တခါတလေကျရင်..
မဖြစ်ချင်တဲ့လမ်းမှန်းသိတယ်..
ဒါပေမယ့် ဖြစ်သင့်ခြင်းတွေကိုထမ်းပိုးပြီး
အဲဒီလမ်းကို
မဖြစ်မနေ ရှေ့ဆက် လျှောက်မိတယ်…
တခါတလေကျရင်..
မဖြစ်နိုင်တဲ့အရာမှန်းသိတယ်..
ဒါပေမယ့် မျှော်လင့်ခြင်းတွေကိုထွေးပိုက်ရင်း
ကြွေမကျတဲ့ကြယ်ကို ရပ်တန့် ငေးကြည့်မိတယ်…
တခါတလေကျရင်..
မဖြစ်သင့်တဲ့အရာမှန်းသိတယ်..
ဒါပေမယ့် စကားနားမထောင်တဲ့နှလုံးသားကိုလက်ပိုက်ကြည့်ရင်း
နာကျင်ကြေကွဲရတဲ့အလွမ်းတွေကို မက်မက်မောမောဖမ်းဆုပ်ထားမိတယ်..
တခါတလေ..
တဘ၀စာရင်နာရမယ့် စွန့်လွှတ်ခြင်းမျိုးမှန်းသိတယ်..
ဒါပေမယ့် ရွေးချယ်ခွင့်မရှိတဲ့နေရာတစ်ခုမှာရပ်တန့်ရင်း
ထွက်ခွာသွားတဲ့အရာတချို့ကို တိတ်ဆိတ်ကြေကွဲစွာနှုတ်ဆက်လက်ပြရင်း ကျန်ရစ်နေမိခဲ့ပြန်ပါတယ်..