မန္တလေးတိုင်း ....မြင်းခြံခရိုင်..... မြင်းခြံမြို့မြောက်ဖက်.... (၈)မိုင်လောက် ဝေးတဲ့ ဆင်ချောင်းကျေးရွာလေး တွင်ဖြစ်၏.....။
အချိန်ကား...တိတ်ဆိတ်သော သန်းခေါင်ကျော်.. ညအခါ ဖြစ်ပေသည်....။
ရွာ၏မြောက်ဖက် သုဿန်ရှိရာသို့ တရွေ့ရွေ့ တလှုပ်လှုပ်နှင့် မဲမဲသဏ္ဍန် နှစ်ခု သည် ချည်းကပ်လာလေသည်...။
ထိုမဲမဲသဏ္ဍန် နှခုမှာကား အခြား မဟုတ်ပေ...။
အထက်လမ်းဂိုဏ်းဆရာ "ရူးကြောင်မူးကြောင် အူစီမောင်" နှင့် တပည့်ကျော် "ဘီဂါး" တို့ဖြစ်ပေသည်...။
အရေးကြီး အထက်လမ်းဂိုဏ်း ကိစ္စတစ်ခု ဆောင်ရွက်ရန် အတွက်ကြောင့် ဤနေရာကို ဖြတ်သန်းသွားလာရခြင်းဖြစ်ပေသည်...။
ဆရာတပည့်နှစ်ယောက် တဖြေးဖြေး သွားနေရာမှ မြေပုံများ အုတ်ဂူများ အလယ်လောက် ရောက်သောအခါ...
လှုပ်ရှားသွားလာမှုများ ရုတ်တရက် ရပ်တန့်သွားလေသည်...။
အဘယ့်ကြောင့်ဆိုသော် ...သူတို့သွားရာ လမ်းတည့်တည့်တွင်....အမဲရောင်ဝတ်ရုံဝမ်းဆက် ၀တ်ဆင်တားသော....ရုပ်ဆိုးဆိုး
မိန်းမကြီးတစ်ယောက်က ပိတ်ဆို့ကာ ရပ်နေသောကြောင့် ဖြစ်၏....။
ထိုမိန်းမကြီးကား အခြားမဟုတ်ပေ...ဤရွာအနီးတ၀ိုက်တွင် ဗိုလ်ကျစိုးမိုးကာ သောင်းကျန်းနေသော ......
စုန်းမကြီး" မဖွားဇုံ " ဖြစ်ပေသည်...။
သွားမည့်လမ်း ပိတ်နေသဖြင့် "ရူးကြောင်မူးကြောင် အူစီမောင်" ဒေါသနည်းနည်း ဖြစ်သွား၏...။
"ဟေ့...ဖွားဇုံ...ငါတို့သွားမယ့်လမ်း ဘာလို့ ပိတ်ရပ်ထားတာလဲ....နင် အခု ဖယ်ပေးစမ်း...."
"ဟားဟား ဟား ဟား ဟား.....ရီစရာကောင်းလိုက်တာ...ဒါ ငါ့ပိုင်နက်နယ်မြေဟဲ့..အူစီမောင်ရဲ့....
နင်တို့ အခုပြန်လှည့်သွားကြစမ်း"
"ဖွားဇုံ...ငါ့ကို မနှောက်ယှက်နဲ့....ငါ့အကြောင်းသိတယ် မဟုတ်လား...ငါ မလုပ်ချင်ဘူးနော်...ဟင်းဟင်း.."
"အူစီမောင်...နင့်ပညာ မတောက်တခေါက်လေးနဲ့များ...ငါ့ကို လာစမ်းချင်တယ်....နင်စွမ်းရင်လုပ်ကြည့်လေ...ဟားဟားဟား"
"တောက်..နင် ဖယ်မလား မဖယ်ဘူးလား..."
"မဖယ်ဘူး...အစုတ်ပလုပ်ကောင်ရဲ့..."
"အေး..သိကြသေးတာပေါ့...တပည့်ကြီး ဘီဂါး..ဘယ်ဖက်က ဆရာ့လွယ်အိတ် ပေးစမ်းကွာ...."
