Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

မောင်လို့ ယောင်လို့တောင် ခေါ်တော့ဘူး(၁)

$
0
0

ခင်သက်ဝေက စားပွဲပေါ်မှ Laptop Power ကို နှိပ်လိုက်သည်။ ခဏစောင့်ပြီး Security Passward ကို ရိုက်ထည့်လိုက်သည်။ Desktop Wallpaper ပေါ်လာသည့်အခါ မျက်လုံးကြီး ပြဲသွားလေ၏။ အဲ...မျက်လုံး ပြူးကျယ်သွားလေ၏။

ခင်သက်ဝေက GSM ဖုန်းကို ကောက်ကိုင်လိုက်သည်။ ဖုန်းနံပါတ်တစ်ခုကို ဆက်လိုက်သည်။

“ဝေ”

တစ်ဖက်မှ ပြန်ထူးသံကြားလိုက်ရသည့်အခါ ဒေါသံဖြင့် အော်ခေါ်လိုက်သည်။

“မောင်”

“လဗျောင်”

တစ်ဖက်မှ အသံက ကြားနေကျ ချစ်လင်တော်မောင် ကိုအောင်သူဝင်း၏ ထုံးစံအတိုင်း ကြည်စယ်လေ သည်။

“နောက်...မနေနဲ့...စိတ်တိုတယ်”

ခင်သက်ဝေအသံက မီးကင်းသံချောင်းလောက်မမာသော်လည်း အနည်းငယ်မာလေသည်။ ကိုအောင်သူဝင်းက ချစ်၍မငြီး ဇနီးလေးခင်သက်ဝေ၏ အသံမှာ မာကျောခက်ထန် နေသဖြင့် စိတ်ထဲတွင် တစ်မျိုးဖြစ်ပြီး မရိုးမရွဖြစ်လေသည်။

“ဝေ...ဘာဖြစ်နေတာလဲကွာ...ချစ်သမျှကို မြင်းမိုရ်ရွှေတောင်လုံးသာပ မုန်းမရတဲ့ မောင်အစစ်ပါ...ဟီးဟီး”

“တဟီးဟီးနဲ့ လုပ်မနေနဲ့ မောင် မှန်မှန်ပြော”

“ဝေကလည်းကွာ...မမင်းဖြူမှန်မှန်ပြောက မင်းသိင်္ခ ရေးတဲ့စာအုပ်လေ”

“ရွတ်နောက်နောက်လုပ်မနေနဲ့ စိတ်အရမ်းတိုနေတာနော်”

“စိတ်တိုနေတဲ့အချိန်မလှဘူး ဝေရဲ့”

“ဒီမယ်မောင်...မောင့် Laptop က Wallpaper ပုံက ဘယ်သူ့ ပုံလဲ”

“မောင့် မိန်းမ ပုံပေါ့”

“တကယ်လား”

“ဟုတ်တယ်လေ ဝေရဲ့...မောင့်ရဲ့ ရှုလို့မငြီး ချစ်ဇနီးလေးဝေရဲ့ အပြုံးလှလှ ကြွကြွရွရွ...အဲ...ခုံးမျက်စ နဲ့ ဓာတ်ပုံလေးပေါ့”

“အင်း...ဒါဆို အခု မောင် ဘယ်ရောက်နေလဲ...အခု ပြန်လာခဲ့...ဒါပဲ”

ခင်သက်ဝေက  ဖုန်းကို ဆောင့်ကြီးအောင့်ကြီးဖြင့် အနီးရှိကုတင်ပေါ်သို့ ပစ်ချလိုက်လေသည်။ မျက်နှာလှလှ ဒေါပွနေပုံမှာ ကိုအောင်သူဝင်းရောက်လာလျှင် ပေါက်တော့မည့် မြွေပွေးနှင့် တူနေပေ သည်။

