Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

♥ အတွေးနုနုပိုင်ရှင် ကိုမြင့်စိုး နှင့် အင်တာဗျူး ♥

$
0
0
★♫ မှုံနံ.သာဖြူ မေး၍ ★♫
 
 
♫ ♥ ကိုမြင့်စိုး ဖြေသည် ♥ ♫




♫ မင်္ဂလာပါ ရှင့် ♫


ရွှေမြို့တော်သူ ၊ ရွှေမြို့တော်သားအားလုံး သာယာ အေးမြပါစေ လို့ နှုတ်ခွန်းဆက်သပါတယ် ရှင် ..


အင်တာဗျူး အစီအစဉ်လေးမှာ ဒီတခါ အလှည့် ကျသူကတော့ မှုံတို့ ဆိုဒ်လေးရဲ့ လူပျိုသိုးကြီး ကဗျာလှလှလေးတွေရဲ့ ပိုင်ရှင် ကိုမြင့်စိုးဖြစ်ပါတယ် ။


မဂ်လာပါ အကို
အကို ရဲ့ နာမည်လေး သိချင်ပါတယ် ။


ဟုတ်ကဲ မြင့်စိုး ပါ။


ဟုတ်ကဲ့ ။ ဧရာဝတီ လို့ အကိုအိမ်မှာတွေ့တယ် ။ အကိုက ဧရာဝတီဇာတိလား ။ ခု လက်ရှိရော ဘယ်မှာ နေပါသလဲ ရှင် ..


ဟုတ်ပါတယ် ဧရာဝတီတိုင်းဒေသကြီးမှာနေတာ ။ ကျွန်တော်ကဧရာဝတီဇာတိပါ။ ယခုလက်ရှိက
တော့ ဟင်္သတမြိုမှာနေပါတယ်နော်။


မှုံ နဲ တူတူပေါ့ ။ ရိုးသား ကြိုးစား ဧရာဝတီသားပေါ့ ( လူပျိုကြီးဆိုတော့ ကြော်ငြာပေါ့ :P)

လူပျိုကြီး သာ ရမ်းခေါ်နေတာ အကို့ရဲ့ အသက် လေး သိပါရစေ ရှင် ...


ဟုတ်ကဲ့ အသက်ကတော့
လိုင်းပေါ်ကအသက် ဆိုရင်တော့ (16) နှစ်ပေါ့ ဟဲဟဲ.. ဒါပေမဲ့လေ သေရမဲ့သူတွေဆိုတော့အသက်
မေးလာရင်ကျောချမ်းပါတယ် ဒီနေအထိတော့ ကျွန်တော့အသက် (34) ပါ။


လူပျိုကြီးပေါ့လေ ခိ။ ဟုတ် .. နောက် ..အကို က ကဗျာလေးတွေ ရေးရင် စကားလုံးလေးတွေ နုတယ်နော် ။ အကို အသဲလဲနုမယ်ထင်တယ် ...ဟုတ် ?


ဟဲဟဲ အဲဒါကတော့ စိတ်အကြိုက်ရေးတာပါ ။ တကယ်လဲသူများတွေကိုသနားတတ်တဲ့စိတ်ကတော့
အမြဲရှိတာပါ။ ဒါလဲ ဗုဒ္ဓဘာသာဝင်တိုင်း သနားတတ်တဲ့စိတ်ရှိကြပါတယ်။ တခြားဘာသာတွေလဲ
သူ့ဟာသူရှိကြမှာပေါ့နော်။ အမှန်တကယ်တော့ကျွန်တော်က
စကားလုံးနုနုလေးတွေကိုကြိုက်ပါတယ်။
မှုံ ကလဲလူကဲ ခတ်ကောင်းပါတယ်။ခုနကမေးခွန်းကအသဲနုထင်တယ်ဆိုတာကတော့
ချစ်တတ်တဲ့ သနားတတ်တဲ့လူဆိုတာတော့နုတယ်လိုဆိုရင်လဲရပါတယ်။


ခေါင်းစဉ်မှာ အသဲနုနု ပိုင်ရှင်လို့ ထည့်ရမှာနော် ..။ အသဲနုတဲ့ လူပျိုကြီးရေ အကိုရဲ့ အချစ် ဆိုတဲ့ ခံစားမူအပေါ် ခံယူချက်လေး သိချင်ပါတယ် ။


