Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

"ဘကြီးစိန်...သို့..."

$
0
0

“ပြောရဦးမယ် ဘကြီးစိန်ရေ…”

“ကျုပ်တို့ငယ်ငယ်ကသိတဲ့ နိုင်ငံရေးဆိုတာဟာဖြင့် ချစ်စရာ့နိုင်ငံရေး… ချစ်စရာ့ပြည်သူနှင့် ချစ်စရာ့တပ်မတော် သို့နှယ်သာ နားလည်ခဲ့တယ်… စိမ်းစိမ်းမြင်ရင် ၀တ်ကြည့်ချင်စိတ်ပေါက်မိတယ်… တပ်မတော်သားကြီးတွေကိုမြင်ရင် ထမင်းကျွေးချင်စိတ်ပေါက်မိတယ်… သေနတ်ကြီးတွေကိုမြင်ရင်များဖြင့်… အောင်မလေးလေး… ရဲသွေးစိတ်တွေကြွလာလိုက်ပုံများတော့…”

“ပြောရဦးမယ် ဘကြီးစိန်ရေ…”

“ရဲသော်မသေ သေသော်ငရဲမလား ဆိုတဲ့ကြွေးကြော်သံတွေက ဟစ်ကြွေးသူတွေအဘို့ တကယ်များ မှန်ခဲ့ကြပြီလားတော့မသိဘူး ဘကြီးစိန်ရေ… အခုခေတ်မှာ မဟစ်သူတွေ သေကြေကုန်ကြတာများပြီ… ဟစ်ကြသူတွေက ရဲရဲတင်းတင်းကြီးပစ်သတ်… ငရဲကိုတောင် မတ်တတ်ရပ်သွားကြတော့မယ့်ဟန်… အင်းလေ… ရဲသော်မသေ သေသော်ငရဲမလားဆိုတော့လည်း…”

“ပြောရဦးမယ် ဘကြီးစိန်ရေ…”

“ကျုပ်တို့ အရွယ်လေးနည်းနည်းလေးရလာတော့ ဘကြီးစိန်တို့ နိုင်ငံရေးကလည်း အရွယ်လေးနည်းနည်းရလာတယ်ထင်ပါရဲ့… မျက်ရည်ယိုနိုင်ငံရေးလို့ အများသိတဲ့ဘက်ကို ကူးပြောင်းလာခဲ့ကြတယ်… မျက်ရည်တွေယိုလိုက်ကြပုံများတော့ ဘကြီးစိန်ရယ်… လူအုပ်ထဲပြေးလို့ မျက်ရည်ယို… လမ်းထွက်လျှောက်လို့ မျက်ရည်ယို… ကိုယ့်အိမ်ထဲကိုယ်နေလို့ မျက်ရည်ယို… မျက်ရည်တွေ ယိုလိုက်ရပုံများတော့…”

“ပြောရဦးမယ် ဘကြီးစိန်ရေ…”

“ဘကြီးစိန်လက်ထက်ရောက်ပြန်တော့ ဘကြီးစိန်တို့ နိုင်ငံရေးကလည်း ဘကြီးစိန်နဲ့ တူလာတယ်ထင်ပါရဲ့… အမယ်… မျက်ရည်လည်းယို… မီးလည်းလောင်… ဘယ်တဘောင်နိမိတ်တွေ တစ်ဆိတ်ပိုချင်သေးလဲ… ဘကြီးစိန်တို့နွှဲချလိုက်မှတော့ဖြင့်…”

“ပြောရဦးမယ် ဘကြီးစိန်ရေ…”