♥♥♥♥♥♥♥

ကိုအောင်သူဝင်း က ဌာနတစ်ခုမှ အရာထမ်းတစ်ဦးဖြစ်ပြီး မခင်သက်ဝေက ကုမ္ပဏီတစ်ခုမှ ကြီးကြပ် ရေးမှူးဖြစ်သည်။ ကိုအောင်သူဝင်းက မခင်သက်ဝေကို စတင်မြင်တွေ့သည့်နေ့ရက်က မီးရထားတစ်စီး မောင်းသွားသလို ဂျုံးဂျုံးဂျက်ဂျက်ဖြင့် သွက်သွက်လက်လက် ရင်ခုန်သည်။ ရင်ခုန်ရ လောက်အောင် မခင်သက်ဝေက လှသည်။ ယဉ်သည်။ ချောသည်။ အပြောချိုသည်။ ၀တ်စားဆင်ယင်မှုက စမတ်ကျကျ မြင်သူငေးရသည်။

မခင်သက်ဝေကလည်း ကိုအောင်သူဝင်းကို ပြန်ပြီးသဘောကျ၏။ စိတ်ဝင်စား၏။ အားကိုးချင်စိတ် ရှိ၏။ ဘ၀အဆက်ဆက်က ပေါင်းဖက်ခဲ့ရသည့် မောင်တော်ကို ပြန်လည်တွေ့မြင်ရသည့်နှယ် ခံစားရ၏။

တိုတိုပြောကြပါစို့။ ကိုအောင်သူဝင်းနှင့် မခင်သက်ဝေ တို့ မိဘများကလည်း သဘောကျ အဟောတ၀ ကောင်းလေစွဟု ထင်မြင်ယူဆပြီး မင်္ဂရက်မြတ်သတ်မှတ်၍ ခမ်းနားထည်ဝါစွာ လက်ထပ်ခဲ့ကြခြင်း ဖြစ်ပါသည်။

ဤသို့ပုံနှယ် ချစ်ခင်ကြင်နာ ပေါင်းရပါသော ကိုအောင်သူဝင်းကို ဒေါပွနေခိုက် ချစ်ဇနီးခင်သက်ဝေ၏ တစ်ချက်လွတ်အမိန့်တော် ရာဇသံကြောင့် အမြန်ပြန်လာပုံမှာ လေယာဉ်များ စီးပြီးလာလေသလား ထင်မှတ်မှားလောက်ပေ၏။

မျက်နှာကို အောက်ကြို့ပြီးနောက် ချစ်ဇနီးခင်သက်ဝေ၏ ရှေ့မှောက်သို့ ဒူးထောက်ရောက်လေသည့် အခါတွင် သနားစဖွယ် ကြောင်သူငယ်နှယ် ပွတ်သီးပွတ်သတ် မျက်နှာချိုသွေးရသည်။

“အခုမှ မခုတ်တတ်တဲ့ကြောင်လုပ်မနေနဲ့...”

ခင်သက်ဝေက မျက်နှာထားတင်းတင်းဖြင့် ပြောသည့်အခါ သကောင့်သားအောင်သူဝင်းမှာ ဘာမှ နားမလည် မျက်လုံးကလေးကို ပုတ်ခတ်ပုတ်ခတ်ဖြင့် မ၀ံ့မရဲ ပြန်ကြည့်ပြီး မရဲတရဲ အကဲစမ်းပြီး ပြန်မေး လေသည်။

“မောင်...ဘာများ အမှားလုပ်မိလို့လဲ ဝေရယ်”

“မောင်ပြောတော့ Laptop က Wallpaper ပုံက မောင့်မိန်းမပုံလို့ ပြောတယ်မဟုတ်လား”

“ဟုတ်တယ်လေ...ဝေရဲ...မောင့်ရဲ့ အချစ်ဆုံး မျက်လုံးထဲကမထွက်တဲ့ ဝေ့ ပုံလေ”

“ကဲ...ကြည့်တော့ ဒါ...ဝေ့ပုံလား”

ခင်သက်ဝေက စားပွဲပေါ်မှ Laptop ကို အောင်သူဝင်းဖက်သို့ လှည့်ပြီးပြလိုက်ချိန်မှာတော့ အရုပ်ကြိုး ပြတ် မတ်တတ်က လဲကျလုမတတ်ဖြစ်သွားလေသည်။

ဟိုက်...သေပါလေရော့...