အချစ်ဆိုတာကတော့ သတ္တ၀ါမှန်သမျှ ပေါ့ သတ္တလောကမှာပါဝင်သူတိုင်းကို အချစ်ဆိုတာကိုသဘာဝ
ကပေးလိုက်တယ်ဆိုရမလားမသိပါဘူး။ အချစ်ဆိုတဲ့အရာက နူးညံ့သိမ်မွေ့ပါတယ်။ အထူးသဖြင့်စာ
ရေးသူအနေနဲံ့ပြောရရင်တော့ အချစ်က လူတစ်ဦးချင်းစီရဲ့
ပုဂ္ဂလိကအမှန်တရားတခုသာဖြစ်နိုင်
ပါတယ်။ ချစ်တယ်ဆိုတာ အချစ်ခံရဖို့နဲ့ အချစ်ခံရတာ ချစ်ဖို့လို့ သဘောသက်ရောက်မှုရှိတယ်
ထင်ပါတယ်။


ဟုတ်ကဲ့ မှုံ တော့ အချစ်နဲဝေးလို့လား မသိ အချစ်ကို မဖွင့်ဆိုတတ်ဘူး ။ ကျေးဇူးပါ ရှင် ။ ပြီးတော့ အကိုက ပိုစ်နဲ ကဗျာ ၊ ကဗျာတွေ ပိုရေးဖြစ်တယ်နော် ။ ကိုယ်တိုင်ခံစားချက်နဲ ရေးတာလား ။ ဒါမှ မဟုတ် မြင်၊တွေ့ ဒါတွေ အပေါ် ၊ ဥပမာ သူငယ်ချင်းတွေ ရဲ့ ခံစားချက်ပေါ့နော် ... အဲ့လို မျိုး ရေးတာလား ..သိချင်ပါတယ် ။


ဟုတ်ပါတယ် ပို့စ်ရေးတာကတော့ ကိုယ်ပြောချင်တာတစ်ခုကို သေသေချာချာပြောနိုင်တယ်လေ။
ဒါပေမဲ့ အချိန်ယူရတယ်။ အလုပ်တစ်ဘက်နဲ့ဆိုတော့ အချိန်ရတဲ့
ကဗျာကိုရေးဖြစ်တာပါ။ တခါတလေ
တော့လဲကိုယ်တိုင်ခံစားတာပါတယ်။ ကဗျာရေးတယ်ဆိုတာ သိတဲ့အတိုင်းပါ
ကိုယ်တိုင်ခံစားရေးတာ
ကပိုထိရောက်ပါတယ်။ အမြင်ပေါ်မှာခံစားရေးတာတော့များပါတယ်။ သူငယ်ချင်းသို့မဟုတ် အသိ
ကြားသမျှ အကြောင်းအရာပေါ်မှာရယ် ပတ်ဝန်းကျင်အတွေ့ အမြင်ပေါ်တွေးလဲရေးပါတယ်။
ကျွန်တော်က တကယ်တော့ စာဖတ်တာဝါသနာပါတယ်။ ရေးဖို့တော့စိတ်ကူး မရှိတာအမှန်ပါ။
ဒါပေမဲ့ ဒီမြို့တော်ကျေးဇူးပေါ့ နော် သူများတွေရေးတာအားကျပြီးရေးကြည့်တယ်ပေါ့။
မြို့တော်ကသူငယ်ချင်းတွေကလဲ ကောင်းကောင်းမကောင်းကောင်းဝိုင်းအားပေးကြတယ်။
အဲဒါ အားပေးကြတဲ့ သူငယ်ချင်းတွေကိုလည်း တော်တော်ကိုဘဲကျေးဇူးတင်ပါတယ်။


