Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

**ကောင်လေးနဲ့ ခွေးလေး**

$
0
0
စတိုးဆိုင် ပိုင်ရှင်က တခါးမှာဆိုင်းဘုပ်အသစ်တစ်ခုထပ်ချိတ်သည်။
“ခွေးပေါက်လေးများရောင်းရန်ရှိသည်” တဲ့။
ဒီကြော်ငြာမျိုးကို ကလေးတွေ အလွန်စိတ်ဝင်စားသည်။

သူတို့က ခွေးချစ်တတ် သူများ မဟုတ်လား..။
ခဏအကြာမှာ ပင်ကလေး တစ်ယောက် ဆိုင်ပေါက်ဝကို ရောက်လာသည်။

“ခွေးတစ်ကောင် ဘယ်လောက်ရောင်းသလည်းဗျ”
ကလေးဖြစ်သူကမေးသည်..

“ဒေါ်လာ 30 ကနေ 50 အထိရှိတယ်..”
ဆိုင်ရှင်ကပြန်ဖြေသည်။

ကောင်လေးက သူ့အိတ်ထဲက ရှိတဲ့ ပိုက်ဆံအကြွေတွေကို နှိုက်ထုပ်လိုက်သည်။

“ကျနော့်မှာ 2 ဒေါ်လာနဲ့ 37 ဆင့်ရှိပါတယ်။ ခွေးလေးတွေ ကျနော်ကြည့်လို့
ရမလားခဗျ..”

ဆိုင်ရှင်ကပြုံးလိုက်သည်။ နောက်တော့ ခွေးအိမ်ထဲမှာရှိနေသည့်ခွေးမကြီးကို
လေချွန်ပြီး ခေါ်လိုက်သည် ။ ခွေးမကြီး ဆိုင်ခန်းထဲကိုပြေးဝင်လာတော့ သူ့နောက်မှ
ခွေးသားပေါက်လေးများ လေးငါးကောင် တန်းစီလို့ပါလာသည်။

ပိစိကွေးလေးတွေ ၊ အမွှေးကသိပ်ရှည်တော့ တစ်ကိုလုံးအမွှေးတွေဖုံးကာလုံးနေသည် ။
ဲအဲ့သည့် ထဲမှာတစ်ကောင်က ဟိုးအနောက်ဆုံးမှာ ပြတ်ကျန်ခဲ့သည် ။

သူကထော့တီးထော့ နဲ့နှင့် လမ်းမလျှောက်တတ်သလို လို။
ကောင်လေးက သည်ခွေးကိုမြင်တော့ စိတ်ဝင်စားသွားသည်။

“ဒီခွေးက ဘာဖြစ်တာလည်း ဟင်”

ခွေးလေးမှာ မွေးကတည်းက တင်ပါဆုံအရိုးခွက်ပါမလာ သဖြင့်

တစ်သက်လုံး ခြေထော့နဲ့ ဖြစ်နေမည်ဟု တိရိစ္ဆာန် ဆေးကု
ဆရာဝန်က ပြောသည့်အကြောင်း ဆိုင်ရှင်က ရှင်းပြသည်။

ကောင်လေးကပိုပြီး စိတ်ဝင်စားသွားသည်။
“ဒီခွေး လေးကျနော်ဝယ်ချင်တယ်ဗျာ..”

သူကုဆိုသည်။

“ဟာမဝယ်ပါနဲ့ ကွာ..မင်းတကယ်လိုချင်ရင်
ငါ ပေးပါ့မယ်..”

သည်စကားကြောင့် ကောင်းမျက်မှာ ပျက်သွားသည်။
သူကမကျေနပ်သည့်အမှုအရာ မျိုးဖြင့်
ဆိုင်ရှင် ကိုမော့ပြီးပြေန်ပြောသည်။

“အလကားပေးတာ ကျနော်မလိုချင်ဘူး ခဗျ။
ဒီခွေးလေးလည်း ကျန်တဲ့ ခွေးတွေနဲ့ တန်းတူ
တန်ဖိုး ရှိတာပဲ။ တစ်ပြားသားမှမလျှော့ပါဘူး ။
ကျနော် တန်ဖိုး အပြည့်ပဲပေးမယ် ။ဒါပေမယ့်ကျနော့်မှာ
လောလောဆယ် 2 ဒေါ်လာနဲ့ 37 ဆင့်ပဲပါတယ်..။
အခုအဲ့ဒါ ယူထားပါ ။ နောက်ကို တစ်လ ဆင့်ငါးဆယ်စီ
ကျေတဲ့အထိ ကျနော်ဆက်ပေးပါ့မယ်..”

သို့သော် စတိုးဆိုင်ရှင်ကအလျှော့မပေး ။

“မဝယ်ပါနဲ့ကလေးရ ။ နောက်ကျမင်းစိတ်ပျက် သွားလိမ့်မယ်..
ဒီခွေးကပျေးနိုင်လွှားနိုင်မှာ မဟုတ်ဘူး မင်းနဲ့ခုန်ပေါက်
ကစားနိုင်မှာလည်းမဟုတ်ဘူး ”

သည်အခါကျတော့ ကောင်လေးက ဆိုင်ရှင်ကြီင်္းကိုမော့ကြည့်ကာ
သူ့ဘောင်းဘီ အောက်အနားစကို လှန်၍ပြရင်း လေသံတိုးတိုးနဲ့ပြောသည်။

“ကျနော်လည်း ကောင်းကောင်းမပြေးနိုင်ဘူးဗျာ၊
ပါပီလေး ခမျာမှာလည်း သူ့ကို ကိုယ်ချင်းစာမယ့်
လူတစ်ယောက် ရှိဖို့ လိုမှာပေါ့” တဲ့ ။

ကောင်လေး၏ ဘယ်ခြေထောက်လေးက အတော်ဆိုးဆိုးဝါးဝါးပင်
သိမ်နေကောက်နေကာ လမ်းလျှောက်နိုင်ရန်အတွက်
သတ္တုချုပ်တိုင်များ ဖြင့် အားဖြည့်ပေးထားရလေသည်။

** ဖြေမြင့်**
မူရင်း(Dal Clark ၏ Puppies For Sale)
(ချစ်ဦးမောင်) ***ကူးယူဖော်ပြသည်..။
လူတိုင်းလူတိုင်း..ထိုသို့သော် စိတ်ထားပိုင်ဆိုင်နိုင်ပါစေ..။


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>