ဘ၀အမြင် .............. ။
ဘ၀အမြင်လို့ ပြောလိုက်တာနဲ့တင် သင်မြင်မိတဲ့ သင့်ရဲ့ဘ၀အမြင်ကို အရင်ဆန်းစစ်ကြည့်
ပါ ။ သင့်ရဲ့ ကျန်ခဲ့တဲ့ ဘ၀ တွေမှာ သင်ဘာလုပ်ခဲ့သလည်း ။ ဘာအကျိုးတွေသယ်ပိုးခဲ့သလဲ
။ မိမိကိုယ်ကိုကော ဘယ်လိုပြင်ဆင်လုပ်ဆောင်ခဲ့သလဲ ။ သင်စဉ်းစားသင့်ပါတယ် ။ စဉ်းစားလို့ ပြီးပြီဆိုမှ အောက်က စာပိုဒ်ကိုဆက်ဖတ်ပါ ။
သင့်ဘ၀ကို သင်တန်ဖိုးထားပါသလား ။
ဒါဆိုထပ်မေးမယ် ။ သင် အချိန်ကိုကောတန်ဖိုးထားပါသလား ။ သင်အသုံးပြုခဲ့တဲ့ အတိတ်အ
ချိန်တွေဆီကို ပြန်သွားကြည့်သင့်တယ် ။ ကိုယ့်အတွက် ၊ သူများအတွက် ကောင်းကျိုးပေးခဲ့
သလား ။ စာရေးသူရဲ့အမြင်ကိုပြောရရင် ဘ၀ဆိုတာ အချိန်ပဲ ။ အချိန်ကိုတန်ဖိုးထားရင် ဘဝ
ကို တန်ဖိုးထားတာပါပဲ ။ လူတစ်ယောက်မှာ ယုံကြည်ချက်ဆိုတာလည်း ရှိကိုရှိသင့်တဲ့အရာပါ ။ ယုံကြည်ချက် (၀ါ) ဦးတည်ချက်မရှိပဲလျှောက်လှမ်းနေသူဟာ
လရောင်မရှိတဲ့ညမှာ ပစ္စည်းတစ်ခုကို စမ်းစမ်းဝါးဝါး လိုက်ရှာနေသူပဲဖြစ်တယ် ။ ရချင်လည်း
ရမယ် ၊ မရဖို့က ပိုပြီးရာခိုင်နှုန်းများတယ် ။ အချိန်ကိုတန်ဖိုးထားပါ ။ မိနစ်တိုင်း စက္ကန့်တိုင်းမှာ အရာရာဟာ ပြောင်းလဲနေကြတာပါ ။ ဒီလိုပြောင်းလဲနေကြတဲ့အထဲ မိမိရဲ့
ဘ၀ကို တိုးတက်မြင့်မားဖို့လုပ်ဆောင်ပါ ။ ကံ ၊ ဥာဏ် ၊ ၀ီရိယ ကို အမှီသဟဲပြုပါ ။
ကံချည်းသတ်သတ် အားမကိုးပါနဲ့ ။ ဥာဏ်ချည်းသတ်သတ် အားမကိုးပါနဲ့ ။ ၀ီရိယချည်း
သတ်သတ် အားမကိုးပါနဲ့ ။ သုံးပါအစုံ အသုံးချနိုင်မှ မိမိလိုရာပန်းတိုင်သို့ ဧကန်မုချ
ရောက်ရှိပါလိမ့်မယ် ။
နောက်တစ်ခု သတ္တလောကကြီးအကြောင်းကို နည်းနည်း ချဲ့ပြချင်ပါတယ် ။ လူနဲ့တိရိစ္ဆာန် ဘာကွာသလည်း ။ လူမှာ အသိဥာဏ်(၀ါ) ဝေဖန်ပိုင်းခြားနိုင်သောဥာဏ်ရှိတယ် ။
တိရစ္ဆာန်တွေမှာ ထိုကဲ့သို့သော ဥာဏ်မရှိ နတ္ထိပါ ။ ဥပမာပြရရင် ....... ။
နားနဲ့ မနာ ဖ၀ါးနဲ့သာ နာပါ ။ လူနဲ့ ခွေး အသိဥာဏ်ကွာခြားပုံအကြောင်းပါ ။ လူတွေ ဟာ
အမေကို အမေမှန်းသိ အဖေကို အဖေမှန်းသိ ညီအစ်ကိုမောင်နှမတွေကို ညီအစ်ကိုမောင်နှမ
မှန်း သိကြပါတယ် ။ ခွေးတွေကတော့ ထိုသို့သောအသိဥာဏ်မရှိကြပါ ။ ဒီလောက်ဆို
