်လို့  ကျင့်သုံးပါတယ်။
အွန်လိုင်းအသုံးပြုနေကြတဲ့ညီအစ်ကိုမောင်နှမတွေအပေါ်မှာ မောင်လေးအနေနဲ့
ပြောချင်တဲ့ စကားလက်ဆောင်လေးများရှိရင်ပြောပြပေးပါအုန်း။
ကျတော်ကတော့ အွန်လိုင်းပေါ်တက်ရင် ကို့အတွက်အကျီုးရှိမယ့်စာတွေလိုက်ဖတ်လေ့ရှိသလို
လူတွေအတွက်အကျိုးရှိမယ့်စာတွေလည်းရေးပါတယ် အွန်လိုင်းအသုံးပြုနေတဲ့လူတွေရော
ကျတော့်လိုပဲလုပ်ပါလို့  မပြောရဲပါဘူး တော်ကြာ မင်းငါတို့ကိုဆရာကြီးလုပ်နေသလားကွ ဆိုပြီး
မန်ဘာတသိန်းကျော်က တယောက်တချက် ထုလို့ ကတော့ ကျတော့်အဖြစ်က ဆယ်ဘီးကားကြိတ်
ထားတဲ့ သတ္တုခွက်လေးထက်ကိုဆိုးနေပါဦးမယ် ဟိဟိ။
မောင်လေးအနေနဲ့ခုမှကဗျာစရေးဖို့ကြိုးစားနေတဲ့လူငယ်တွေကိုဘယ်လိုအကြံပေးချင်လဲ။
မမရှင်းကတော့ မျက်ကန်းကိုလမ်းပြခိုင်းနေပါပြီ။ကျတော်ကတော့
ကျတော်ကဗျာအကြောင်းကို လေ့လာရင်းရေးရင်းပါပဲ ခုမှစရေးမယ့်သူတွေလည်း
ဒီလိုပဲဖြစ်နိုင်လောက်ပါတယ်ထင်ပါတယ်ခင်ဗျ။
ဒီရွှေမြို့တော်ဆိုဒ်မှာ မောင်လေးအနေနဲ့ အခင်ရဆုံးသူငယ်ချင်းများရှိရင် မိတ်ဆက်ပေးပါအုံးရှင်။
ကျတော့်ကိုခင်တဲ့သူအားလုံးဟာ ကျတော်အခင်ရဆုံးသူတွေပါပဲခင်ဗျ။
မောင်လေး က အထူး ဘလော့ဂါနော် အထူးဘလော့ဂါတယောက်အနေနဲ
စိတ်ထဲဘယ်လိုခံစားရလည်း ဆိုတာ စာရေးသူတွေသိအောင်မျှပေးပါအုန်း။
ကျတော့်စိတ်ထဲမှာ ရွှေမြို့ တော်က မန်ဘာတွေအားလုံးနင့်တူတူပဲလို
့ခံစားရပါတယ် ဘာမျှမကွာလှပါဘူး
ရွှေမြိုတော်အွန်လိုင်းပရဟိတအသင်းတည်ထောင်ထားခြင်းအပေါ်ဘယ်လိုမြင်ပါသလဲ။
ရွှေမြို့ တော်ဆိုဒ်နည်းတူ ဆိုဒ်တွေအားလုံးက ပရဟိတဆိုဒ်လို့ ပဲ ကျတော်ယူဆပါတယ်
ဆိုဒ်ထဲဝင်ရင် ၀င်ကြေးဆိုပြီးသတ်မှတ်ထားတာမျှမဟုပ်ဘဲ။ဆိုဒ်ထဲမှာ
စာဖတ်ချင်ရင် ဖတ်၊ရေးချင်ရေး နည်းပညာလေ့လာချင်သလား လေ့လာ ၊
စာအုပ်တွေဖတ်ချင်သလားဖတ် အားလုံးအခမဲ့ဘဲလေ ဒီတော့ ဒါဟာလည်းပရဟိတဆိုတာရှင်းနေတာပဲပေါ့
ကိုငြိမ်းနင့်ဆိုဒ်တာဝန်ခံတွေအားလုံးက သူတို့ တတ်နိုင်သလောက်ပရဟိတလုပ်နေကြတာပဲလို့ 
ကျတော်ယူဆပါတယ်။အွန်လိုင်းပရဟိတအသင်းတည်ထောင်ထားတာအရမ်းကောင်းတယ်လို့ မြင်ပါတယ်
ဘာသာရေးအရပဲကြည့်ကြည့် လူမူရေးအရဘဲကြည့်ကြည့်ပေါ့နော် ။
ရွှေမြို့တော်ဆိုဒ်အသုံးပြုနေတဲ့မန်ဘာတယောက်အနေနဲ့ ဆိုဒ်လေးအပေါ်မှာ လိုအပ်ချက်လေးတွေရှိမယ်ဆိုရင်လည်းပြောပြပေးပါအုံးရှင်။
