Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

အချစ်သည်...တစ်ခါတစ်ရံတွင်..အပိုင်း( ၆ )

$
0
0

နှလုံးသားစာစုများ( ၆ )

ကျော်စွာ၏မိဘတွေပြာယာခတ်နေသည်……သတင်းလာပေးသည့်သူကကျော်စွာ….ကန်သုံးဆင့်တွင်သစ်ပင်ကို

ဆိုင်ကယ်နှင့်ဝင်တိုက်မိပြီး…ပုသိမ်ဆေးရုံတွင်ရောက်နေကြောင်းပြောသည်….ရွှေဆိုင်ကိုပိတ်၍မိဘနှစ်ဦးစလုံး

ဆေးရုံကိုသုတ်ခြေတင်တော့သည်…..ဆေးရုံရောက်တော့ကျော်စွာသတိရနေပြီဖြစ်သည်……..။

ဘယ်လိုဖြစ်ရတာလည်းသားလေးရယ်…မေမေ့မှာစိတ်ပူလိုက်ရတာ….Helmet ပါလို့တော်တော့တယ်….

မေမေ့ကိုတွေ့တော့ကျော်စွာမျက်ရည်တွေဝဲလာသည်….သေသွားလည်းကောင်းပါတယ်မေမေ…….။

မပြောကောင်းမဆိုကောင်းကွယ်….ဘာတွေစိတ်ညစ်စရာရှိလည်း…။ဖေဖေက…ကျနော့ကိုကြင်နာစွာကြည့်ရင်း

ပြောသည်…..ငါ့သားဖြစ်ချင်တာတွေဖေဖေ့ကိုပြော….သားအလိုကျဖြစ်စေရမယ်….

ကျနော်ဖေဖေ့ကိုအားကိုးတကြီးကြည့်၍ပြောပြလိုက်သည်….ယုယနှင့်ဖြစ်ခဲ့သည့်ကိစ္စအားလုံး…တိတ်တဆိတ်

လက်ထပ်ထားတာကိုကျနော်မပြော….ကျန်တာအကုန်ပြောပြသည်…..လရိပ်စားသောက်ဆိုင်တွင်ဘီယာ…….

သောက်ပြီးကန်သာယာဖက်သို့အသွားသစ်ပင်နှင့်ဝင်တိုက်မိပြီးသတိလစ်သွားကြောင်းကိုပြောပြသည်…………
ဖေဖေက…ယုယမွန်နှင့်ကိစ္စကိုအမြန်စီစဉ်မည်ဖြစ်ကြောင်း….သူမမိဘများနှင့်အမြန်ဆွေးနွေးတိုက်တွန်းမည်
ဖြစ်ကြောင်းကိုကတိပေးသလိုပြောသည်…..။အမေကြီးရေသားနှင့်နေလိုက်ဦး…..ကိုယ်..ယာဉ်ထိန်းရုံးမှာဆိုင်
ကယ်ကိစ္စသွားရှင်းလိုက်ဦးမယ်….ဒုရဲမှူး…ကိုဇော်ဝင်းကကိုနဲ့ရင်းနှီးပါတယ်ဟုပြော၍ထွက်သွားသည်…..
ကျနော့ဘေးနားမှာမေမေကျန်နေသည်…..နာကျင်ခံစားနေရသောဝေဒနာတွေကိုမေ့သွားသည်….ယုယမျက်နှာ
လေးအတွေးထဲမှာပေါ်လာသည်…….ယုယမွန်ရယ်ဘယ်လိုနည်းနဲ့ရရ…နင့်ကိုငါပိုင်ဆိုင်ရချင်ပါတယ်ဟုစိတ်ထဲ
မှာပြောဖြစ်သည်………..။

ကျော်စွာ့ဖေဖေဦးတိုးကျော်….ယုယမွန်၏ဖခင်ဦးအောင်မွန်ကိုတောင်းပန်ဆွေးနွေးသည်…ကျော်စွာဖြစ်ပျက်ရ
သမျှတွေကိုပြောပြသည်……ဦးအောင်မွန်ထံမှကတိတစ်ခုပေးသည်…..ယုယမွန်နှင့်ကျော်စွာတို့၏စေ့စပ်…….
ကြောင်းလမ်းခြင်းသတင်းကိုဒီရက်ပိုင်းအတွင်းထည့်ပေးမည်…မောင်ကျော်စွာကိုသဘောမတူစရာမရှိဟု……..
ပြောပြသည်မိဘကဆင်စီးပြီးမြင်းရံစေသည့်ကိစ္စကိုသူ့သမီးလိုက်နာစေရမည်ဟုဆိုသည်….။

