Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

အလွမ်းတွေနဲ့..ရှင်ငြိမ်းမယ်

$
0
0

“ ကြင်ချင်းငယ်မှရည်တူ၊ ရှင်လူထွက်သစ်၊ ဆဲ့ခြောက်နှစ်ကယ်က

ချစ်တဲ့သူကို၊ ကလူငယ်မှကလဲ၊ ချစ်ဖေါ်ကွဲရ၊ အသဲကနာ..။

သည်အရီးအေ၊ မိထွေးအေတို့၊ မွှေနှောက်လာသည်၊

ထွေရာတစိ၊ တောင်ယံပြင်မှာ၊ အင်ခွင်ရှိသည်၊

ဗောဓိတကာ၊ ပိန်ပါးပါးငယ်၊ မယားကွာက၊

ရှာရှာဖွေဖွေ၊ သုံးခါရောက်လို့၊ သုံးခေါက်စေလျှင်၊

မျိုးဆွေလုပ်ချင်၊ ၀တ်ဖြူထွားနှင့်၊ ပုဏ္ဏားမြင်က၊

ဗေဒင်အမယ်မေးလှတယ်…..။

ဥစ္စာကိုမက်၊ ဘယ်အတွက်ကြောင့်၊ သမက်ဖို့ကြံ၊

ဟိုလတွင်းက၊ အသွင်းငယ်ခံသည်၊လူစံအမယ်ရွေးလှတယ်…။

ချစ်ဖွယ်မူရာ၊ ကြုံတဲ့လမ်းက၊ ကြည့်စမ်းပါတော့၊

ရုပ်ဝါရွှန်းစို၊ မယ်သဘောနှင့်၊ ပြောမဆိုဘူ့၊

ပင်ကိုထွားလို့ ခြားတဲ့သူ၊ အိမ်ယောင်ကျီယောင်၊

ဝဲတဆောင်နှင့်၊ မြောက်တောင်တခြား၊ လမ်းနားအလွန်၊

စည်းထောင့်ချွန်နှင့်၊ ရွာစွန်နားမှာ၊ ပွဲစားတူတဲ့၊

ရွှင်ချိန်ကာလ၊ ငယ်သေးစွဟု၊ နှမများမောင်၊

မျိုးဆွေဘောင်မှာ၊ မဲစောင်ညိုနှင့်၊ အလိုလိုက်လို့ထားတဲ့သူလေး..”

 

ဒီအိုင်ချင်းကဗျာလေးက..ရှေးခေတ်စာဆို ရှင်ငြိမ်းမယ်ရေးစပ်ခဲ့တာပါ

ရှင်ငြိမ်းမယ်အိုင်ချင်းတွေကို ကျွန်တော်အရမ်းချစ်ပါတယ်..

ဘယ်အချိန်..ဘယ်နှစ်ခေါက်ဖတ်ဖတ် မရိုးပါ..။အဲလောက်ကိုစွဲလန်းတာပါ။

ခုလဲကြည့်လေ..သူ့ခေတ်ကတည်းက..ခုခေတ်ထိ မိဘနဲ့သားသမီးတို့ရဲ့

မရိုးနိုင်တဲ့ ဆင်စီးပြီး မြင်းရံတာပဲမြင်ချင်တယ်ဆိုတဲ့ ဇာတ်လမ်း..။

 

ရှင်လူထွက်သစ်မှာ မောင်နဲ့နှမ ချစ်စရှည်ခဲ့ကြတာကို သမီးရှင်တို့ဖက်က

သဘောမတူနိုင်ဘူးတဲ့လေ..သူတို့ချစ်ချင်းကိုခွဲချင်နေကြလေရဲ့…။

“ ကြင်ချင်းငယ်မှရည်တူ၊ ရှင်လူထွက်သစ်၊ ဆဲ့ခြောက်နှစ်ကယ်က

ချစ်တဲ့သူကို၊ ကလူငယ်မှကလဲ၊ ချစ်ဖေါ်ကွဲရ၊ အသဲကနာ..”

