Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

အကြောင်းမဟုတ်လို့ခေါင်းငုံ့မခံသူရယ်…..

$
0
0

29-11-2012 နံနက် (3) နာရီတွင် မုံရွာအနီး လက်ပံတောင်းတောင်

ကြေးနီစီမံကိန်းရပ်တန့်ရေးအတွက် သပိတ် စခန်းများဖွင့်လှစ်ကာ

တိုက်ပွဲဝင်နေကြသူသံဃာတော်များနှင့်ပြည်သူများကို လူစုခွဲဖြိုခွင်း

ရာတွင် ဒဏ်ရာများပြင်းထန်စွာရရှိခဲ့ကြသသည်။ သံဃာတော်အချို့

နှင့် ဆန့်ကျင်ဆန္ဒပြသူလူအချို့မှာ သင်္ကန်းများအရေပြားများမီးလောင်

ဒဏ်ရာများဖြင့် ဆုတ်ခွာပေးလိုက်ရသည်။ တရုတ် ၀မ်ပေါင်ကုမ္မဏီနှင့်

အနီး ရွာရှည် နှင် ဖောင်ကားရွာများသို့ ဆုတ်ပေးလိုက်ရကြောင်း

သိရပါသည်။် ပရိတ်တရားတော်များ ရွတ်ဖတ်မေတ္တာပို့နေစဉ်တွင်

မီးလောင်ဗုံးများသုံးစွဲလူစုခွဲခံရသဖြင့် သံဃာတော် (21) ပါးပြည်သူ (23)

ယောက် ပြင်းထန်စွာဒဏ်ရာရခဲ့သည်။ ၎င်းတို့၏ ဘ၀ရှေ့ရေးအတွက်

စိတ်မကောင်းစရာများဖြစ်ခဲ့ရသည်။ အချို့ဆိုလျှင် မျက်စိကန်း ချေလက်

အင်္ဂါမသန်စွမ်း ဘ၀သို့နေချင်းညချင်း ပင် အကောင်းပကတိမှ ရုတ်တရက်

ခံစားရောက်ရှိသွားကြရသည် ။ ထိုသံဃာတော်များနှင့် ပြည်သူများသို့ အကြောင်းမဟုတ်လို့ခေါင်းငုံ့မခံသူများ မျိုးချစ်ပုဂ္ဂိုလ်များတွင်

 စိတ်ဓါတ်အနာတရများ ရသွားမည်မှာ အသေအချာပင်ဖြစ်သည်။

       လူသည်ဘ၀တွင် အနိမ့်အမြင့်အတက်အကျ အနိုင်ရှုံးများနှင့်ကြုံတွေ့

ရသောအခါတွင် စိတ်ဓါတ်ကျသည်မှာ မဆန်းလှပါ ။ သို့သော် မိမိတို့သည်

အများပြည်သူအတွက်တိုက်ပွဲဝင်ရင်း ရခဲ့သောဒဏ်ရာဖြစ်သည်။ ဂုဏ်ယူ

စရာဖြစ်သည်ကိုသတိထား၍ အားတင်းရပေမည်။ အားမာန်အပြည့်ပင်ရှိ

နေရမည်။ ငါသည်သူတပါးအတွက် အနစ်နာခံစတေး၍ ဤဘ၀သို့

ရောက်ရသည်ကို ဂုဏ်ယူဝမ်းမြောက်ကာ စိတ်ကိုတင်းကာ ကျန်နေသည့်

မိမိဘ၀ကိုဆက်လက်ရုန်းကန်ရပေတော့မည်။

ကျွန်တော်သည် ထိုအကြောင်းများကိုတွေးနေရင်း ယခင် အချိန်တော်

တော်ကြာကဖြစ်ပျက်ခဲ့သော အဖြစ်အပျက်ကလေးတစ်ခုကိုသတိရနေမိသည် ။

" .......မိန်းကလေးရဲ့ကိုယ်အင်္ဂါ

ချွတ်ယွင်းချက်တွေအားလုံးပျောက်ကွယ်သွားပြီး

ကျွန်တော် မြင်လိုက်ရတာကတော့ ဒီမိန်းမလှလေးဟာ ကျွန်တော့

တစ်ကိုယ်လုံး အရည်ပျော်သွားအောင် လုပ်ပြိးတော့

ဘ၀ဆိုတာ ဘာလဲ........ ဘ၀ရဲ့အမြင်သစ်တစ်ခုကို …"

လွန်ခဲ့တဲ့ ခုနစ်နှစ်လောက် ကျွန်တော်သည် အထက်တန်းကျောင်းတစ်ခုတွင် ဥယျာဉ်ခြံလုပ်သားအဖြစ်ဆောင်ရွက်လျှက်ရှိပါသည်။ ကျောင်းတွင်ဆရာအင်အား

