ငါ့ဘ၀ကိုရှေ့ဆောင်လမ်းပြလုပ်ပေးနိုင်တဲ့ လူသားတစ်ယောက်ပါလားလို့ ငါထင်ခဲ့တာပါ...
နွေးထွေးမှုတွေ.... ခမ်းနားကြီးကျယ်မှုတွေနဲ့ သူဝင်ရောက်လာခဲ့တယ်.... နောက်ပြီး ဘယ်အရာကငိုကြွေးစေနိုင်သလဲဆိုတာ
သူ ငါ့ကိုသင်ပြပေးသွားတယ်....
အေးလေ ငါ့လိုလူကို ဘယ်မိန်းကလေးက အထူးသဖြင့် နင်လို့မိန်းမသားတစ်ယောက်က ချစ်သူဖြစ်ခွင့်ပေးချင်မှာလဲ....
ဒါပေမယ့်ချစ်သူရယ်.... မင်းနှလုံးသားကဘာအတွက်ရှင်သန်နေရတာလဲဆိုတာ မင်းစမ်းစစ်သင့်တယ်....
အချစ်ဆိုတာ ဘာကြောင့်လိုအပ်တာလဲဆိုတာ မင်းစဉ်းစားသင့်တယ်.....
မင်းကိုလုံးဝနားမလည်နိုင်တော့ဘူး.....
တိတ်တဆိတ်ငါကြေကွဲခဲ့ရတယ်... တနည်းပြောရရင် ကာယကံရှင်မသိဘဲ ငါငိုကြွေးနေရတယ်....
မင်းကိုသိပ်ချစ်ပါတယ်ဆိုတဲ့စကားဟာ မင်းနဲ့တွေတိုင်း လည်ချောင်းဝမှာတင် ပျောက်ကွယ်သွားခဲ့တယ်......
ပျော်နေတာတွေ့တော့လဲ စိတ်ညစ်သွားလေမလားဆိုတဲ့အတွေးနဲ့ ငါလှည့်ပြန်ခဲ့တယ်...
ဝမ်းနည်းနေတာတွေတော့လဲ ပိုပြီးစိတ်ဆင်းရဲသွားလေမလားဆိုပြီး ငါမြိုသိပ်ထားခဲ့တယ်....
ငါသတ္တိကြောင်တယ်ဆိုရင်တောင် နင့်အတွက်ပါချစ်သူရယ်......
နင့်အတွက်ဆိုတဲ့ခေါင်းစဉ်တစ်ခုအောက်မှာ မလုပ်ပေးနိုင်တာမရှိအောင် ငါကြိုးစားခဲ့သမျှဟာ
ငါ့ရင်ကိုခြေစုန်ကန်ဖို့အတွက်တဲ့လား......
အကြောင်းတွေကမလှပတဲ့ငါ့ဘ၀မှာ အကျိုးဆက်အဖြစ်နင့်ရဲ့မေတ္တာကို ငါမျှော်လင့်တောင့်တခဲ့တာပါ....
မင်းပျော်နေတယ်မဟုတ်လားချစ်သူ...
ငါမဟုတ်တဲ့လူသားတစ်ယောက်ဒါမှမဟုတ် ငါအောင်သွယ်ပေးလိုက်တဲ့ယောက်ျားတစ်ယောက်ရဲ့ရင်ခွင်ထဲမှာ
မင်းပျော်နေတယ်မဟုတ်လား.....
တစ်ခုတော့သတိရပေးပါချစ်သူ....
မင်းပျော်နေရင် ငါပျော်နေပါတယ်......
ငါပျော်နေတာကိုမင်းတွေ့ရင်
ငါ့ရင်ထဲမှာငိုကြွေးနေတာကို မင်းမြင်အောင်ကြည့်ပေးပါ...
နှုတ်ခမ်းမလှုပ်ဘဲပြောတဲ့စကားကို မျက်ဝန်းတွေနဲ့မြင်အောင်မကြည့်တတ်ခဲ့သောချစ်သူ
ကြိုးတစ်ချောင်းကိုအလယ်ကနေ နှစ်ပိုင်းဖြတ်လိုက်ရင် နှစ်ဖက်စလုံးမှာ ဒဏ်ချက်တွေကျန်ရစ်စမြဲဆိုတာကို
မင်းသတိရပေးပါ.........