"ဟုတ်ကဲ့ ဆရာ..."
"အူစီမောင်"သည်...လွယ်အိတ်ထဲမှ အဖြူရောင်အင်းတစ်ချပ်ကို ထုတ်ကာ မန်းမှုတ်၍... စုန်းမကြီး မဖွားဇုံအား
ပစ်ပေါက်လိုက်၏..။
"၀ုန်း"
ပေါက်ကွဲသံနှင့်အတူ အဖြူရောင် မီးခိုးလုံး ထွက်ပေါ်လာလေသည်....။
မဖွားဇုံမှာ ဘာမျှမဖြစ်ပေ....။
"ဟားဟားဟား...ဒါလား နင့်ပညာ..."
"အူစီမောင် "မျက်နှာ တစ်ချက်ပျက်သွား၏...။
"ဘီဂါး " လန့်သွား၏....။
နောက်ထပ် ရွှေရောင်အင်းတစ်ချပ်ကို ထုတ်ကာ မန်းမှုတ်၍ ပစ်လိုက်ပြန်၏...။
"၀ုန်း"
အမည်းရောင် မီးခိုးလုံး ထွက်ပေါ်လာလေသည်...။
မဖွားဇုံကား မဖြုံပေ.....။
"ဟားဟားဟား...ဟေ့ ... ဆရာစုတ်....နင့်ပညာ ဒါ အကုန်ပဲလား ...."
"အူစီမောင်" မျက်နှာပျက်သွားပြန်၏..။
"ဘီဂါး" လည်း ပိုလန့်လာ၏...။ ချွေးတွေတောင် စို့လာ၏...။
"တပည့်ကြီး "ဘီဂါး" ...ညာဖက်လွယ်အိတ် ပေးစမ်းကွာ..."
လွယ်အိတ်ထဲမှ ထုတ်ယူသော ကလေးကစားစရာ ရေပြွတ်သေနတ်ဖြင့် ပစ်လိုက်လေသည်...။
"ပြွတ်...ပြွတ်....ပြွတ်...."
"ဟဲ့...အူစီမောင် နင်ရူးသွားပြီလား....ရေနဲ့လာပက်နေတာ...ငွေအင်း...ရွှေအင်းတောင် မဖြုံတာ....
ဟားဟားဟား..."
"သိပ်အပြောမကြီးနဲ့...ဒါဘာလဲ မြီးကြည့်စမ်း စုန်းမရဲ့..."
"အူစီမောင်"သည် လွယ်အိတ်ထဲမှ ခပ်ရှည်ရှည် အရာတစ်ခုထပ်ထုတ်ကာ...မဖွားဇုံအား ပစ်လိုက်လေသည်..။
"၀ုန်း"
ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ လိမ္မော်ရောင် မီးတောက်ကြီး ပေါ်ထွက်လာလေသည်....။
"နင်..နင်...နင်...ရက်စက်လိုက်တာ....ဒါ....ဘာအင်းလဲဟင်....အ...အာ....အား..."
စုန်းမကြီး မဖွားဇုံမှာ.....ပြောဆို၍ စကားမဆုံးခင်မှာပင် မီးတောက်လောင်ကာ လဲကျသွားလေတော့သည်...။
တပည့်ကျော် "ဘီဂါး" စုန်းမကြီး မီးလောင်သေဆုံး သွားသဖြင့် အံ့သြ၀မ်းသာသွားကာ ဆရာဖြစ်သူအား မေးလိုက်လေ၏...။
"ဆရာ...ခုန သုံးတာ ....ဘာအင်းလဲ ဆရာ..တော်တော်စွမ်းတာပဲ..."
"ငါ့တပည့်ရ..အဲဒါ အင်းမဟုတ်ဘူးကွ...မသေမချင်းမှတ်ထား.....လက်ပန်းတောင်းတောင် အရေးအခင်းမှာ
သုံးတဲ့ မီးလောင်ဗုံးကွ...ကဲ သိပြီလား.."
"တိန်"
ဝင်းမြင့်အောင် (၁၂.၁၂.၁၂)face book မှကူးယူဖော်ပြပါသည်။
ရယ်မောပျော်ရွှင်နိုင်ပါစေ.........