“ပြောလေ...ဝေ့ပုံလားလို့”

ခင်သက်ဝေမျက်လုံးများက အောင်သူဝင်းကို ပြာကျလောက်အောင် အခိုးငွေ့များ ထွက်နေရသလား ထင်မှတ်မှားနေရပေသည်။

ခင်သက်ဝေ မနောက ဒေါပွမည်ဆိုပါက လွန်အံ့မထင်။ ဓာတ်ပုံရှင်မှာ ကိုအောင်သူဝင်း၏ လက်အောက်တွင် တာဝန်ထမ်းဆောင်နေသော ရုပ်ရည်ချောမော၊ ဓနပေါကြွယ်သော စာရေးမလေး ဖြစ်နေခြင်းကြောင့်ပင်။

“ဝေ...တစ်ခုခုတော့ မှားနေပြီထင်တယ်နော်”

“ဘာများရှင်းချင်သေးလို့လဲ...ကိုအောင်သူဝင်း”

“ရုံးက တစ်ယောက်ယောက်က နောက်လိုက်တာ ထင်တယ် ဝေရယ်”

“ဒီမှာ ကိုအောင်သူဝင်း...ကျွန်မ ရှင့်ကို ဘယ်လိုယုံရမှာလဲ...ရှင်းမနေနဲ့တော့...”

အောင်သူဝင်းက သနားစဖွယ် မျက်နှာငယ်ငယ်ဖြင့် ခင်သက်ဝေကို ကြည့်လေသည်။

“ဝေရယ်...အခေါ်အပြောကစ ပြောင်းလိုက်သလား”

“ဟုတ်တယ်...ကိုအောင်သူဝင်း...ကျွန်မ ရှင့်ကို သစ္စာရှိမယ်လို့ ထင်ထားတာ”

“မဟုတ်ရပါဘူး ဝေရယ်...စဉ်းစားပါဦးနော်”

“တော်ပြီ...တော်ပြီ...မောင်လို့တောင် ယောင်လို့ မခေါ်ချင်ဘူး။ အခုအခန်းထဲက ထွက်သွား”

ခင်သက်ဝေက ဒေါပွပွဖြင့် အောင်သူဝင်းကို အခန်းထဲမှ တွန်းထုတ်ပြီး အခန်းတံခါးကို ချက်ချ ထားလိုက်လေသတည်း။

“ဝေရယ်...တံခါးဖွင့်ပေးပါ...ဝေထင်တာ မှားနေပြီနော်”

အောင်သူဝင်းက အခန်းအပြင်မှ တံခါးကို ထုရင်း ပြောသော်လည်း အထဲမှ ခင်သက်ဝေက ရင်မှာနာနာ ဒေါပွကာဖြင့် အတင်းပင် စိတ်ကို လျော့ကာ တံခါးကို ဖွင့်ပေးမည်ဟု ကြံသော်လည်း “ဒင်းတော့...မှတ် လောက်အောင် ထားဦးမယ်”ဟု တွေးကာ အိပ်ယာထက်တွင် ၀င်၍ခွေနေလေတော့သည်။

(ကျွန်တော့်ဝတ္ထုကို အစမှ အဆုံးတိုင် တစ်ကြိမ်တည်း တင်လိုသော်လည်း ရှည်လျားနေသည့်အတွက် အပိုင်း(၂)ပိုင်းခွဲ၍ တင်သည်ကို သည်းခံခွင့်လွှတ်ပေးပါခင်ဗျာ)

ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ...

ကျော်သိုက်

(၁၁-၁၂-၂၀၁၂)(ည ၈ နာရီခွဲ)


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>