အကို အတုယူရတဲ့ ၊ လေးစားရတဲ့ စာရေးဆရာ တွေ ရှိရင်ပြော ပြပါအုံးနော် ။


ဟုတ်ကဲ့ ကျွန်တော့အတူယူလေးစားလောက်တဲ့ စာရေးဆရာတွေကတော့များပါတယ်။
အဲဒီအထဲက အချို့ကိုပြောရမယ်ဆိုရင် တက္ကသိုလ် ဖုန်းနိုင်နဲ့ ၊
ဆရာသိန်းဖေမြင့်။ ဆရာမြသန်းတင့်တို့ပါ။ အနုစကားလေးတွေက
တက္ကသိုလ်ဖုန်းနိုင်နဲ၊ ဆရာမောင်သာရ
အကြိုက်ဆုံးပါ။ ဆရာမြသန်းတင့်ရဲ့ ဘာသာပြန် (လီယိုတော်စတွိုင်းရေးတဲ့)
စစ်နဲ့ငြိမ်းချမ်းရေး
ကိုလဲကြိုက်တာပါဘဲ။ ပြီးတော့နိုင်ငံရေးစာပေတွေလဲဝါသနာပါပါတယ် ။ သခင်တင်မြရေးတဲ့ ဘုံ
ဘ၀မှာဖြင့် ၊ သိန်ဖေမြင့်ရေးတဲ့ အရှေကနေ၀န်းထွက်သည့်ပါမာ။
သခင်သန်းထွန်းနောက်ဆုံးနေ့များ
ရသလောက်တော့ဖတ်တာပါ။ ဒီလိုပြောတာကမေးလို့သာပြောတာပါ။
ကျွန်တော့လိုဘဲ သူငယ်ချင်းတွေလဲဖတ်ကြမှာပါ ။


ဟုတ်ကဲ့ပါ ။ နောက်တခုက အကို့ ရဲ့ နေထိုင်မူ ပုံ စံလေးနဲ့ အလုပ် အကိုင်လေး သိချင်ပါတယ် ။


ကျွန်တော်က ကျောင်းဆရာပါ ။ ကျောင်းဆရာဆိုတာသိတဲ့အတိုင်းပါ ဘာလောဘမှမရှိတာအမှန်
ပါ။ ဖြစ်နိုင်သမျှ အေးဆေး တည်ငြိမ်တာကိုကြိုက်တယ်။ ဒါပေမဲ့သတ္တိတစ်ခုတော့ထား
ပါတယ် ယုံကြည်ချက် ခံယူချက်နဲ့ပတ်သက်လာရင်တော့ စွန့်လွှတ်ခဲပါတယ်။
မျိုးချစ်စိတ်ရှိတဲ့သူ
တွေဆိုရင်တော့အရမ်းလေးစားပါတယ်။


လေးစားပါတယ် အကို ။ မျိုးချစ်စိတ်က တော့ လူတိုင်းမှာ ရှိတတ်ပါတယ် ။ အနည်း အများတော့ ကွာ ဟ မူ ရှိတာပေါ့လေ ။


အားလပ် ချိန်တွေ ဘယ်လို အသုံး ချ လဲ ဆိုတာနဲ အကို့ရဲ့ ၀ါသနာလေး သိချင်ပါတယ် ။


ဟုတ်ကဲ့ အရင်ကတော့အားလပ်ချိန်တွေမှာ အားကစား ကစားပါတယ်။ အထူးသဖြင့်
ဂျူဒို နဲ့ အလေးမကိုဝါသနာပါတယ်။ ထူးချွန်တယ်တော့မဟုတ်ပါဘူး ၀ါသနာပါတယ်။
မှန်မှန်ကစားတယ် ။ ခုအလုပ်ထဲဝင်တော့ အားရင် သိတဲံအတိုင်းကွန်ပျူတာရှေ့မှာ ခစားဝင်
နေတာပါဘဲ။


ဟုတ်ကဲ့ ။ ကျေးဇူးပါ ။ နောက်တခုက ဘ၀မှာ ခံယူချက် ကိုယ်စီ ရှိကြတယ်လေ ။ အကို့ရဲ့ ခံယူချက်လေး သိချင်ပါသေးတယ် ။


ဟုတ်ကဲ့ ကျွန်တော်ခံယူထားတာကတော့ လောကမှာနှလုံးကောင်းရင် လူဟာလုပ်ချင်တာ
ဖြစ်လာနိုင်တယ်ဆိုတာကိုခံယူပါတယ်.အထူးသဖြင့် ရင်ဘတ်ကောင်းဘို့သတိထားပါတယ်။


မှတ်သားထားပါမယ် အကို ။ နောက် ...ဘာသာရေး အပေါ် အမြင်လေးနဲ ၊ လက်ကိုင်ထားတဲ့ ဘာသာရေး ခံယူချက်လေး ပြော ပြပေးပါလား ရှင် ..