ပြီးပြည့်စုံတယ်ဆိုတာ မရှိတဲ့လောကကြီးမှာအရာရာမှာလိုအပ်ချက်တော့ရှိနေမှာပါဘဲပေါ့။
ဆိုဒ်ထဲမှာ အပျိုကြီးတွေ နည်းနေသလိုပါပဲ ဟိဟိ လိုအပ်ချက်လေးတခုပါ။
အွန်လိုင်းပေါ်မှာ အွန်လိုင်းသူငယ်ချင်းတွေရဲ့ခင်မင်မူအပေါ်မှာ ဘယ်လိုမြင်လဲ၊ အွန်လိုင်းခင်မင်မူကိုရော
မောင်လေးအနေနဲ့ ယုံကြည်မူရှိလားရှင့်။
ခင်မင်မူဆိုတာ ရုပ်ခန္ဒာမြင်တွေ့ မူပေါ်မှာဘဲမူတည်မယ်ဆိုရင်တော့အွန်လိုင်းခင်မင်မူက အချည်းနီး
ပဲပေါ့ အကယ်၍ နာမ်ပိုင်းဆိုင်ရာမှာမူတည်မယ်ဆိုရင်တော့ခင်မင်မူချင်းကသိပ်မကွာလှပါဘူးအပြင်
မှာခင်မင်တာနဲ့ ပေါ့နော် ကျတော်ကတော့အွန်လိုင်းခင်မင်မူကိုယုံကြည်ပါတယ်။ရည်းစားတောင်ထား မှာပါ ဟိဟိ။
ရှင်းမေးတာတွေလည်းတော်တော်လေးများနေပြီးဆိုတော့ နောက်ဆုံးမေးခွန်းလေးအနေနဲ့
ဆိုဒ်တည်ထောင်သူနဲ့ အက်မင်တွေနဲ့ပတ်သက်လို့အကြံပြုစကားလေးများရှိမယ်ဆိုရင် ပြောပြပေးပါအုံးရှင်။
ကမ်းတွေများနေတဲ့အပေါ်မှာ ဟိုဘက်ကမ်းတွေက မီးဘယ်လောက်လင်းလဲဆိုတာ
ကိုယ့်ဘက်ကမ်းက မီးကိုမကြာခဏ ညိမ်းပြီးကြည့်စေလိုပါတယ်။
(ဟုတ်ကဲ့ခုလိုအကြံပေးတာကျေးဇူးပါ)
အခုလို အင်တာဗျူးအစီအစဉ်လေးဖြစ်မြောက်လာအောင်ရှင်းမေးမြန်းသမျှကို
စိတ်ရှည်လက်ရှည်နဲ့ အချိန်ပေးပြီးဖြေကြားပေးခဲ့တဲ့မောင်လေးစာဂဘ၀င်ကို ရွှေမြို့တော်မှအားလုံးကိုယ်စားရှင်းက ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။
ဟုတ်ကဲ့ကျွန်တော်ကလည်းကျေးဇူးတင်ပါတယ်
ရွှေမြို့တော်ကတိုက်တဲ့အအေးသောက်လိုက်ဦးနော်
စာဂဘ၀င်အိမ်လေးကိုသွားလည်ချင်လျှင်
ချစ်သူမြို့ တော်ရဲ့  ဒီတစ်ပတ်အင်တာဗျူး အစီအစဉ် ဒီမှာတွင် ရပ်နားပါရစေရှင်။
နောက်တစ်ပတ် အင်တာဗျူးအစီအစဉ်တွင် မည်သူဖြစ်မည်ဆိုတာကို
မန်ဘာများသည်းခံ စောင့်မျှော်ပေးကြပါလို့  မေတ္တာ ရပ်ခံပါတယ်ရှင်
မန်ဘာများအနေနှင့် မိမိတို့  ချစ်ခင်လေးစားရသော ဘလော့ဂါများကို မေးချင်တယ်ဆိုလျှင်
နာမည်လေးပေးထားခဲ့ပါရှင် အလျင်းသင့်သလို မေးပေးပါမယ်ရှင့်။
ဘလော့ဂါများအနေနှင့်လဲ မန်ဘာများရဲ့  တောင်းဆိုမှုကို
အလေးးထားဖြေကြားပေးရန် မေတ္တာရပ်ခံရင်း
အင်တာဗျုးအစီအစဉ်ပြီး၏။
♥★ ချစ်ခင်လေးစားလျှက်♥★
♥★ ရှင်းသန့်မေ♥★