ရွှေမြို့တော်ဆိုဒ်ထဲကသူငယ်ချင်းတွေခင်ဗျာ ကျေးဇူးပြုပြီး အားပေးကြပါအုံးလို့
တောင်းဆိုပါရစေ
အမှားတွေကမ္ဘာပတ်နေချိန်မှာ အမှန်တရားက ဖိနပ်စီးတုန်းတဲ့
လွဲမှားနေတဲ့လူတွေကြား ငါလည်းအမှားတွေနဲ့ခရီးဆက်
သိပ်စိတ်ပျက်တယ်..................................
အိုး....ဘုရားသခင်.........အခွင့်အရေးတစ်ခုလောက်ပေးသနားပါ
အမှန်တရားနဲ့အမှားတရား ကျနော်ရှေ့တော်မှောက်အရောက်ပို့စေ
ဝုန်း..........ချလောင်း.................
ကျနော် ========= အလို မင်းတို့နှစ်ယောက်ကအမွှာလားဘယ်သူတွေလည်း
သူတို့========== = ကျနော်တို့လား အမှန်နဲ့အမှား အမွှာညီအကိုလေ
ကျနော်=========== ဘယ်သူကအမှန်ဘယ်သူကအမှားလည်း
သူတို့ထဲကတစ်ယောက်== ကျနော်ကအမှန်ပါ ဒါပေမယ့် လူတွေကြားထဲရောက်သွားရင်
အမှားဖြစ်ရင်ဖြစ်သွားရတာပဲဗျ
ကျနော်===========ကျန်တဲ့တစ်ယောက်ကိုလက်ညိုးထိုးပြပြီး သူကော
ကျန်တဲ့တစ်ယောက်====ကျနော်လား အမှားပါ ကျနော်လည်း
လူတွေကြားထဲရောက်သွားရင် အမှန်ဖြစ်ရင်ဖြစ်သွားရတာပဲဗျာ
သူတို့===========ကျနော်တို့ညီအကိုတောင်လူတွေကြောင့်မို့
ဘယ်သူကအမှန်ဘယ်သူအမှားလည်းဆိုတာ
မခွဲခြားတတ်တော့ဘူးဗျာ ဖြစ်နိုင်ရင်
လူတွေနဲ့ဝေးရာရှောင်ပုန်းနေချင်တယ်
ကျနော်==========အာ.....လွယ်လွယ်လေး ဟန်နီးမွန်းထွက်နေပေါ့ကွ
သူတို့===========မရဘူးဗျ လူတွေပါးစပ်ကသံလိုက်ဓာတ်ပြင်းတယ်
သူတို့အလိုရှိရင် သူတို့ရှေ့ရောက်ရတာပဲဗျ
ကျနော်==========ဒါဆို မင်းတို့နှစ်ယောက်ကိုကမ္ဘာ ပေါ်ကပျောက်သွားအောင်
ငါသက်ပေးမယ်
သူတို့===========သက်လို့လည်းမရဘူးဗျ ကျနော်တို့ဟာ ကမ္ဘာတည်နေသရွေ့
လူတွေအသက်ရှင်နေသရွေ့ ရှိနေမှာပဲဗျာ
ကျနော်တို့ကိုအကူအညီတစ်ခုလောက်ပေးပါလား
ကျနော်=========ပြောလေ ငါတတ်နိုင်ရင်ကူညီပေးမယ်
သူတို့==========ကျနော်တို့ကိုဖန်ဆင်းခဲ့တဲ့ဘုရားသခင်ကိုပြောပေးပါ ကျနော်တို့ကို
ကမ္ဘာပေါ်က ပျောက်ကွယ်သွားအောင်လုပ်ပေးပါလို့
ကျနော်========အေး ကောင်းပြီ ငါပြောပေးမယ် ငါ့ကိုဘုရားသခင်ရဲ့လိပ်စာပေး
