ု သရဲကြီးနှင့်မောင်ကံချွန် (ဖြစ်ရပ်မှန်) မော်လမြိုင်မြို့ အဖြစ်အပျက်က အိမ်ပိုင်ဆိုင်မှု ပြသနာကြောင့် ။ အမှုအခင်းဖြစ်ကြပြီး မကြာပါဘူး အဆိုပါအိမ် ကို သရဲကြီးတကောင် အိမ်ရှင်ကိုနှောက်ယှက်ဖို့ရောက် လာတယ် ၊ မောင်ကံချွန် ပြတင်းပေါက်ဖွင့်ရင် ဘာမှမမြင်ရတဲ့အရာက ပြတင်းပေါက်ကို ချက်ခြင်းပြန်ပိတ် လိုက်တယ် မောင်ကံချွန်ထမင်းစားရင် ထမင်းပန်ကန်ထဲကို တံတွေး ထွေးထည့်တယ် တံတွေးအနံ့က နံစော် နေတာဘဲလို့ မောင်ကံချွန်ပြောပြတယ် ။ ညညဆို ဖွင့်ထားတဲ့မီးဆိုပိတ်မယ် ပိတ်ထားတဲ့မီးကိုလိုက်ဖွင့်တယ် အိမ်ရှင်လုပ်သမျှအကုန်ဆန့်ကျင် ပြီးလုပ်တယ် ထမင်းအိုးဟင်းအိုး ကို မထင်ရင်မထင်သလို မှောက်ပစ်တယ် မောင်ကံချွန်ဝတ်မဲ့ အ၀တ်ကို ကွမ်းတံတွေးနဲ့ထွေးထည့်တယ် ။ကိုယ်ကတံခါးပိတ်၇င်သူဖွင့်မယ် ကိုယ်ဖွင့်တာဆိုလိုက်ပိတ်လိုက်ရော အဲဒီတော့မင်းတို့မကြောက် ကြဘူးလားလို့မေးကြည့်တော့ အစကတော့ ကြောက်တာပေါ့ ကြာလာတော့လည်. ရိုးသွားတာဘဲလို့ပြောတယ် ။ တနေ့မောင်ကံချွန်တို့ ရပ်ကွက်လူကြီးကိုအကြောင်းကြားပြီး ရပ်ကွက်လူကြီးက အိမ်င်္မှာအမိန်င့်္စာ ပြန်ပေးဖို့ရောက်လာတယ် ဒီအိမ်ဟာမင်းနဲ့မဆိုင်ဘူး မင်းထွက်သွားပါ ငါရပ်ကွက်လူကြီး အမိန့် လို့ ဆိုလိုက်တာ အမိန့်စာပြန်တဲ့စာရွက်ရော ရပ်ကွက်လူကြီး တိုက်ပုံအင်္ကျီပါ ထွေးခံထည်း ကအရေ နဲ့ပက်ခံရပါလေရော ။ မိတ်ဆွေတွေအကြံပေးလို့ ဘုန်းကြီးပင့်ပြီးပရိတ် ရွတ် တယ် ရွတ်လိုက်တဲ့နေ့ တနေ့ကဟုတ်သလို လိုပျောက်သွားတယ် နောက်တနေ့ထပ်ပေါ်လာပြန်တယ် ။ ဒီတခါတော့ အထက်လမ်းဆရာ (မောင်ကံချွန်နဲ့ကျနော် သိပ္ပံ်ကျောင်းသား ယုံရခက် တယ်ဆိုတဲ့ပညာနဖူးတွေ့ဒူးတွေ့ တွေ့ကြရပြီးပေါ့ )။ ဒါကရွှေရင်ကျော်ဂိုဏ်းကဆရာပါ ။ ဆရာကြီးက အိမ်ရှင်မီန်းကလေးတယောက်ကို ဆ၇ာကြီးအရှေ့လက်အုပ်ချီခိုင်းပြီးဆရာက ရွတ်ဖတ်ပြီးနောက် ဆုံးမိန်းကလေးနတ်ပူးသလိုတုံတက်လာတယ် သရဲဝင်ပူးနေပြီး ပူးတဲ့သရဲက အခုဆန့်ကျင်နေတဲ့ သရဲကြီးဘဲ ။ ဆရာကမေးတယ် ---မင်းဘယ်သူလည်း ဘယ်ကလာသလဲ ဘယ်သူလွှတ်ခဲ့လဲ ပေါ့ ပြန်ဖြေပါတယ် --- ကျနော်ဦး(---) နေတာက (---) အခုဆရာတယောက်ကခိုင်းလို့ လာရတာပါ ဘုန်းကြီးပရိတ်ရွတ်တုန်းက မင်းဘယ်မှာသွားနေလည်း ကျနော် လှေခါးအောက်ကသစ်ဆွေးအပေါက်ထဲ ၀င်ပုန်းနေရတယ် လို့ဖြေသွားတယ် ။ ဒါဆိုအခုအချိန်ကစပြီးမင်းဒီအိမ်ကထွက်သွားမလား မသွားဘူးလား မဖြေ ဆရာကမင်းမသွားရင် ဆိုင်ရာပိုင်ရာက ကြိုးနဲ့တုတ်စမ်း ပြောလိုက်တာနဲ့ နတ်ပူးနေတဲ့လူက လည်ပင်းကိုကြိုးအစွပ်ခံရသလိုတုန်ပြီးကြမ်းပြင်ကနေ အနည်းငယ်ကြွတက်သွားတယ် ပြီးတော့ ဆိုင်ရာက ကြိမ်လုံးစကြာင်္နဲ့ ရိုက်စမ်း ဆိုတာနဲ့ အစောကမိန်းကလေး လူးလိမ့်နေတော့ဒါဘဲ ပြီးတော့မှကြောက်ပါပြီ ဆရာကြီးက ပါစပ်နဲ့ အမိန့်ပေးနေရုံဘဲ သရဲကြီးက အလူးအလဲ ခံနေရသလို ဖြစ်နေတယ် နောက်ဆုံးတော့ ဆရာကြီးအမိန့် ကိုနာခံပါမယ်လို့ဆိုလာ တယ် နာခံမယ်ဆိုတော့ဆရာကြီးက ဒီအိမ်ကို မင်းနောက်ထပ် ဘယ်တော့မှလာမနှောက် ပါဘူးလို့ကတိပေးရင် မင်းကိုပြန်လွှတ်ပေးမယ် ဆိုတော့ သရဲကြီးက----(ဟုတ်ကဲ့ ကတိပေးပါတယ် ) ဆိုလို့ ဆရာကပြန်လွှတ်ပေး လိုက်ပါတယ် ၊အဲဒီအချိန်ကစပြီးသရဲကြီးပျောက်သွားပါလေရောဗျာ ။ (မယုံရင်ပုံပြင်လို့မှတ်ပါ )
↧