နောက်(၃)ရက်အကြာမှာ..ကျော်စွာနှင့်ယုယမွန်တို့၏စေ့စပ်ကြောင်းကြောင်းလမ်းပြီးစီးခြင်းဖေါ်ပြသည့်သတင်း
သတင်းစာမှာပါလာသည်…..ယုယမွန်တစ်ယောက်…မိဘတွေနှင့်အခြေအတင်စကားပြောသည်………………..
မောင်နှင့်လက်ထပ်ထားသောစာချုပ်မိတ္တူကိုထုတ်ပြသည်…….မေမေက….မဆင်မခြင်လုပ်ရက်လိုက်တာသမီး
ရယ်ဟုအပစ်တင်သံနှင့်ကျမကိုပြောသည်…….ဖေဖေ့မျက်နှာကတင်းမာနေသည်…..ကိုယ့်ကြမ္မာကိုယ်ဖန်တည်း
ချင်မှတော့မိဘအုပ်ထိန်းမှုအောက်မှာမနေဘဲ…ကိုယ့်ခြေထောက်ပေါ်မှာကိုယ်ရပ်တည်နိုင်အောင်….အရင်ဆုံး
ကြိုးစားသင့်တယ်ဟုပြောလာသည်…….ဖေဖေအတန်ငယ်တိတ်ဆိတ်နေသည်….တစ်ခုခုကိုစဉ်းစားနေပုံရသည်
ပြီးမှတင်းနေသော..ဖေဖေ့မျက်နှာအနည်းငယ်ပြုံးလာသည်….အေးလေလွန်ခဲ့ပြီးပြီဆိုတော့လည်းဘာတတ်နိုင်
မှာလည်း….မောင်ကျော်စွာမိဘတွေနဲ့ပြန်ပြီးညှိယူရတော့မှာပေါ့ဟုဖေဖေပြောလာတော့ကျမစိတ်တစ်ဝက်အေး
ရသည်……ဖေဖေက…ကျမကိုအပစ်မတင်ရန်….စိတ်ညစ်အောင်မဆူရန်မှာသည်….ဆိုင်ဖွင့်ဖို့သွားရအောင်ဟု
မေမေ့ကိုပြောသည်…..မကြာခင်မှာဖေဖေနှင့်မေမေအိမ်ကထွက်သွားသည်…..ကျမလည်းအခန်းထဲပြန်ဝင်ပြီး…
အိပ်ယာပေါ်မှာထိုင်ရင်းစဉ်းစားသည်ရုတ်တရက်ပြောင်းလဲသွားသောဖေဖေ့မျက်နှာသွင်ပြင်ကိုကျမသံသယရှိ
သည်ဒီအကြောင်း….မောင့်ဆီကို Email ကြိုတင်ပို့ထားမှကောင်းမည်….ကျမ…..စာကြည့်ခန်းရှိရာသို့သွားသည်
အွန်လိုင်းတက်ရန် laptop ကိုဖွင့်ရန်ကြည့်သည်…ကျမသုံးနေကျ laptop စားပွဲပေါ်မရှိတော့…..မေမေ့ဆီကိုဖုံး
ဆက်ပြီးလက်တော့ပ်ဘယ်မှာသိမ်းထားလည်းမေးတော့….သမီးဖေဖေ…ငွေစာရင်းတွေသွင်းနေသည်ဟု……….
အကြောင်းပြန်သည်…..ကျမရိပ်မိပါပြီ…မောင်နှင့်ဆက်သွယ်လို့ရနိုင်မည့်လမ်းကြောင်းတစ်ခုကိုစတင်ကန့်သတ်
တော့မည်ကိုသိလာသည်…..ကျမအဝတ်အစားလဲသည်…ပိုက်ဆံအိတ်ကိုယူ၍ဆိုင်ကယ်နှင့်အပြင်ထွက်ခဲ့သည်
ပြင်ပအင်တာနက်ဆိုင်တစ်ခုမှမောင့်ဆီကိုအမြန်ဆက်သွယ်ရပါတော့မည်…..အိုးဘိုတန်းရှိ Winn Internet Café ရောက်တော့ကျမအကောင့်ကိုဖွင့်သည်…. မောင့်အကောင့်လေးက..offline ဖြစ်နေသည်….မောင်ဟာအ
မြဲလိုလိုလိုင်းပေါ်မှာရှိနေတတ်သည်….ယခုဘာလို့မရှိနေလည်း…မောင်ရယ်..အရေးကြီးကာမှမောင်ကလိုင်းပေါ်
မှာအဆင်သင့်မရှိ…ဒါမှမဟုတ်မောင်သူ့မေးလ်ကို invisible လုပ်ပြီးငြိမ်နေသလား…ကျမစာရိုက်လိုက်သည်…..
“မောင်….လိုင်းပေါ်မှာရှိနေတာ…မွန်သိတယ်…အရေးကြီးလို့..မွန့်ကိုအမြန်ဆက်သွယ်ပါ……