သူတို့========ဟုတ်...........ကိုယ်ချင်းစာဘက်စ်ကားကိုစီး 528 မှတ်တိုင်မှာဆင်း
1500ဘက်စ်ကားကိုပြောင်းစီး ဂိတ်ဆုံးထိလိုက်သွား
ဧဒင်ဥယျာဉ်ခြံရှေ့ကိုရောက်သွားမယ် ဧဒင်ဥယျာဉ်ထဲမှာ
ဘုရားသခင် တရားကျင့်နေတယ်
ကျနော်======အေး.ကောင်းပြီ..................ဟပ် ချလောင်း
ဧဒင်ဥယျာဉ်ခြံရှေ့ ကျနော် ရောက်သွားတယ် ဆိုပါစို့
ဧဒင်ဥယျာဉ်ထဲ ခြေတစ်လှမ်းချယုံရှိသေးတယ် ၀ုန်း..ဆို
ကျနော်လွင့်သွားတယ် ကမန်းကတန်းထပြီး ရှေ့ကိုကြည့်မိတော့
ဟင်.........မုတ်ဆိတ်ဖြူဆံပင်အဖြူနဲ့ အဘိုးကြီးလေးယောက်ပါလား
အဘိုးတို့လေးယောက်ကဘယ်သူတွေလည်းခင်ဗျ
သူတို့=======ငါတို့ကလောကပါလ ကမ္ဘာစောင့် နတ်မင်းတွေပဲ
(ကျနော်ကိုလက်ညိုးထိုးပြီး) မင်းဘာလာလုပ်တာလည်း
ဒီဥယျာဉ်ကလူတွေကို ၀င်ခွင့်ပိတ်ထားတာကွ
ကျနော်=====ဘုရားသခင်နဲ့တွေ့ဖို့လာတာပါ အဘိုးတို့ခင်ဗျာ
သူတို့======အင်း........စိတ်မကောင်းပါဘူး လူလေး မင်းတို့(ရဲ့) ဘုရားသခင်
အသွင်ပြောင်းသွားပြီကွ
ကျနော်=====ဗျာ........(ခေါင်းထဲမိုက်ခနဲဖြစ်သွား သူတို့ကို လက်ညိုးထိုးပြီး)
အဘိုးတို့မဖြစ်နိုင်တာမပြောနဲ့ဗျာ
သူတို့======အင်း.......လူလေးမယုံဘူးဆိုရင် ၀င်ကြည့်လိုက်ပါ ဒါပေမယ့်
တစ်ခုတော့ရှိတယ် အသေအချာမှာလိုက်ချင်ပါရဲ့ ဧဒင်ရဲ့သစ်သီးကို
ခူးမစားမိပါစေနဲ့ ကဲ ၀င်တော့ ဆိုပြီး သူတို့လေးယောက်ပျောက်သွားတယ်
ကျနော်====ဧဒင်ရဲ့ခြံထဲ ခြေသုံးလှမ်းလောက်ချမိယုံရှိသေးတယ် စာရွက်လေးတစ်ရွက်
လွင့်လာလို့ကောက်ကြည့်မိလိုက်တယ် ....အလို.....ကဗျာတွေရေးထားတဲ့
စာရွက်ပါလား..... ပြီးတော့...အရမ်းကိုထူးခြားတဲ့တေးသံစဉ်တွေလည်း
ကြားနေရတယ် ကဗျာစာရွက်တွေလည်း တစ်ရွက်ပြီင်္းတစ်ရွက်
လွင့်လာလိုက်တာ ဧဒင်ခြံထဲ ပွစာကြဲနေတာပဲ ကဗျာတွေကလည်း
ဘယ်သူမှမရေးစပ်နိုင်တဲ့ စာသားတွေ
(ကျနော်တွေးနေမိတယ်) ဒီအံ့သြစရာကောင်းတဲ့
စာသားတွေ ဘယ်သူရေးစပ်တာလည်း.............?
ထူးခြားဆန်းပြားတဲ့သံစဉ်တွေကောဘယ်သူဖန်တီးတာလည်း.....?
