ကံကြမ္မာမျက်နှာသာမပေးလို့ မှောင်မည်းနေတဲ့ဘ၀တွေ
ဘယ်လောက်တောင်များနေပြီလည်း
ဒီလိုဘ၀များစွာတွေအတွက် ငါတို့ဟာ အလင်းရောင်မပေးစွမ်းနိုင်ဘူးလား
လူသားတိုင်းရဲ့ နှလုံးသားထဲမှာ အလင်းရောင်ဖြန့်ဝေနိုင်တဲ့ မီးအိမ်ရှိကြပါတယ်
ထိုမီးအိမ်ကို မီးစာထွန်းညှိခြင်း မထွန်းညှိခြင်းပဲ ကွာပါတယ်
မှောင်မိုက်နေတဲ့ ဘ၀များစွာတွေအတွက် ငါတို့ရဲ့ နှလုံးသည်းပွတ်အတွင်းက
မေတ္တာမီးအိမ်လေး ထွန်းညှိလိုက်ကြပါစို့
မာန်မာနတွေ မောဟတွေ ရင်တွင်းကို ၀င်ရောက်ကြီးစိုးနေကြလို့
ထိုမီးအိမ်ကို ထွန်းညှိဖို့ မေ့လျှော့နေကြပြီလား
အတ္တတွေကြောင့် အမှောင်ဖုံးနေတဲ့ကမ္ဘာကြီးငါတို့ရဲ့ မီးအိမ်အလင်းရောင်နဲ့ဖုံးလွှမ်းပစ်ရမယ်
ဒါမှ ငါတို့တတွေ ငြိမ်းချမ်ေးသာ ကမ္ဘာသစ်ကြီးဆီ အချင်းချင်းလက်တွဲကူညီရိုင်းပင်းလို့
နွေးထွေးစွာ လျှောက်လှမ်းသွားကြမယ်
ဖြိုးကိုကို ကိုယ်ပိုင်ဘလော့
ပရဟိတအကျိုးသယ်ပိုးနေသော လူတွေအတွက် ခံစားရေးဖွဲ့တင်ပြသည်