ကျနော်မနက်ကတည်းက..စိတ်ထဲမှာတစ်မျိုးခံစားနေရသည်….ထုံးစံအတိုင်းစက်ဖွင့်ပြီးအွန်လိုင်းကိုဆက်သွယ်
သည်….ကျနော့မေးလ်းကိုဝင်လာနေသောဆိုက်မှစာတွေဖတ်နေစဉ်…မွန့်ဖေဖေဦးအောင်မွန်၏ hkitpyaing…
accountမှမေးလ်တစ်စောင်ဝင်နေကြောင်းmessageပေါ်လာသဖြင့်ကျနော်ကလစ်ပြီးဖတ်သည်…………………
စာပါအကြောင်းအရာတွေကိုဖတ်ပြီး….ကျနော်အံ့အားသင့်သည်…..ကျနော်နှင့်မွန်..ချစ်သူနှစ်ဦး၏ဘဝကြားတွင်
ဆိုးရွားသောကြမ္မာရိုင်းက…အင်အားသုံး၍စတင်ဝင်ရောက်လာပြီဖြစ်သည်…ဦးအောင်မွန်၏စာထဲတွင်…………
ကျနော်နှင့်မွန်လျှို့ဝှက်စွာတရားဝင်လက်ထပ်ထားသည်ကိုမသိ၍ ကျော်စွာနှင့်တရားဝင်စေ့စပ်ကြောင်းလမ်းခြင်း
သတင်းကိုသတင်းစာမှထည့်လိုက်မိကြောင်း…ကျောင်းပြီးပါကသမီးဖြစ်သူနှင့်ကျော်စွာကိုလက်ထပ်ထိမ်းမြား..
ပေးရန်ယခင်ကတည်းကလူကြီးချင်းသဘောတူထားတာဖြစ်ကြောင်း….စေ့စပ်ကြောင်းလမ်းခြင်းသတင်း……..
သတင်းစာတွင်ပါလာပြီးမှ….သမီးဖြစ်သူကနှစ်ဦးသဘောတူလက်ထပ်စာချုပ်ကိုထုတ်ပြကြောင်း…အခြေအနေ
အားလုံးရှုပ်ထွေးကုန်ကြောင်း….ကျနော်တို့နှစ်ဦး၏အချစ်ကိုစာနာပါသော်လည်း ….ကျော်စွာနှင့်သူတို့မိသားစု၏
နှစ်ဖက်ဂုဏ်သိက္ခာအပြင်…သမီးဖြစ်သူ၏သိက္ခာကိုပါစာနာပေးခြင်းဖြင့်လက်ထပ်စာချုပ်ကိုပိုင်ဆိုင်မှုတစ်ရပ်အ
တွက်…အသုံးမပြုပါရန်…အနူးအညွတ်တောင်းပန်ပါကြောင်း……မောင်မြင့်မြတ်သူ….၏နစ်နာမှုဖြစ်ပါကလည်း
တစ်ဦးတစ်ယောက်တည်းသာနစ်နာနိုင်ကြောင်း….ဦးတို့အနေဖြင့်မူနှစ်ဖက်မိဘဆွေမျိုးအသိုင်းအဝိုင်းကြားတွင်
မျက်နှာပျက်စရာ…အရှက်ရစရာဖြစ်မည်ဖြစ်၍သမီး…မွန်၏ရှေ့ရေးကိုပါထည့်တွက်ပေးခြင်းဖြင့်ကျနော်က..မွန့်ကို
စွန့်လွှတ်ပေးပါရန်ထပ်၍တောင်းပန်လိုကြောင်း….မောင်မြင့်မြတ်သူအနေဖြင့်လူမှုရေးအသိရှိသော…စာနာတတ်
သော…မြင့်မြတ်သောစိတ်ထားရှိသောလူငယ်တစ်ဦးဖြစ်မည်ဟုယုံကြည်ထားပါကြောင်းဖြင့်စာကိုအဆုံးသတ်
ထားသည်…..

