အသွေးအသားကို ထိုးဖောက်လို့ အရိုးထဲအထိ့စိမ့်ဝင်လာတဲ့ ဒီအအေးဓာတ်ကြောင့် ကျွန်တော်အရမ်းပဲချမ်းအေးနေခဲ့တယ် ။ -
ဒါပေမဲ့ ဒီဆီနှင်းတွေကြားမှာပဲ ကျွန်တော်ဒူးထောက်နေချင်းတယ် ။ နွေးထွေးစွာနဲ့ပွေ့ဖက်ယူမဲ့ နေခြည်နုနုရဲ့ယုယမှု့ကို မမျှော်-
လင့်ပါဘူး ။ ပြီးတော့ သန်းခေါင်ယံညကြောင့်တိတ်ဆိတ်နေမဲ့ အထီးကျန်မှု့ကိုလဲ ကျွန်တော်တွေးပြီးမကြောက်ချင်တော့ဘူး ။ --
ကျွန်တော့်အနားကို တိုးကပ်လာမဲ့သူ့ရဲ့ခြေသံတွေကိုနားစွန့်ရင်းနဲ့ ကောင်းကင်ကြီးကို မော့ကြည့်မိ့လိုက်တော့ ကြယ်ကလေး
တပွင့်ကြွေသွားတာတွေ့လိုက်ရတယ် ။ သူ့အတွက်နေကောင်းပါစေလို့ဆုတောင်းရင်းနဲ့ပဲ မျက်ရည်တစက်က “ ပေါက် ” ခနဲ့ကြွေ-
သွားတော့တာပေါ့ ။ -
- **************************** -
“ ရှင်ကျွန်မကိုမချစ်ပဲနဲ့နေနိင်မလား - ဒါဆိုရင်တော့ ရှင်ကျွန်မရဲ့သူရဲကောင်းပဲ ”
“ ကိုယ်သူရဲကောင်းမဖြစ်ချင်ဘူး - မင်းကိုမြတ်နိုးမိ့တယ်ဆိုတာလဲ သူရဲကောင်းဖြစ်ဖို့အတွက်မှမဟုတ်တာ ”
“ အင်း ရှင်တို့ယောကျာင်္းတွေက အတော်ရယ်ရတာပဲ ကျွန်မကပုံပြင်တွေဝတ္တုတွေထဲကလို ဇာတ်သိမ်းခန်းမှာသေချာပေါက်
ပေါင်းရမဲ့သူလို့တော့ တွေးထင်မထားနဲ့နော် ”
“ မဟုတ်ဘူး မဟုတ်ပါဘူး ကိုယ်မင်းကိုမြတ်နိုးတယ်ဆိုတာက မင်းဘ၀တခုလုံးကိုပိုင်ဆိုင်ဖို့အတွက်မှမဟုတ်တာ မင်းရဲ့ဝေ
ဒနာတွေကို မျှဝေယူချင်တာ ပြီးတော့ အမြတ်တနိုးတန်ဖိုးထားပြီးစောင့်ရှောက်ချင်တာ ”
“ ရှင်တို့ယောကျာင်္းတွေကအဲဒါပဲ ချစ်တယ် ယုယကြင်နာမယ်ဆိုတဲ့သံယောဇဉ်ကြိုးနဲ့တုတ်ပြီး နောက်ဆုံးတော့ ရှင်တို့တန်ဖို
းထားပါတယ်ဆိုတဲ့ကျွန်မတို့ဘ၀က နွမ်းညစ်နေတဲ့ဇနပုဒ်ထဲများရောက်သွားပြီဆိုရင် ကန်ထုတ်ဖို့လဲဝန်မလေးဘူးမဟုတ် -
လား ”
“ မင်းနာလည်မှု့လွဲနေတာပဲဖြစ်မှာပါ တကယ်ချစ်တဲ့စိတ် တကယ်မြတ်နိုးနေမိ့တဲ့စိတ်သာ ရင်ထဲမှာသန္ဒေတည်နေခဲရင် -
