ကောင်မလေးတစ်ယောက်နဲ့ ...ကောင်လေးတစ်ယောက်ငယ်စဉ်တုန်းကပေါ့...
ကောင်မလေး ။ ။ငါချောကလက်စားချင်လိုက်တာ !!
ကောင်လေး ။ ။ခဏစောင့်...ငါအခုပြေးဝယ်လိုက်မယ်...။
ကောင်မလေး ။ ။း....)
ကောင်လေး ။ ။ရော့ !! ဒီမှာ နင်စားချင်တဲ့  ချောကလက် !!
ကောင်မလေး ။ ။ငါဒီနေ့ အိမ်စာတွေမပြီးသေးဘူးဟာ...ဆရာမ ရိုက်တာခံရတော့မယ် !!
ကောင်လေး ။ ။ဟာ !! နင်လုံးဝအရိုက်မခံစေရဘူး...နင့်စာအုပ် ငါငှားသွားတာ...အိမ်မှာမေ့ကျန်ခဲ့ တယ်လို့ ပြောလိုက်မယ်လေ။
ကောင်မလေး ။ ။အဲတာဆို နင်အရိုက်ခံရမှာပေါ့ !!
ကောင်လေး ။ ။ငါကရပါတယ်...။
ကောင်မလေးနဲ့ ကောင်လေးဆယ်ကျော်သက်အရွယ်ရောက်လာစဉ်ကပေါ့..။
ကောင်မလေး ။ ။ငါဒီနေ့ မှ စတင်တဲ့  ရုံကြီးကားကြည့် ချင်လိုက်တာ !! လက်မှတ်က၀ယ်လို့ ရပါ့မလားမသိဘူး...။
ကောင်လေး ။ ။အမလေး !! ဒီမှာခင်ဗျားအတွက် ကျုပ်အစောကြီးသွားပြီး ၀ယ်ထားတဲ့ လက်မှတ်ပါခင်ဗျာ !!
ကောင်မလေး ။ ။ကျေးဇူးပါပဲနော်...။
ကောင်မလေး ။ ။ဒီနေ့ ငါအရမ်းပျင်းတာပဲဟာ !! လျှောက်လည်ရအောင် !! နင်ချိန်းထားတာရှိလား..??
ကောင်လေး ။ ။အင်း !! ရှိတယ်ဟ !! ဒါပေမဲ့ ...ဖျက်လိုက်ပါ့မယ် !! နင်ဘယ်သွားချင်လဲပြောလေ !!
(ကောင်မလေးနဲ့ ကောင်လေး ချစ်သူတွေမဟုတ်ပါဘူး...ကောင်မလေးဘက်က သာမှန်သူငယ်ချင်း...ကောင်လေးဘက်ကတော့ သူငယ်ချင်းချစ်သူပေါ့...ကောင်မလေးဖြစ်ချင်တာ မှန်သမျှ ကောင်လေးကဖြည့် ဆည်းပေးခဲ့ တယ် !! ဒါပေမဲ့ ...မမျှော်လင့် တဲ့ တနေ့ မှာ ကောင်လေးက ကင်ဆာ ဆိုတဲ့ ရောဂါဆိုးကြီး ရှိလာခဲ့ တယ်လေ...ဒါပေမဲ့ ကောင်မလေးက မသိခဲ့ ပါဘူး...။)
ကောင်လေးက...သူ့ ရဲ့ နှောက်ဆုံးချိန်မှာ ကောင်မလေးကိုမေးခဲ့ တယ်...။
ကောင်လေး ။ ။နင့် ဘ၀မှာ အဖြစ်ချင်ဆုံးက ဘာလဲ ?? အဲဒီထဲက ငါ့ကို တစ်ခုလောက်ပြောပြပါလား !!
ကောင်မလေး ။ ။အင်း !! ငါဖြစ်ချင်တဲ့  ဆန်ဒတွေထဲက တစ်ခုဆိုရင်...ငါ့ကိုချစ်တဲ့ သူ...ငါ့အပေါ်အနွံတာခံတဲ့ သူနဲ့  တစ်သက်လုံး မခွဲတမ်းအတူတူနေချင်တယ် !! (အဓိကတော့ နင်ပေါ့ဟာ !! ငါနင့် ကိုချစ်မိနေပြီထင်တယ်ဟာ...)
ကောင်လေး ။ ။အရူးမလေး !! စိတ်ကူးကလည်းယဉ်တတ်လိုက်တာ !! :)...(တကယ်ပါ...ငါလေ ငါ့ရဲ့  နောက်ဆုံးအချိန်ထိ...နင့်ဆန်ဒတွေကို ဖြည့် ဆည်းပေးချင်ခဲ့ တာ...။ဒါပေမဲ့  အခုတော့လေ...ငါနင့် ဆန်ဒတွေကို မဖြည့် ဆည်းပေးနိုင်တော့ဘူး။ ဘာလို့ လဲဆိုတော့ နင့် ကို အရမ်းချစ်တဲ့  ငါက နင့် ဘေးမှာ တစ်သက်လုံးမှ ရှိမပေးနိုင်တော့ပဲကိုး !!!)။