ဘ၀ဆိုတာမှန်ကင်းတစ်လှည့်..ထင်းတစ်လှည့်တဲ့အောင်မြင်တတ်သလို၊ရှူံးနိမ့်တတ်ကြတယ်..အဲဒါလူ့ဘ၀ပဲလေ..ရွာတစ်ရွာမှာကျေးရွာလူကြီးကသူတို့ရွာမှာချောတိုင်တက်ပွဲကျင်းပတယ်တဲ့...ဆီတွေအများကြီးသုတ်လိမ်းထားတဲ့ချောတိုင်ထိပ်မှာရှိတဲ့အလံကိုယူနိုင်ဖို့အားကြိုးမာန်တက် တက်ယူဖို့ကြိုးစားတဲ့ လူတွေအများကြီးတန်းစီနေတယ်တဲ့..ဒါပေမယ့်ဆီတွေအများကြီးသုတ်လိမ်းထားလို့ ရွာသားတွေကနည်းနည်းစိတ်ပျက်နေကျနေတယ်တဲ့ ဒါနှင့်ပွဲစတော့တစ်ဖွဲ့ပြီးတစ်ဖွဲ့ကြိုးစားတက်ယူကြတယ်တဲ့ ဒါပေမယ့်ချောတိုင်းကအရမ်းကိုချောလွန်းတဲ့အတွက် ဘယ်သူမှမတက်နိုင်ကြဘူးတဲ့ အဲချိန်မှာလူငယ်လေးတစ်ယောက်ကသူတစ်ယောက်တည်း ကြိုးစားပြီးတက်ယူတယ်တဲ့ အဲချိန်မှာ အောက်ကပရိတ်သတ်တွေကကော ချောတိုင်တက်တဲ့သူတွေကကော အမျိုးမျိုးဝေဖန်ကြတယ်တဲ့ "ငါတို့တောင်မတက်နိုင်တာ သူကတစ်ယောက်တည်းတက်ဦးမယ်တဲ့"၊ "ဆီတွေဒီလောက်လူးထားတာဒီအလံကိုယူနိုင်မှာမဟုတ်ပါဘူး"၊ "အလကားပင်ပန်းရုံပဲရှိတယ်" စသည်ဖြင့်အမျိုးအမျိုးပြောဆိုနေကြတယ်တဲ့ ဒါပေမယ့်လူငယ်လေးကတော့ တစ်ဖြည်းဖြည်းနှင့်တက်ပြီး နောက်ဆုံးတော့ချောတိုင်ထိပ်ကအလံကို ရအောင်ယူနိုင်တယ်တဲ့ အဲချိန်ကျတော့လူတွေကလက်ခုတ်သြဘာတီးပြီးအားပေးကြတယ်တဲ့ အလံကိုယူပြီးအောက်ဆင်းလာတော့လူတွေကသူ့ကိုမေးကြတယ်တဲ့ သူ့ထက်တော်တဲ့သူတွေတောင် ဒီချောတိုင်းကိုမတက်နိုင်တာ မင်းဘာလို့တက်နိုင်တာလဲလို့ အဲခါကျတော့လူငယ်လေးကဘယ်လိုပြန်ပြောသလဲဆိုတော့ "ကျွန်တော်ချောတိုင်းတက်နေတုန်းအခါ အောက်မှာရှိတဲ့လူတွေက အမျိုးမျိုးကျွန်တော်ကိုဝေဖန်ကြတယ် ဒါပမယ့် ကျွန်တော်သူတို့ပြောတာကိုမကြားသလိုနေပြီး ကျွန်တော်လိုချင်နေတဲ့အလံကိုရအောင်ယူခဲ့တယ် အဲလိုပါပဲ လူဘ၀ဆိုတာတစ်ခါတစ်လေမှာ လူတွေကဲ့ရဲ့တာတွေကို ဝေဖန်တာတွေကို လစ်လျှူရှု့ပြီး ကိုယ်လိုချင်တဲ့ပန်းတိုင်ကို ရောက်အောင်သွားဖို့က အရေးကြီးတယ် သူများဝေဖန်တာတွေ လိုက်ပြီးစိတ်ဓာတ်ကျနေမယ်ဆို၇င် ဘယ်တော့မှကိုယ်လိုချင်တဲ့ပန်းတိုင်ကိုရမှာမဟုတ်ဘူး"တဲ့ ဒီပုံပြင်လေး ကြားလိုက်တော့ ကျွန်မဘ၀အရမ်းကိုပြောင်းလဲပစ်နိုင်ပါပြီ ဒီပုံပြင်လေးကို ပြောပြခဲ့တဲ့ ကျွန်မအရမ်းချစ်ရတဲ့ချစ်သူကိုလဲအရမ်းကျေးဇူးတင်ပါတယ်...ဒီဘလော့လေးဖတ်ပြီး ဘ၀ရဲ့လောကဓံကို ကြံကြံခံနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်..ဘ၀မှာ ကိုယ့်ကိုမလိုအပ်တဲ့သူတွေရဲ့ ကဲ့ရဲ့မှုတွေ ဝေဖန်မှုတွေကို သည်းခံရင်း အောင်မြင်မှူတွေကိုပိုင်ဆိုင်နိုင်ပါစေ....