အဲဒီရင်ဘတ်နဲ့ကမ္ဘာကြီးတခုလုံးကိုတင်ထမ်းရဲတဲ့ အင်အားတွေရှိကြပါတယ် ”
“ ဟား ဟားးးး ရှင်ကရယ်စရာတွေလဲပြောတတ်တာပဲ ဒါပေမဲ့ ရှင်ရေးနေကြစာကဗျာတွေထဲကလို နှလုံးသားတိုင်းကလဲ
မနုညံနိင်ဘူးနော် ပြီးတော့ကျွန်မက ယောကျာင်္းတယောက်ရဲ့ဖျားယောင်းသီမ်းသွင်းမှု့ကိုလဲ ဘယ်တော့မှခံမှာမဟုတ်ဘူး ”
- မီးစာကုန်ဆီခမ်းနေတဲ့ ကျွန်တော့်နှလုံးသားနယ်ပယ်တ၀ိုက်မှာတော့ မျှော်လင့်ခြင်းတွေက မရဲတရဲနဲ့တောက် -
လောင်နေဆဲ . . ။ သူ့ဆီမှာ ဘာကြောင့်များချစ်တတ်ခြင်းတွေကင်းမဲ့နေရသလဲဆိုတာ ကျွန်တော်အဖြေရှာလို့မရနိင်
ခဲ့ဘူးလေ ။
“ ကျွန်မငယ်ငယ်တုန်းကဆို ဖြူဖြူဖွေးဖွေးလွင့်ကျနေတဲ့ နှင်းမှုံနှင်းစက်လေးတွေဆို အရမ်းသဘောကျတယ် - ဒါပေမဲ့ -
ကျွန်မကအရမ်းအေးနေတာတော့မကြိုက်ဘူး - ဒါကြောင့် ကျွန်မမြတ်နိုးတဲ့ဒီနှင်းလေးတွေမြင်ရဖို့အတွက် နွေးထွေးတဲ့ရင်ခွင်
အစုံကိုလဲ အပိုဆုအနေနဲ့ကျွန်မနှစ်သက်သေးတယ် - ကျွန်မ မေမေ့ကိုလွမ်းလိုက်တာ - နှင်းစက်လေးတွေကို မေမေ့ရင် -
ခွင်ထဲကနေကြည့်ခဲ့ရတာကိုပေါ့ ”
“ ငါလဲဒီနှင်းစက်နှင်းမှုံတွေမြင်ရင် မင်းကိုသတိ့ရနဲ့လွမ်းနေမိ့သေးတာပဲ ဘာကြောင့်ငါ့ရင်ခွင်ထဲကိုခိုလုံဖို့စိတ်မကူးခဲ့တာလဲ
ဟင် ”
“ မတူဘူးလေ ကျွန်မကမေမေ့ရင်ခွင်မှာခိုလုံခွင့်ရဖို့ ဒီနှင်းစက်တွေကိုမြတ်နိုးခဲ့မိ့တာ ဒီနှင်းစက်တွေကိုလိုချင်လို့မေမေ့ရင်
ကိုခိုလုံခဲ့တာမဟုတ်ဘူး - အကယ်၍များ ချစ်ခြင်းမေတ္တာတခုကို ပုံဖော်ထုဆစ်လို့ရရင်တော့ မိ့ဘမေတ္တာကလွဲလို့ကျန်တာမ-
ဖြစ်နိင်ပါတော့ပါဘူး ”
- ကျွန်တော်အေးစက်တဲ့လေနုအေးကို လှိုက်မောစွာရှုရှိုက်လိုက်ရင်းပဲ . . .
“ မင်းအပေါ်ချစ်တဲ့ကိုယ့်ရဲ့မေတ္တာတရားတွေကိုလဲ မင်းယုံကြည်လာအောင် ထုဆစ်ပံဖော်ပြချင်ပါတယ် ဒါပေမဲ့ . . .