ကျွန်တော်လဲ ဘာသာရေးအမြင်တော့သိပ်မပြောတတ်ဘူး နေတာတော့ဘုန်းကြီးတွေနဲ့
အနေများပါတယ်ဟဲဟဲ ။ တံငါးနားနီးတငါ သဘောတော့ရှိပါတယ်။ ဘုန်းကြီးတွေနဲ့ဆက်ဆံ
နေထိုင် ရတာ နုးညံ့သိမ်မွှေ့လာတာတယ်လို့ခံစားမိပါတယ်။ ဘာသာရေးအမြင်ကတော့
ဗုဒ္ဒဘာသာဆိုတော့ သစ္စာ တရား ၄ ပါးကို အမြဲဆင်ခြင်ပါတယ်။ဖြစ်ပျက်ကိုသတိထားပါတယ်။


သစ္စာ လေးပါး ဆင်ခြင်နိုင်ရင်တော့ အကောင်းဆုံးပေါ့ ။ မှုံ တို့ ဗုဒ္ဓဘာသာ ရဲ့ အချုပ်က သစ္စာသိသော ဥာဏ်ပါပဲ ။


ကိုယ်ရေး၊ကိုယ်တာ အတော်လေး ပြည့်စုံ သွားပါ ပြီ ။ ဆိုဒ်နဲ ပါတ်သက်တာလေး နည်းနည်း စပ်စုအုံးမယ်နော် ။ ရွှေမြို့တော်ကို ရောက်ရှိလာပုံလေးနဲ ၀င်ထားတာ ဘယ်လောက် ကြာ ပြီ လဲ သိချင်ပါတယ် ။


ဟုတ်ကဲ့ ဆိုဒ်နဲ့ပတ်သက်တာကတော့ အထွေအထူးပြောစရာမရှိပါဘူး။ အားလုံးစေတနာကောင်း
ကြ၊ သဘောကောင်းကြပါတယ်။ အားပေးနေတာတွေကိုလဲခံစားရတယ်လေ။ဆိုဒ်တာဝန်ခံခေါ်မလား
ဆိုဒ်ပိုင်ခေါ်မလားတော့မသိပါဘူး ကိုငြိမ်းကိုလဲကျေးဇူးတင်ပါတယ်။
အားလုံးအက်မင်များကိုလဲ
ကျေးဇူးတင်ပါတယ်။ တခြားဆိုဒ်တွေသွားကြည့်ပါတယ် ဒီလောက်စနစ်မကျ တာတွေတွေ့ရပါတယ်။
ရွှေမြိုတော်ကိုရောက်လာတာတော့ တစ်နှစ်လောက်ရှိပြီထင်ပါတယ်။ သူငယ်ချင်းတွေပြောဆိုနေတာ
ကြားတာကိုစိတ်ဝင်စားတာနဲ့ဝင်လာတာပါ။


ဟုတ်ကဲ့ ။ ဆိုဒ်ထဲက စာရေးဘက် ထဲမှာ အကို ကြိုက်တဲ့ သူ ပေါ့ ရှိရင်ပြော ပြပေးပါ ။ နောက် အခင်မင်ဆုံး သူငယ်ချင်းတွေလဲ ပြော ပြပေးပါအုံးနော် ။


ဟုတ်ကဲ့ အဲဒါကတော့ ရေးဘော်တွေကို အားလုံးပေါ့ ကြိုက်တာများပါတယ်။ ကိုအောင်ထက်လို
ဝါရင့်ပုဂ္ဂိုလ်တွေ၊ ကိုတတိုင်းမွှေး ၊ ကိုချစ်ဦးမောင်၊ ကိုတာရာ
ကိုအောင်အောင် ။ မေတ္တာရှင်မလေး
မရှင်းသန့်မေ။ မှုံနံ့သာဖြူ မေသဇင် အားလုံးကြိုက်ပါတယ်။
စာရေးတာကိုပြောတာပါ ခိခိ။ ပြီးတော့
ကျန်သူတွေကိုဖော်ပြချင်ပါတယ်။ သူငယ်ချင်းတွေကများပါတယ်။သူတို့ရေးတာတွေကိုလည်းကြိုက်
ပါတယ်များလို့မဖော်ပြပေးနိုင်တာကိုခွင့်လွှတ်ပါလို့တောင်းပန်ပါတယ်။


ကျေးဇူးပါ အကို ။ မှုံ တို့ ဆိုင်လေး အပေါ် အကို့ ရဲ့ အမြင်လေး သိချင်ပါတယ် ရှင်။ ဆိုဒ်နဲ ပါတ်သက်လို့ လဲ အကြံပေးတာလေး ရှိရင်ပြော ပြပေးပါအုံးနော် ။