လူနဲ့ တိရစ္ဆာန်ကွာခြားပုံကို သိလောက်ပြီထင်ပါတယ် ။ လူတွေဟာ ဥာဏ်ရှိသလောက်
ဇောက်မနက်ကြပါ ။ တချို့ဆို လန်ခရူစာကားလေး စီးနိုင်ရင်ကို လူဖြစ်ကျိုးနပ်ပါပြီ ၊ သေရ
ကျိုးနပ်ပါပြီနဲ့ ဘ၀ကို နှိမ့်ချကြတယ် ။ တစ်ရက်ကပေါ့ ခွေးစုတ်ဖွားလေး လန်ခရူစာကားပေါ်မှာ လျှာကလေးတစ်လစ်တစ်လစ်နဲ့ ခေါင်းပြူပြီး ပါသွားတာတွေ့လိုက်ရတော့ အော် ခွေးလည်း ခွေးဖြစ်ရကျိုးနပ်ပါကလားဆိုပြီး တွေးမိတယ် ။ လူတွေ ကိုယ့်ဘ၀ကိုနှိမ့်ချတာ အတော်သနားဖို့ကောင်းတာပဲလို့လည်း တွေးမိတယ် ။
မိမိရဲ့ဘ၀ကို ဘယ်သောအခါ ဘယ်တော့မှ မနှိမ့်ချပါနဲ့ ။ ဖြစ်ကိုဖြစ်ရမယ် ဆိုတဲ့ယုံကြည်ချက် ကို ခိုင်ခိုင်မာမာ တည်ဆောက်ထားပါ ။ ဒီလိုဆို မဖြစ်နိုင်ဘူးဆိုတာ မရှိ
ဘူး ။ ဖြစ်ကိုဖြစ်ရမယ်လို့သာ တထစ်ချ ယုံကြည်ထားပါ ။ ယုံကြည်ချက်တစ်ခုတည်းနဲ့ ဖြစ်
မလားဆိုတော့ မဖြစ်ပါဘူး ။ ကိုယ့်ရဲ့ယုံကြည်ချက်ကို အကောင်အထည်ဖော်ရပါမယ် ။
အကောင်အထည်ဖော်ရာမှာလည်း ဥာဏ်ကို လွှာပြီးသုံးတတ်ရပါမယ် ။ ဒီလိုသာ အသုံးပြုနိုင်
မယ်ဆိုရင် ရောက်ရမယ့်အချိန်ထက် စောရောက်မယ်လို့ ထင်မြင်မိပါတယ် ။ လူတစ်ယောက် ယုံကြည်ချက်ထားရာမှာ ဥပမာပြရရင် ဒီကမ်းကိုကူးဖို့ ဘယ်လိုကြံရပါ့ ။
ဘယ်လိုတွေးရပါ့ ။ ဘယ်လိုလုပ်ရင်ကောင်းမလည်း ။ ရေကူးပြီးသွားမလား ။ ဖောင်ဖွဲ့ပြီး
သွားမလား ။ တံတားဆောက်ပြီးသွားမလား ။ ဥာဏ်ကို အသုံးချရပါမယ် ။ ဖောင်ဖွဲ့ပြီးသွားမယ်ဆို ဘာလိုသလဲ ။ ၀ါးလား အသားလား ။ ခုတ်ထစ်ပိုင်းဖြတ်ဖို့ ဘာလိုသလဲ ။ စသည်စသည်ဖြင့် စဉ်းစားရပါလိမ့်မယ် ။ ပြောရင်း ရေးရင်းနဲ့ စာက ရှည်လာတယ် ။ အတိုချုန်းပြီးတော့ပဲပြောပါရစေ ။ ဘ၀ကိုတန်ဖိုးထားတယ်ဆိုရင် အချိန်ကို
လေးစားပါ ။ အချိန်ကိုလေးစားမှ ဘ၀ကိုတန်ဖိုးထားရာရောက်ပါတယ် ။
ဘ၀ဆိုတာ မိမိရဲ့စိတ်အပေါ်မူတည်ပါတယ် ။ ဘ၀ကိုတန်ဖိုးထားပါ ၊ ဘ၀ကိုလေးစားပါ ။
ဘ၀မြင့်မှ မိမိကောင်းကျိုး ၊ မိမိရဲ့လူမျိုးကောင်းကျိုးများ ဖြစ်ထွန်းနိုင်မယ် ။ မိမိဘ၀ကို လေးစားမြတ်နိုး တန်ဖိုးထားတတ်ကြပါစေ ။ ။
ကျေးဇူးတင်ပါတယ်
လွဏ်း(လစ်တမတ်)