ကျနော်…အလွန်စိတ်ထိခိုက်သည်….ပြိုင်ဖက်မရှိသောချစ်ရသူမိန်းခလေးတစ်ယောက်၏ချစ်သူဖြစ်ရသော်……..
ကောင်းလေစွဟု….ကျနော်အတွေးဝင်သည်…..ကျနော်တို့ချစ်သူနှစ်ဦးပေါင်းဆုံရန်အတွက်….ကျနော်၏ရှေ့…
ရင်ဆိုင်ရမည့်အခြေအနေများသည်….လူ့အသိုင်းအဝိုင်းနှစ်ခု၏ဂုဏ်သိက္ခာများကိုထိခိုက်စေနိုင်သည်ဆိုလျင်
ချစ်သူကိုရယူပိုင်ဆိုင်လိုမှုအတွက်ကျနော့ဆန္ဒတစ်ခုသည်မျှတမှုရှိနိုင်မည်လား….

လူမှုရေးကိုငဲ့ညှာပေးခြင်းဖြင့်…ချစ်သူကို…မချစ်မနှစ်သက်သောသူ၏…ရင်ခွင်တွင်းကိုဥပေက္ခာတရားသုံး၍
သက်ဆင်းစေခဲ့ပြီး…ချစ်သူ၏စိတ်ကိုနာကျင်အောင်ကျနော်ပြုခဲ့လျင်…ချစ်သူအပေါ်တွင်စာနာမှုတရားကင်း
သောသူတစ်ယောက်ဖြစ်ခဲ့လျင်…ကျနော်..မွန့်ဖက်က..စာနာစွာဝင်တွေးမိပြန်တော့သည်……………………
သူမ၏ခန္စာကိုယ်ကိုနာကျည်းစွာမချစ်မနှစ်သက်သောသူကိုပေးဆပ်ရင်း..နာကျည်းစိတ်တစ်ဝက်……….တွယ်
တာစိတ်ကတစ်ဝက်ဖြင့်ကျနော့အပေါ်သူမသတိရနေခဲ့ပါလျင်…သူမကျရောက်နေသောအိမ်ထောင်ရေးဒုက္ခ
ကတစ်ဖက်….မနောကံဖြင့်ကာမေသူမိစ္ဆာစာရကံကိုကျူးလွန်နေမှုကတစ်ဖက်….နောင်သံသရာအတွက်လည်း
ချစ်ရသူကို…အကုသိုလ်စိတ်ဖြင့်အဆုံးမသတ်စေချင်…..လူမှုရေးအတွက်စာနာမှုက၅၀%....ချစ်သူအတွက်
စာနာမှုက၅၀%.....ကျနော့ကိုစာနာပေးမည့်သူက…၀%....တရားလိုကနေတရားခံဖြစ်ရမည့်ကိန်းသို့………….
ရောက်မှန်းမသိကျနော်ရောက်နေခဲ့ပြီ….သစ္စာတရားကိုသာကျနော်တိုင်တည်နေမိသည်……………………
ရေကြည်ဦး..ဘုရားတွင်ကျနော်နှင့်မွန်နှစ်ဦးတိုင်တည်ခဲ့သော သစ္စာစကားများမှန်ကန်ခဲ့ပါက…..အနှောက်
အရှက်ကင်းစွာဖြင့်ချစ်သူနှစ်ဦးပေါင်းဖက်ရလိုကြောင်းတမ်းတစိတ်ဖြစ်ပေါ်သည်…ဒါတောင်မှစိတ်မချရသေး
အတိတ်ဘဝက…ကျနော်တို့နှစ်ဦးပြုခဲ့သည့်ကံအကျိုးပေးတွေကရှိနေဦးမှာသေချာသည်….မမြင်နိုင်သော..
အတိတ်ဘဝတွင်ကျနော်တို့ချစ်သူနှစ်ဦးစလုံးကောင်းသောကံများကိုသာပြုခဲ့သူများဖြစ်ပါစေဟုဆုတောင်း
မိသည်….ကျနော်၏အသိစိတ်သည်ခန္စာကိုယ်နှင့်နေတစ်ခါ…ခွာတစ်လှည့်ဖြစ်နေရပြီ…………………………။
ကျနော့ Gmail ကိုအကြည့်ရောက်စဉ်…မွန့်..အကောင့်လေးစိမ်းတက်လာတာကိုမြင်သည်…မွန်…လိုင်းပေါ်
ကိုရောက်လာပြီ…ကျနော်…invisible လုပ်ထား၍ မွန်ကျနော့ကိုမမြင်နိုင်…….ကျနော်ရှိနေနိုင်သည်ဟုယူဆ
ကာစာရိုက်လိုက်ပုံရသည်….ပထမတော့မပြောဘဲနေရန်ကြံမိသေးသည်…အကြပ်အတည်းရောက်နေမည့်..
ချစ်သူ၏မျက်နှာကိုမြင်ယောင်ကာသနားစိတ်ဝင်သဖြင့်Gtalkကိုကျနော်ဖွင့်လိုက်သည်နှင့်ဖုန်းခေါ်တော့သည်
ဟက်စက်မှချစ်သူ၏အသံလေးကိုကြားလိုက်ရသည်နှင့်စိတ်အကျပ်အတည်းကြားမှ…ခေတ္တသက်သာသလို
ခံစားရသည်….စေ့စပ်ကြောင်းလမ်းသည့်ကိစ္စကိုသူမလုံးဝမသိလိုက်ရကြောင်းသတင်းစာမှာပါလာမှသိရ…
ကြောင်းယုံကြည်ပါရန်ပြောသည်….သူမအနေဖြင့်ကျနော့ဖက်မှသာပြတ်သားစွာရပ်တည်မည်ဖြစ်ကြောင်းကို
ကတိပေးသည်….သစ္စာထားခဲ့ကြပြီဖြစ်၍ကတိပေးစရာမလိုတော့ကြောင်းကျနော်ပြန်ပြောသည်……………..
ကံတရားကြောင့်သစ္စာပျက်ခဲ့ရသော်ချစ်သူကို…..သစ္စာမစူးစေလိုသည်မှာကျနော့ဆန္ဒအမှန်ပင်ဖြစ်သည်..။

