အမေ
အမေ.. လွမ်းလိုက်တာ..
ပျော်စရာတွေကြားမှာ အမေ့မျက်နှာ သာယာနေပါစေ..။။
သမီးတွေကို ချစ်တဲ့အမေ မရေရာတဲ့ ဘ၀တွေအတွက်
အခက်ခဲတွေကို ကျော်ဖြတ် အချစ်အတွက် သက်သေပြ
'ဒါ ငါ့သမီးစာတတ်ဖို့' တဲ့လား..!
အမေ.. လွမ်းလိုက်တာ..
ပျော်စရာတွေကြားမှာ အမေ့မျက်နှာ သာယာနေပါစေ..။။
သမီးတွေကို ချစ်တဲ့အမေ မရေရာတဲ့ ဘ၀တွေအတွက်
အခက်ခဲတွေကို ကျော်ဖြတ် အချစ်အတွက် သက်သေပြ
'ဒါ ငါ့သမီးစာတတ်ဖို့' တဲ့လား..!
သမီးအတွက် ဂုဏ်ယူချင်တဲ့အမေ ဝေဒနာတွေကြားက
မရပ်မနား ကြိုးစားရှာဖွေနေတဲ့ငွေ' ဒါငါ့သမီးတွေအတွက်
မျက်နှာမငယ်စေဖို့' တဲ့လား..!
အဆင်မပြေမှုတွေနဲ့အမေ ရင်နာတာတွေ မျိုသိပ်..
နှိပ်စက်နေတဲ့ လောကဓံကြား ' ဒါ ငါ့သမီးအတွက် ငါ
ပေးဆပ်ရမယ်"ဆိုတဲ့ အမေ့ စိတ် တိတ်တိတ်လေး စိုးထိတ်ရင်း
'ငါ့သမီးကြီး စာကြိုးစား'တဲ့...!!အမေ လွမ်းလိုက်တာ..
မကုန်နိုင်တဲ့ ကျေးဇူးတွေအတွက် သမီးဘယ်လိုပြန်ဆပ်ရမလဲ..
ဆိုးခဲ့မိတဲ့အတိတ်တွေအတွက် နောင်တရလို့အမေ့မေတ္တာတွေ အတွက်
ကြိုးစားနေမိတယ်..သိနိုင်ပါစေအမေ..။
အရာရာတိုင်းကိုအမေ့စိတ်တိုင်းကျ ကြိုးစားနေတဲ့ အမေ့သမီးအတွက် ဂုဏ်ယူကြွေးကြော်လိုက်စမ်းပါ
ဝေဒနာတွေနဲ့အမေအတွက် သမီးရဲ့ခံယူချက်ဟာ အားဆေးတစ်ခွက် ဖြစ်ခဲ့မယ်ဆိုရင်
သိမ်ငယ်မှုတွေကြားက အမေ့မျက်နှာ သာယာပါစေ.အမေ လွမ်းလိုက်တာ~~