ဟုတ်ကဲ့ ခုနကပြောတဲ့အထဲတော့ပါသွားပြီထင်ပါတယ်။ အင်မတန်ကောင်းမွန်တဲ့ဒိုဒ်လို့မြင်
ပါတယ်။ ဆိုဒ်ထဲဝင်လာသူအသစ်အဟောင်း ဆက်ဆံတာတွေကိုကြည့်ပြီးသဘောကျနေပါတယ်
အကြံပေးစရာလေးကတော့တခြားမရှိပါဘူး ။ အရင်လိုပေါ့လေး ဒါလဲလုပ်နေတယ်လို့ထင်ပါတယ်။
အဲဒါက မြို့တော်တွင် လူကြိုက်များတာလေးတွေတင်ပေးတာပေါ့လေ ။ အဲဒါကြည့်ရတာကျွန်တော်
တော်တော်စိတ်ဝင်စားတယ် ။ ဒီနေရာရအောင်ကြိုးစားရေးချင်တဲ့စိတ်ပေါ်လာတယ်လေ ။


ဟုတ် ။ ဆိုဒ်လေးက မန်ဘာ များသလောက် ၊ စာဖတ်အားနည်းနေတာ တွေ့ ရပါတယ် ။ စာဖတ်အားလေး တက်လာအောင် မှုံ တို့ ကြိုးစားနေပါတယ် ။ အကို အနေနဲ ... ရွှေမြို့တော်က စာမူတွေ အပေါ် အမြင်လေး ပြော ပြစေချင်ပါတယ် ရှင် ။


ဟုတ် ပါတယ် စာဖတ်အားနည်းနေတာကိုတော့တွေ့နေရပါတယ်။ စာမူကတော့ သူကြိုက်တာခြင်း
တူခြင်မှတူမယ်ပေါ့လေ ။ စာရေးသူကောင်းရင် ဖတ်ကြမယ်ပေါ့လေ ။ ရေးသူကလဲသတိ
တော့ထားရပါတယ်။ မိမိရေးမည့်အကြောင်းအရာသည့် စာဖတ်သူစိတ်ဝင်စားနိုင်သလား
အရင်စဉ်းစားပြီးမှရေးရင်ကောင်းမယ်လို့ထင်တာပါ ။ ကျွန်တော် ကစာရေးသက်
အင်မတန်နုပါတယ် ။ ကျွန်တော်ပြောတာမှားရင်လဲခွင့်လွှတ်ကြပါ။ စာရေးသူတိုင်းကတော့
စိတ်ဝင်စားမယ်ထင်လို့ရေးကြတာပါ ။ ဒါပါဘဲ။


ခုလို စပ်စုတာ ကို စိတ်ရှည်ရှည် ဖြေ ကြားပေးသော လူပျိုကြီး အကို အား ရွှေမြို့တော် ကိုယ်စား မှုံက အထူးကျေးဇူး တင်ရှိပါတယ်လို့ ပြော ကြား ချင်ပါတယ် ။ ကျေးဇူးပါ အကို ။ ပျော်ရွှင်စရာ ဘ၀ လမ်းလျှောက်လှမ်းနိုင်ပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ် ရှင် ။


ဟုတ်ကဲ့ ကျွန်တော်ကလည်းခုလို ဖြေကြားခွင့် ပြောခွင့် ရလို့
ရွှေမြို့တော်ကိုကျေးဇူးတင်ပါတယ်။


ခု တပါတ် အင်တာဗျူး အစီအစဉ်ကို ဒီမှာပဲ ရပ်နားခွင့် ပြုပါရှင်။
သိချင်တဲ့ မန်ဘာ နာမည် များကို ရေးသားတောင်ဆိုနိုင်ပါတယ် ။


ရွှေမြီု့တော် မန်ဘာအပေါင်း စိတ်၏ ချမ်းသာ ခြင်း၊ ကိုယ်၏ ကျန်မာ ခြင်း ပြည့် စုံ ပါစေလို့ ဆုတောင်းရင်း
နှုတ်ဆက်လိုက်ပါတယ် ။


ခင်မင်လေးစား လျှက် ...
ဆန္ဒမွန်ဖြင့် ...


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>