“ဘကြီးစိန်တို့လက်ထက်မှာတော့ဖြင့် ခြေဆုပ်လက်နယ်ဝန်ကြီးတွေ ကောင်းလာလိုက်ပုံများ နိုင်ငံခြားက ကျွေးတဲ့ ထမင်းတွေတောင်စားနေရဆိုပဲ… ခွင့်လွှတ်ပါ ဘကြီးစိန်ရယ်… တောင်သူတွေလယ်ကလည်း မိုးကောင်းတော့ စပါးမထွက်ဘူးလေ… ရွှေတွေတော့ ထွက်တာပေါ့ ဘကြီးစိန်ရယ်… ဒါပေမယ့် စားမှ မဖြစ်တာဘဲ… ဘကြီးစိန်ရဲ့ဝန်ကြီးတို့ အကင်းပါးပြီဆိုမှဖြင့် ကိုယ့်ဆီက စားမဖြစ်တဲ့ ကြေးနီတွေသူများပေးပြီး နိုင်ငံခြားကကျွေးတဲ့ ထမင်းတွေတောင် စားနေဆိုမှပဲကိုး… ဟုတ်တာပေါ့ ဘကြီးစိန်ရယ်… သူ့ဆန်စားပြီဆိုမှတော့လည်း ကြောက်တယ်ပြောရတော့မှာပေါ့… ဘကြီးစိန်ရဲ့ ၀န်ကြီးတို့ ရဲသွေးကြီးလိုက်ပုံများတော့ဖြင့်…”

“ပြောရဦးမယ် ဘကြီးစိန်ရေ…”

“ဘကြီးစိန်ရဲ့ဝန်ကြီးက ပြောရင်ပြတ် လုပ်ရင်ရှင်းတာများ ဘယ်သူနဲ့မှတောင် မတူဆိုဘဲ… အမယ်… ဒါပေမယ့် သူမပြောဘူးတဲ့ ဘကြီးစိန်ရေ… လုပ်ရင်လည်းရှင်းမှရှင်းဆိုပေမယ့် အာမတော့ သူမခံဘူးတဲ့…  ဘကြီးစိန်နဲ့တွေ့ရင်တော့ သူကပြောဦးမယ်ဆိုပဲ… နိုင်ငံခြားကကျွေးတဲ့ ထမင်းတွေ သူစားရတဲ့အကြောင်း… ကျေးဇူးတရားဆိုတာ ထောက်ထားသင့်တဲ့အကြောင်း… ဟိုအကြောင်း ဒီအကြောင်း… အမယ်… ဘကြီးစိန်ဝန်ကြီးက အကုန်သိဆိုပဲ… ထိထိရှရှပြောချသွားလိုက်တာများတော့ နောက်တစ်နေ့ မီးတွေလောင်တာမြင်ကြရတာပဲ ဘကြီးစိန်ရေ့… အသေးအဖွဲလေးတွေဆိုတော့လည်း နားလည်ပေးရဦးမှာပေါ့ ဘကြီးစိန်ရယ်… သြော်… ဒါနဲ့…”

“ပြောရဦးမယ် ဘကြီးစိန်ရေ…”

“ဘကြီးစိန်ရဲ့ တိုင်းဒေသကြီးတွေမှာ ဖုန်ထူပုံရတယ်… အမြင်တွေ မသဲကွဲကြဘူး ဘကြီးစိန်ရေ… သင်္ကြန်မဏ္ဍပ်ထင်လို့များ ရေပက်ထည့်လိုက်ကြတာလားတော့ မပြောတတ်ဘူး… ခက်တာက အနီရောင်ကိုတောင် မခွဲတတ်ကြတော့ဘူးနဲ့ တူတယ်ဘကြီးစိန်ရဲ့… အင်းလေ… သံဃာတွေဆိုတာ တောထဲမှာ ကျိန်းစက်တတ်တဲ့အမျိုးမဟုတ်တော့လည်း တောထဲမှာ အိပ်တဲ့လူတွေကိုပဲ ဘကြီးစိန်တို့က ကြံရွယ်လိုက်တာပေါ့… ဆန်းပြားပြန်ရောလား ဘကြီးစိန်ရယ်… ဘကြီးစိန်တို့ မီးတိုက်ထည့်လိုက်တဲ့ အချိန်မှများ လူတွေက တစ်ယောက်မှ မရှိအောင်ဖြစ်နေရတယ်လို့… သံဃာတော်တွေမျက်နှာတော် အရည်ပျော်ကျတယ်ဆိုတာက အသေးအဖွဲလေးတွေဆိုတော့လည်း နားလည်ပေးရဦးမှာပေါ့ ဘကြီးစိန်ရယ်… သြော်… ဒါနဲ့စကားမစပ်…”

