Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

အမျိုးသားအောင်ပွဲနေ့..တန်ဆောင်မုန်းလဆုပ်(၁၀)ရက်

$
0
0

နိုင်ငံတိုင်းမှာ အမျိုးသားရေးနှင့်သက်ဆိုင်သော နေ့ထူးနေ့မြတ်များရှိတတ်ကြပါသည်။

မြန်မာနိုင်ငံမှာလည်းရှိပါသည်။ကျွန်တော်တစ်ခါက ကျွန်တော်ရဲ့ဆယ်တန်းကျောင်းသား

များကို..မြန်မာနိုင်ငံရဲ့နေ့ထူးနေ့မြတ်များကို ရွတ်ဆိုခိုင်းဘူးပါသည်။ သူတို့အကုန်အစင်

မသိကြပါ။ကျောင်းသားအနည်းစုကတော့လွတ်လပ်ရေးနေ့ကိုပင်မှန်အောင်မပြောတတ်

ကြပါ။ အဆိုးဆုံးကတော့ အာဇာနည်နေ့ရောက်လျှင် ဘာတွေလုပ်ကြရလဲမေးကြည့်တော့..

ပျော်ပွဲရွှင်ပွဲများလုပ်ကြပါသတဲ့..။ ဆိုးလိုက်တဲ့အဖြေ။

တန်ဆောင်မုန်းလဆုပ်(၈)ရက်နေ့ကပါတော်မူနေ့ပါ။

လဆုပ်(၁၀)ရက်နေ့ကတော့ အမျိုးသားအောင်ပွဲနေ့ပါ။

အာဇာနည်နေ့ကိုတောင် မသိကြမှတော့..အမျိုးသားအောင်ပွနြေ့ကိုတော့ ရှိမှန်းတောင်သိမယ်

မထင်ပါ။

 

မြန်မာနိုင်ငံအတွက် အမျိုးသားနေ့တစ်နေ့ရွေးချယ်ဖို့တိုင်ပင်ခဲကကြစဉ်က..

တစ်ချို့က..ဆရာတော်ဦးဥတ္တမထောင်ကျသောနေ့

တစ်ချို့က..သီပေါဘုရင် နန်းကျခဲ့သောနေ့ ..စသည်စသည်အဆိုပြုခဲ့ကြပါသည်။

နောက်ဆုံးမှာ..အမျိုးသားနေ့ဟူသည် အမျိုးသားတစ်ရပ်လုံး စည်းလုံးညီညွတ်သောနေ့

ဖြစ်သင့်သည်ဟု အဆိုတင်ခဲ့သဖြင့်..နောက်ဆုံးမှာ..

တက္ကသိုလ်ကျောင်းသားများသပိတ်မှောက်သော..(5-12-1920)တနင်္ဂနွေနေ့

၁၂၈၂ခုနှစ်တန်ဆောင်မုန်းလဆုပ်(၁၀)ရက်နေ့ကိုအများစိတ်တိုင်းကြရွေးချယ်ခဲ့ကြပါသည်။

ထိုစဉ်ကာလ အင်္ဂလိပ်အစိုးရက ရန်ကုန်တက္ကသိုလ်ကို(University Act) ကိုပြည်သူ

အများဆန္ဒကိုဆန့်ကျင်ပြီး အတည်ပြုခဲ့လေရာ..

တက္ကသိုလ်ကျောင်းသားခေါင်းဆောင်(၁၁)ယောက်မှစတင်၍..ရန်ကုန်တက္ကသိုလ်

ကျောင်းသား သပိတ်ကြီးစတင်ခဲ့လေသည်။

မြန်မာပြည်သူတစ်ရပ်လုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန်ထောက်ခံမှုကို

ရရှိခဲ့လေသည်။

ထိုသပိတ်ကိုအကြောင်းပြု၍ မြန်မာနိုင်ငံအနှံ့အပြား..အမျိုးသားကျောင်းများလည်း

ပေါ်ပေါက်ခဲ့လေသည်။

လွတ်လပ်ရေးရပြီးခေတ် နောက်ပိုင်းတွင်..အမျိုးသားအောင်ပွဲနေ့ကိုရောက်တိုင်း

ပျော်ပွဲရွှင်ပွဲများ..စီတန်းလှည့်လည်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပပေးခဲ့

ဘူးပါသည်။

မျက်မှောက်ခေတ်ကာလတွင်..

တဖြည်းဖြည်းမှေးမှိန်ကွယ်ပျောက်လုဖြစ်ခဲ့ရပါတော့သည်။

 

ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ဘွိုင်းကောက်ဋီကာကျမ်းမှ..

ကာလပေါ်စာထောင့်လေးချိုးတစ်ပုဒ်ထဲက အဖွဲ့လေးတစ်ခုကိုသာ သတိတရဖြစ်မိပါရဲ့..

“ တဇေယျုံ ချောင်တွေမြောင်ဘွေ မြန်းခဲ့ရပါတော့၊ရွှေတိဂုံတောင်ခြေခပန်းတွင်မှ၊

ညောင်သပြေပန်းတွေနှင့်..သွန်းသနဲ့ကသိုဏ်း ရေဗြဟ္မာစိုရ်၊

(ကွယ်တို့ရယ်)..အောင်မြေဗဟန်းဆီသို့..လွမ်းရဲ့မှိုင်းရွှေကိုယ်..”


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>