(ကျနော်ရဲ့အော်ဟစ်သံ) အိုး.........ဘုရားသခင်
ဟင်..ရှေ့မှာ ရွှေရောင်ဆံပင် မုတ်ဆိတ်တွေနဲ့ အဘိုးကြီးပါလား
သူ့လည်ပင်းမှာလည်း အချစ်ဆိုတဲ့ ဆိုင်းဘုတ်ပြားလေး ချိတ်ဆွဲထားလို့
သူ=====ကဲ လူလေး ဘာကိစ္စလည်း
ကျနော်==ကျနော် ဘုရားသခင်နဲ့ တွေ့ချင်လို့ အဘိုးက ဘယ်သူလည်း
သူ====အဘိုးက ဘုရားသခင်ပဲ လူလေး
ကျနော်== ဗျာ (ကျနော်ရဲ့ အံ့သြတကြီးအသံ) အဘိုးကဘုရားသခင် ဟုတ်လားအဘိုး
သူ====ဟုတ်တယ် လူလေး ဧဒင်ရဲ့ သစ်သီးစားမိလို့အချစ်ဖြစ်သွားတာ
ဟိုတစ်ခါတုန်းကပေါ့ကွာအဘိုးရဲ့ ရေးလက်စ သံစဉ်စာရွက်လေး လေတိုက်လို့
ဥယျာဉ်အပြင်ဘက်ကို လွင့်သွားတာ လိုက်ကောက်မလို့ရှိသေး
ခြံရှေ့ ဖြတ်သွားတဲ့ လူတစ်ယောက်ကောက်သွားလို့ နောက်ကလိုက်အော်ပြီး
တောင်းတယ် လူလေး အဲဒါအဘိုးရဲ့ စာရွက်လေးပါလို့
ဒါပေမယ့် သူကလှည့်ကိုမကြည့်ဘူးကွ အဘိုးလည်း ဒေါသထွက်ပြီး
အားကုန်ပြေးလိုက်မိတယ် သူ့ကိုမီပြီး သူနဲ့စကားပြောမိမှ သူဟာ
နားမကြားတဲ့လူတစ်ယောက်မှန်းအဘိုးသိခဲ့တာ
ဒါနဲ့အဘိုးလည်း သူ့ကိုသနားပြီး မတောင်းတော့ပါဘူးကွာ
သူကတော့ အဘိုးရဲ့ ခပ်ညံ့ညံ့သံစဉ်နဲ့ကမ္ဘာကျော်သွားတယ်
သူ့နာမည်က ဘေထိုးဗင်.........တဲ့
အဘိုးရဲ့ အကောင်းဆုံးသံစဉ်တွေတာ လူတွေ နားထောင်မိရင်
ရူးသွားမလားပဲ မသိဘူး
ကျနော်===အဲဒါတွေ ထားလိုက်ပါဗျာ ကျနော်အဘိုးကို မေးစရာရှိလို့
လောလောဆယ် ဗိုက်ဆာလိုက်တာဗျာ အဘိုး ဘာစားစရာရှိလည်း
သူ======အာ ရှိတာပေါ့ကွ ရော့ ဆိုပြီး သစ်သီးတစ်လုံးခူးပြီး ပေးတယ်
ကျနော်====(ကျနော်အကြောက်အကန်ငြင်းတယ်)အဲဒီအသီးတော့မစားချင်ပါဘူးအဘိုးရာ
အဘိုးလို အသွင်ပြောင်းပြီး အချစ်ဖြစ်သွားမှာစိုးလို့
သူ====မစားရင်မင်းမေးတာ ငါမဖြေဘူးနော်ဆိုပြီး ဇွတ်အတင်း ကျနော် ပါးစပ်ထဲ
ထိုးထည့်တယ်
ကျနော်=== ကျနော်လည်း ရှောင်ရင်းတိမ်းရင်ပေါ့ဗျာ (သူ)စိတ်တိုလာတယ်ထင်ပါရဲ့
ကျနော်ကို ၀ုန်းဆိုပြီး တွန်းလွှတ်ပစ်လိုက်တယ်
ကျနော် မျက်လုံးကို ပွတ်သတ် ကမန်းကတန်း ထပြီး ကြည့်မိတော့
အော်........ငါ ကုတင်ပေါ်ကပြုတ်ကျတာပဲ ညက စိတ်ကူးယဉ်တာ လွန်သွားတယ် ထင်ပါ့
ဟီဟီ တော်ပါသေး ရေသန့်ဗူးလေးကတော့ ကျနော်ဘေးမှာ
တုံးလုံးပက်လက်ကို......လဲ.........လို့............
စိတ်ထဲပေါ်တာလျှောက်ရေးတာပါ
အဓိပ္ပါယ်ကတော့ ကိုယ့်အားကိုယ်ကိုးပြီး စဉ်းစားပေါ့နော် ဒါပဲ ဟီဟီ
ဖြိုးကိုကို ကိုယ်ပိုင်ဘလော့
စိတ်ထဲကပေါ်တာ တင်ပြခွင့်ရတဲ့အတွက်
ကျေးဇူးပဲ ရွှေမြို့တော်ရေ.............................