“ပြောရဦးမယ် ဘကြီးစိန်ရေ…”

“မနေ့က အမှတ်မထင် ကျနော့်အိမ်အောက်မှာ ချွတ်ထားတဲ့ ဖိနပ်က ထူးထူးဆန်းဆန်း တစ်ဖက်တည်းကွက်ပျောက်သွားတယ် ဘကြီးစိန်ရဲ့… ကျန်တဲ့တစ်ဖက်ကို ဆိုင်ကိုယူသွားပြီး မေးကြည့်တော့ ဖိနပ်က စီးထားတာများတော့ပါးနေပြီမို့ တံဆိပ်က မသဲကွဲတော့ဘူးဆိုဘဲ… နောက်တစ်ဆိုင်ကို မေးကြည့်ပြန်တော့လည်း သူ့တစ်သက်နဲ့တစ်ကိုယ်မှာ ဒီလိုဖိနပ်မျိုးတင်တောင် မရောင်းဖူးဘူးတဲ့… နောက်ထပ်တစ်ဆိုင်ကိုမေးကြည့်ပြန်တော့လည်း ဖြစ်နိုင်ခြေရှိတာကတော့ ဆင်ခြောက်ကောင်တဲ့… ဒါပေမယ့် သူအတတ်မပြောဘူးတဲ့… ပျောက်ချက်ကလည်း ဆန်းမှဆန်းလား ဘကြီးစိန်ရယ်… မဟုတ်မှလွဲရော… ကျနော့်အထင်ပြောရရင်တော့ အိမ်ကခွေးက ကိုက်ချီပြီး သူများအိမ်သွားပို့တယ် ထင်တာပဲ… ဘကြီးစိန်များ အားလေမလားပဲ… စုံစမ်းစစ်ဆေးရေးကော်မရှင်လေးဖွဲ့ပြီး အဖြေရှာရင် ကောင်းမလားလို့… အင်းလေ… ခွေးများ အမှန်းမသိပြီဆိုမှဖြင့်…”

 “ပြောရဦးမယ် ဘကြီးစိန်ရေ…”

“အဲ့ဒီမောင်မောင့်ကျက်သရေ ခေါင်းပေါင်းကြီး ခဏလောက်ချွတ်ပါဦးတော့လား ဘကြီးစိန်ရယ်… ဆောင်းထားရတာ မပူဘူးလား… ခုတလော… သတင်းတွေထွက်နေသံကြားရတယ် ဘကြီးစိန်ရဲ့… လူမျိုးတုန်းသတ်ဖြတ်မှု့ဆိုလား… လူမျိုးတုန်းမြေမြုပ်မှု့ဆိုလား… အဲ့ဒါ ဘကြီးစိန်နဲ့ပတ်သက်နေတယ်ဆိုပြီး ရုပ်ရှင်ဇာတ်ကားထုတ်ကြတော့မယ်ဆို… ဘကြီးစိန်ရေ… မဟုတ်ရင်တော့ မခံနဲ့နော်… လိုအပ်ရင် စုံစမ်းစစ်ဆေးရေးကော်မရှင်လေးတော့ ဖွဲ့ဖြစ်အောင်ဖွဲ့လိုက်ဦးနော် ဘကြီးစိန်…”

 

လေးစားစွာဖြင့်…

 

ဖိုးအောင်(နည်းပညာ)


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>