နဲသဖြင့် ကျောင်းဆရာအလုပ်ကိုလည်းတဖက်က ကျွန်တော်နှင့်သင့်တော်သော

အတန်းတခုတွင် ကျောင်းအုပ်ကြီး၏ အစီအမံဖြင့် ၀င်ရောက်သင်ကြားပေးနေ

ရသောကာလဖြစ်ပါသည်။

       တစ်ခုသောနံနက်ခင်းတစ်ခုတွင်  ကျွန်တော်သည် ကျောင်းရှေ့ရှိ

ပန်းခြံကလေးအားပြုပြင်နေစဉ် ကျောင်းရှေ့အ၀င်ဂိတ်မှ ၀င်လမ်းအတိုင်း

 အသက်အရွယ်အားဖြင် (40) ၀န်းကျင်ခန့် စုံတွဲတစ်တွဲ သည်လက်တွန်း

လှည်းစီးလာတဲ့မိန်းကလေးတစ်ယောက်နဲ့ အတူဝင်လာတာတွေ့လိုက်

ရတယ်။  ကောင်မလေးကိုသေသေချာချာကြည့်လိုက်တော့ သူမဟာ

လက်တွန်းလှည်းစီးလာတာတောင်မဟုတ်ဘဲလက်တွန်းလှည်း

ပေါ် ထင်ထားတာလို့ပဲပြောရမယ်ထင်ပါတယ်။ အဲဒီမိန်းကလေးမှာ

ခြေတွေလက်တွေမရှိဘူး ခေါင်းနဲ့လည်ပင်းရယ် ကိုယ်အထက်ပိုင်း

ပါတယ်လေ ။သူမဟာ အဖြူရောင် အောက်ခံမှာ အ၀ါ ရောင်ဘော

လုံပြောက်လေးတွေပါတဲ့ ၀တ်စုံသေးသေးလေးကို ၀တ်ထားတယ်။

ထိုသူစုံတွဲက သူမကို ကျွန်တော့ဘက်တွန်းလာတဲ့အချိန်မှာ

ကျွန်တော်ပန်းခင်းလေကို ငုံ့ကြည့်နေလိုက်တယ်..။ပြီးတော့

ကျွန်တော်မိန်းကလေးဆီကိုလှည့်ကြည့်ပြီး မျက်စိတစ်ချက်မှိတ်ပြ

လိုက်ပါတယ်။

       သူမရဲ့ အဖေနဲ့အမေက ကျောင်းအုပ်ဆရာကြီးနဲ့လာတွေ့တာ

ကိစ္စတစ်ခု ရှိဟန်တူပါသည်။ ကျွန်တော် မိန်းမငယ်လေးကိုပြန်ကြည့်

လိုက်တယ်။သူမဟာ ကျွန်တော်မြင်ဘူးသမျှ ချစ်စရာအကောင်းဆုံး

အပြည့်ဝဆုံး အပြုံးနဲ့ ကျွန်တော်ကိုပြုံးပြနေတာတွေ့လိုက်ရပါတော့တယ်။

အဲဒီ တစ်ခဏမှာဘဲ သူမရဲ့ ကိုယ်အင်္ဂါ ချွတ်ယွင်းချက်တွေအားလုံး

ပျောက်ကွယ်သွားပြီး ကျွန်တော်မြင်လိုက်ရတာကတော့ ဒီမိန်းမလှလေးဟာ

ကျွန်တော့တစ်ကိုယ်လုံးအရည်ပျော်သွားလောက်အောင် လုပ်ပြီးတော့ဘဝ

ဆိုတာဘာလဲဆိုတဲ့ အမြင်သစ်တစ်ခုကို ရုတ်တရက် ပေးလိုက်တာပါပဲ ။

ကျွန်တော့ရဲ့ဆင်းဆင်းရဲရဲနဲ့ မပျော်မရွှင်ဖြစ်နေတဲ့ ကျောင်းခြံလုပ်သား

အဖြစ်ကနေ ဆွဲထုတ်ပြီး တော့ သူမရဲကမ္ဘာလေးဆီခေါ်ဆောင်သွား

ခဲ့တာပါပဲ ။ အပြုံးတွေချစ်မေတ္တာတွေနဲ့ နွေးထွေးမှု တွေပြည့်နေတဲ့

ကမ္ဘာလေးပေါ့ ။ ဒါဟာလွန်ခဲ့တဲ့ခုနစ်နှစ်လောက်က အဖြစ်အ

ပျက်ကလေးပါ ။ ယခုအခါတွင် ကျွန်တော်သည်အထက်တန်းပညာရပ်များ

တတ်မြောက်ပြီး အထက်တန်းကျောင်းအုပ်ဆရာကြီးတစ်ဦးဖြစ်လို့နေပါပြီ။ ။

လောကကြီးမှာ ကြုံရတဲ့ ဒုက္ခတွေအကြောင်း တွေးမိတိုင်း မှာ

ကျွန်တော် အဲဒီမိန်းကလေးကို သတိရမိတယ် ။ကျွန်တော့ကို သူသင်ကြား

ပေးခဲ့တဲ့ မှတ်သားစရာ ဘ၀သင်ခန်းစာကိုလည်းအမှတ်တရ ရှိနေဆဲပါ။

"အောင်မြင်မှုသည် ကျွနှုပ်တိုလက်တကမ်းတွင်သာရှိသည်"

" Victory is within our reach."

မိမိတို့ သည် အားမာန် ဇွဲသတ္တိစိတ်များဖြင့် ကြိုးစားလျှင် တစ်နေ့မုချ အောင်မြင်ရ

မည် ပင် ။ နှလုံးလှသောစိတ်နှင့် ကောင်းမွန်သောရင်ဘတ်ကြောင့်

နောက်ဆုံးတွင် သာယာအေးမြသောဘ၀တွေ ကိုပိုင်ဆိုင်နိုင်ရပေမည်။

အကြောင်းမဟုတ်လို့ခေါင်းငုံ့မခံသော သူရဲကောင်းများအား ချီးမွမ်းဂုဏ်ယူ

ကာ လေပြေထဲတွင်ငယ်ရုပ် ဆင်နီုင်ရန် ဒီဆောင်းပါလေးကိုတင်ပြအပ်ပါသည်။

 

ဖတ်ရှုအားပေးသူမှားအားလှိုက်လှဲစွာ ကျေးဇူးတင်ပါသည်။

မြင့်စိုး

9-12-2012

 

(A World of Smile ) Author Unknown ကိုမှီး၍ ဆီလျှော်သလို့ဘာသာပြန်

ရေးသားထားပါသည်။


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>