မောင်ပြုခဲ့တဲ့သစ္စာကိုအပြည့်ယုံတယ်မောင်…မွန့်အပေါ်မှာလည်းထပ်တူယုံကြည်ပေးပါ…အတင်းအကြပ်လုပ်
ခဲ့ရင်မမျှော်မှန်းနိုင်တဲ့တုန့်ပြန်မှုအထိလုပ်ဖို့စဉ်းစားထားပါတယ်….မောင့်စကားကလွဲလို့ဘယ်သူ့စကားမှနား
ထောင်မှာမဟုတ်ဘူးမောင်…..။
ကျနော်စိတ်ချမ်းသာရလေသည်…..ဒီကိစ္စကအလွယ်တကူပြီးမည့်ကိစ္စမဟုတ်မှန်းတော့ကျနော့စိတ်မှာအလိုလို
သိနေသည်…..ချစ်ရသူမွန်…တစ်ယောက်လွမ်းလို့မကျန်ရစ်ပါစေနဲ့ဟုသာဆုတောင်းပေးမိသည်…ချစ်သူကိုအား
ပေးစကားကျနော်ပြောသည်…အရာရာကိုသတိဖြင့်ရင်ဆိုင်ရန်ကျနော်သတိပေးသည်…..၂၀၁၂ ၊မတ်လတွင်….
မြန်မာပြည်ကိုခေတ္တပြန်လာရန်ရှိကြောင်းနှင့်မည်သူ့ကိုမျှအသိမပေးရန်ကျနော်မှာသည်…….။
အချစ်သည်တစ်ခါတစ်ရံတွင်…….မည်ကဲ့သို့ဖြစ်လာမည်ကို….အစွမ်းရှိလျင်…ကျနော်ကြိုသိချင်လှသည်…..။

အားလုံးကိုခင်မင်လေးစားစွာ………..ဆက်လက်ရေးသားပါဦးမည်…
ကိုယ်တိုင်ရေးအခန်းဆက်ဝတ္ထုရှည်…..kaunghtet……………


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>