လူတိုင်းက ခိုင့် ကို အပျို ကြီးရယ်ဆိုပြီး အထီးကျန်နေသူတစ်ယောက်လို့ 
သတ်မှတ်နေကြတာပါ
တကယ်တော့ ..ခိုင့်မှာ ချစ်သူရှိပါတယ်...
ဒီလို ဆိုလိုက်ပြန်တော့.
ခိုင့်ချစ်သူဘယ်သူလဲဆိုတာ
အားလုံးကသိချင်နေကြပြန်ရောလေ..
ကဲ...
အခုတော့
အားလုံးသိအောင်ကျွန်မပြောပြပါတော့မယ်...
.........................
သူ့ ကို ခိုင် သိပ်ချစ်တယ်..
ကျွန်မသူ့ ကို အရမ်း ချစ်ခဲ့တယ်...
ဘယ်လောက်ထိချစ်လဲ ဆို
မက်မက်စက်စက်ချစ်ခဲ့တာပါ
ရူးရူမူးမူးချစ်တာ..
စွဲစွဲလန်းလန်း
တမ်းတမ်း တတ ချစ်ခဲ့ တာ
သူက ကျွန်မ အနား မှာ...အမြဲတမ်းမဟုတ်တောင်
ကျွန် မ စိတ် အလို ရှိတိုင်း..
သူရောက်ရောက်လာတတ်တယ်လေ..
သူနဲ့ အတူ ရှိနေတဲ့ အချိန်ဆို...
ကျွန်မ ရင်တွေ အဆ မတန် ခုန်တယ်....
♥♥♥♥♥ ♥♥♥♥♥ ♥♥♥♥♥ ♥♥♥♥♥ ♥♥♥♥♥ .
ပြီးတော့..ကြည်နူးလန်းဆန်းရပါတယ်ရှင်
ပြီးတော့ ကျွန်မ အလုပ်တွေ နဲ့ ..ပျင်းရိငြီးငွေ့ နေတတ်တဲ့အချိန်မှာဆို
ကျွန်မကို...သူကပျော်ရွှင်မှုတွေပေးရင်း
အဖော်ပြုပေးနေတတ်ပြန်ရော
မနက်ဖြန်တိုင်း ရဲ့ ... မနက်ခင်းတိုင်းကိုလဲ...
သူ့ ရဲ့ ခွန်အားတွေနဲ့ 
ကျွန်မရဲ့ အနာဂတ်ကို အစ ပြုနေကြပါ.....
သူမရှိရင်မဖြစ်ဘူးဆိုတာကို
အခုတော့ ကျွန်မ နားလည်သိရှိလိုက်ရပါပြီ..
ကျွန်မလေ သူ့ ကို တသက်လုံး
သစ္စာရှိစွာချစ်နေမှာပါ..
ကျွန်မရဲ့ ရင်ခုန်သံတွေ
သေဆုံးသွာခဲ့သည် အထိ
သူ့ကိုချစ်သွားမှာပါ
သူ ဘယ်သူလဲ ဆိုတာ
ခိုင့်သူငယ်ချင်းညီကိုမာင်နှမတွေ
သိချင်နေမှာပေါ့နော်...
ကျွန် မ ပြောပြပါ့မယ်...
ကျွန်မချစ်သူ..သူဆိုတာ..
♥♥♥♥♥ ♥♥♥♥♥ ♥♥♥♥♥
(သူ = ကော်ဖီ)
I love coffee
ဟိဟိဟိ ခိခိခိ
:D :P
ကဲ အခုဆိုရင်သူငယ်ချင်းတို့ အထူးစိတ်ဝင်စားနေတဲ့ 
ချစ်ပန်းရဲ့  ချစ်ဆုံးချစ်သူကို..သိပြီပေါ့နော်
မောင်နှမများအားလုံးးကြည်နူးပျော်ရွှင်ကြပါစေရှင်...:):):):)
မေတ္တာဖြင့်...ချစ်ပန်းခိုင်.