ဒြပ်ရှိဖြစ်မလာနိင်တဲ့ ဒီချစ်ခြင်းမေတ္တာကို မင်းယုံကြည်စေဖို့အတွက် ဘယ်လိုထုဆစ်ပုံဖော်ရမလဲ ကဲ ပြောပြစမ်းပါအုံး ”
“ ရှင်နားလည်မှု့လွဲနေတာပါ ကိုယ့်ရဲ့ချစ်ခြင်းကို တပါးသူနားလည်လာနိင်စေဖို့အတွက် ရှင်သက်သေပြရမယ်လေ ဘယ်
လောက်အထိ့မွန်မြတ်သလဲ ဘယ်လောက်ထိ့ခိုင်မာတည်တန့်နိင်မလဲဆိုတာကိုပေါ့ - ပြီးတော့ ကျွန်မကိုတန်ဖိုးထားပြီးလွမ်
လွမ်းပါတယ်ဆိုတဲ့ရှင့်ရဲ့အလွမ်းတွေကိုလဲ ကျွန်မအဝေးကနေစောင့်ကြည့်နေချင်သေးတယ် ရှင်ကရော ကျွန်မယုံကြည်
လက်ခံပေးနိင်တဲ့အထိ့ ထုဆစ်ပုံဖော်နိင်ပါ့မလား ”
- နှင်းမှုံနှင်းစက်တွေကြားမှာ တိုးဝင်ပျောက်ကွယ်သွားတဲ့ သူ့ရဲ့ခြေသံတွေက ကျွန်တော့်အနားကနေတစတစနဲ့ .
ဝေးလွင့်သွားတော့တယ်လေ ။ သူသာမြင်တတ်မယ်ဆိုရင်တော့ ကျွန်တော့်မျက်ရည်တပေါက်နဲ့တင်လုံလောက်နေပါပြီ ။
- **************************** -
- အေးစက်တဲ့အထိ့အတွေ့နဲ့ သန်းခေါင်ယံညရဲ့တိတ်ဆတ်မှု့အရိပ်အောက်မှာ ကျွန်တော့်အနားကိုတိုးကပ်လာမဲ့သူ့
ရဲ့ခြေသံတွေကိုနားစွန့်ရင်း ကောင်းကင်ကြီးကိုမော့ကြည့်ဆဲပါပဲ ။ အလွမ်းတခုအတွက် ထုဆစ်ပုံဖော်နေတဲ့ကျွန်တော့်ရဲ့
သက်သေပြချက်တွေထဲမှာ ကြယ်ကလေးတွေရေတွက်နေမိ့တာလဲပါတာပေါ့ ။ ဟုတ်တယ် ကျွန်တော်ယုံကြည်တယ် ။ -
ကျွန်တော်ရေတွက်နေတဲ့ကြယ်ကလေးတွေ ၁၅၀၀ မပြည့်ခင် သူကျွန်တော့်နားကိုရောက်လာမှာပါ ။ ကျွန်တော်ယုံကြည်လာ
အောင် ( လိမ်ညာမှု့နဲ့ပဲဖြစ်ဖြစ် ) တချက်လောက်ဖြေသိမ့်ပေးပါလား ။ သူ .... သူကျွန်တော့်အနားကိုလှမ်းလာနေမှာ
ပါနော် ။ ဟုတ်တယ် သူလှမ်းလာနေမှာပါ ။
= နှလုံးသားဖြင့်ရင်း၍ ( မင်းဆက်ဆက်ခ )
= ဒီပို(စ်)လေးကအဟောင်းလေးပါ ဒီဇင်ဘာလအတွက် အမှတ်တရလေးဖြစ်အောင် အသဲအသန်ခဲမှန်အောင်စဉ်းစားခဲ့ပေမဲ့ မထွက်တဲ့ဒီခေါင်းကြောင့် အဟောင်းလေးပဲတင်ပေးလိုက်ပါတယ် ။