 

အင်းဝနယ်တောင်တပြင်အရပ်က ဘုရားတကာ မယားကွာတစ်ခုလပ်

လူရုပ်က ပိန်ပါးပါးသူဌေးတစ်ယောက်နဲ့ပေးစားဖို့ကြံစည်နေကြပါရော..

သည်အရေးမှာ..အရီးတော်သူ..ဒွေးလေးတော်သူတို့ကလည်းပါနေကြပြန်..

“ သည်အရီးအေ၊ မိထွေးအေတို့၊ မွှေနှောက်လာသည်၊

ထွေရာတစိ၊ တောင်ယံပြင်မှာ၊ အင်ခွင်ရှိသည်၊

ဗောဓိတကာ၊ ပိန်ပါးပါးငယ်၊ မယားကွာက..”

 

ဘုရားတကာ ကိုနောက်ပိုးကိုယ်တိုင် အိမ်ကိုသုံးခေါက်တောင်ရောက်လာသေး..

ဒါတင်အားမရ အောင်သွယ်တော်များကိုလည်း သုံးခေါက်စေလွှတ်ပြန်..

ခန်းဝင်ပစ္စည်းတွေကိုလဲ..လက်ခံလိုက်ကြပြီ..

အမေကလည်း တစ်မျိုး..ဗေဒင်ဆရာပုဏ္ဏားမြင်တိုင်း..မိတ်ဖက်ကျမကျမေးရတာအမော..

အဖြစ်သဲနေလိုက်ကြတာ..အမေ့လူကြီး အမေပဲယူလိုက်ပါလား..။

“ရှာရှာဖွေဖွေ၊ သုံးခါရောက်လို့၊ သုံးခေါက်စေလျှင်၊

မျိုးဆွေလုပ်ချင်၊ ၀တ်ဖြူထွားနှင့်၊ ပုဏ္ဏားမြင်က၊

ဗေဒင်အမယ်မေးလှတယ်…”

 

နှမလေးချစ်တဲ့မောင်ကလည်း အနုံညာတမဟုတ်ရပါဘူးရှင်..

လူကောင်ထွားထွား အသားလေးကဖြူစင်ရွှန်းပ..ဆွေဂုဏ်မျိုးဂုဏ်အလည်မှာ

အလိုလိုက်ခံထားရသူပါ..

ခြံကျယ် ၀န်းကျယ် အိမ်ကြီးရခိုင်နဲ့ပါ..

နှမများအကြား တစ်ဦးတည်းသောမောင်လေးဖို့..မဲစောင်ညို ကိုယ်မှာရစ်လို့

အလိုလိုက်ခံထားခြင်းခံရသူပါ..။

“ရုပ်ဝါရွှန်းစို၊ မယ်သဘောနှင့်၊ ပြောမဆိုဘူ့၊

ပင်ကိုထွားလို့ ခြားတဲ့သူ၊ အိမ်ယောင်ကျီယောင်၊

ဝဲတဆောင်နှင့်၊ မြောက်တောင်တခြား၊ လမ်းနားအလွန်၊

စည်းထောင့်ချွန်နှင့်၊ ရွာစွန်နားမှာ၊ ပွဲစားတူတဲ့၊

ရွှင်ချိန်ကာလ၊ ငယ်သေးစွဟု၊ နှမများမောင်၊

မျိုးဆွေဘောင်မှာ၊ မဲစောင်ညိုနှင့်၊ အလိုလိုက်လို့ထားတဲ့သူလေး..”

 

ဒီအိုင်ချင်းလေးကတော့..ရှင်ငြိမ်းမယ်ရဲ့..ပွဲစားတူ..ဆိုတဲ့ကဗျာလေးပါ

ယခုခေတ်..၀တ္ထုတွေ..ရုပ်ရှင်ဇာတ်လမ်းတွေအထိ ရှင်ငြိမ်းမယ် အငွေ့အသက်က

မလွတ်ကင်းနိုင်ကြသေးပါဗျာ..။

ချစ်တဲ့သူတိုင်း..ပေါင်းဖက်နိုင်ကြပါစေ…..။


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>