(ဥပမာဝတ္ထုအဖြစ်ရေးသားပြပါမယ်နော်)
ရှေးအခါက ရွာတစ်ရွာတွင်
ညီအစ်ကိုနှစ်ယောက်ရှိကြတယ်
သူတို့ညီအစ်ကိုနှစ်ယောက်ဟာ
မိဘများဆုံးပါးသွားတော့
ညီအစ်ကိုနှစ်ယောက်အရောင်းအဝယ်ပြုလုပ်ပြီး
အသက်မွှေးဝမ်းကြောင်း လုပ်ကိုင်နေထိုင်ကြတာပေါ့နော်
ဒါပေမဲ့ညီအစ်ကိုနှစ်ယောက်ဟာ ဘာသာရေးဘက်ကြတော့
အယူအဆခြင်းမတူညီမကြဘူး အစ်ကိုဖြစ်သူက ဘုရားကိုကိုးကွယ်တယ်
ညီဖြစ်သူကတော့ နတ်ကိုကိုးကွယ်တယ်
အယူအဆတွေက တစ်ခြားစီပါပဲနော်
တစ်နေ့သောအခါကြတော့ ဝေးလွန်းတဲ့ ရွာတစ်ရွာကို
အရောင်းအဝယ်သွားလုပ်ဖို့အတွက် ညီအစ်ကိုနှစ်ယောက်
အထုပ်တွေပိုက်ပြီး မိမိရွာကနေ ထွက်လာကြတာပေါ့
သွားရမဲ့ရွာကလည်း ကြမ်းတမ်းတဲ့ တောလမ်းကိုဖြက်ကျော်ရမှာ ဖြစ်နေတယ်
ညီအစ်ကိုနှစ်ယောက်ဟာ ခရီးဆက်နှင်လာပြီး လူသူကင်းဝေးသော
သစ်တော့ အုပ်ကြီးထဲရောက်လာကြပေါ့
ခရီးသွားရတာ ပင်လည်းပင်ပန်းလာတာနဲ့
ဗိုက်ကလည်းဆာ အစ်ကိုဖြစ်သူက ငါ့ညီငါတို့ခရီးဆက်လာကြတာလည်း
ပင်ပန်းလှပြီ ဗိုက်ကလည်းဆာနေပြီကွာ ဒီသစ်တောထဲ
ငါတို့ဗိုက်အစာဖြည့်ပြီး တစ်ညလောက်အိပ်ကြရအောင် ဘယ့်နဲ့လည်းငါ့ညီဟု
အစ်ကိုဖြစ်သူကပြောလေသည် ညီဖြစ်သူကလည်း
ကောင်းပါပြီ အစ်ကိုကျွန်တော်တို့ ဝမ်းဗိုက်ဖြည့်ပြီး တစ်ညအိပ်ကြတာပေါ့မနက်မိုးလင်းမှ
ခရီးထပ်ဆက်ကြမယ်ဟု ညီဖြစ်သူလည်းအစ်ကိုအား ပြန်ပြောလိုက်လေသည်
ညီအစ်ကိုနှစ်ယောက် သဘောတူပြီး ပါလာသည့် အထုပ်အပိုးများချ၍
ဝမ်းဗိုက်ဖြည့်ကာ တော်တော်လေးညဥ့်တက်လာတော့
ွှအရိပ်ကောင်းသည် သစ်ပင်ရိပ်အောက်တွင် အိပ်စက်အနားယူခါနီးမှာ
အစ်ကိုဖြစ်သူက ဘုရားကိုရှိခိုး ညီဖြစ်သူက နတ်ကိုရှိခိုးကာ
ခရီးပန်းလာတာကြောင့် နှစ်နှစ်ချိုင့်ချိုင့်အိပ်ကြလေသည်
ထိုသစ်တောတွင် နတ်နဲ့ ဘီလူးတိုဟာ တစ်ယောက်တစ်ဝက်ပိုင်ကြတာမို့
ညချမ်းအချိန်အခါတွင် ဘိလူးသည်ဝမ်းရေးအတွက်အစာရှာချိန်ရောက်သောအခါ
သူ၏်တန်ခိုးအာနုဘော်ဖြင့် စူးစမ်းရှာဖွေလိုက်သောအခါ
ဘီလူးနှင့်နတ်တို့ စီးခြားထားသည် နယ်မြေမှာ စည်းတစ်ဝက်မှာအိပ်နေကြသည်
စောစောက ညီအစ်ကိုနှစ်ယောက်ကို သွားမြင်လေ၏
ထိုအခါဘီလူးသည် ညီအစ်ကိုနှစ်ယောက်ရှိရာ
နယ်မြေစီးခြားသို့ အလျှင်အမြန်ရောက်လာပြီး
ညီအစ်ကိုနှစ်ယောက်အား စားဖို့ဟန်လုပ်နေစဉ် သစ်တောတဝက်စောင့်သည့်နတ်က
အနားသို့လာပြီး ဟန့်တားလေ၏ ထိုအခါဘီလူးက အသင်နတ်ကျွန်ုပ်အား
ဒီလုလင်နှစ်ယောက်ကို စားခွင့်ပေးပါ အသင်နတ်နဲ့ အကျွန်ုပ်စီးခြားသည့်နေရာမှာ
လာအိပ်နေတဲ့အတွက် သင်လည်းဒီလုလင်နှစ်ယောက်ကိုပိုင်ဆိုင်ပါတယ်
ဒါပေမဲ့ သင်ကအသားမစား ကျွန်ုပ်က အသားစားတယ်
ကျွန်ုပ်ကိုသာလလျှင်ပေးပါလော့ဟု နတ်အားပြောလေ၏
ထိုအခါနတ်ကလည်း အသင်ဘီလူး ဒီညီအစ်ကိုနှစ်ယောက်ဟာ
တစ်ယောက်ကသာလျှင် ကျွန်ုပ်ပိုင်တယ် ဒီဘက်ကအိပ်နေတဲ့သူကညီဖြစ်တယ်
သူကကျွန်ုပ်ကို ကိုးကွယ်တယ် ဒါကြောင့်ကျွန်ုပ်သူ့ကိုပိုင်တယ်
ဟိုဘက် အစ်ကိုဖြစ်သူက ကျွန်ုပ်ကို ကိုးကွယ်တာ မဟုတ်ဘူးသူကိုးကွယ်တာကဘုရားကိုပါ
သူကိုကျွန်ုပ်မပိုင် ဘုရားသာလျှင်ပိုင်ပါတယ် သင်ဘုရားကိုမကြောက်ဘူးလား
အသင်ဘီလူး သင်စားခွင့်မရှိပါ သင်စားချင်ရင်
ကျွန်ုပ်အားကိုးကွယ်တဲ့ ဒီဘက်က ညီငယ်သာလျှင် သင်စားပေတော့ဟု
နတ်က သူကိုးကွယ်သည့်ညီငယ်သာလျှင် စားခွင့်ပေးလိုက်လေသည်
ထိုအခါဘီလူးသည် အိပ်နေသည့် ညီအစ်ကိုနှစ်ယောက်မှ
ညီဲဖြစ်သူကို မိမိနေရာဘီလူး၏ အာနုဘော်ဖြင့်ခေါ်ဆောင်ကာ
သတ်ဖြတ်စားသောက်လိုက်လေ၏
အစ်ကိုဖြစ်သူကတော့ ဘုရားကိုးကွယ်တဲ့အတွက်ကြောင့် ကံကောင်းသွားတယ်နော်
(အားလုံးပျော်၇ွှင်ပါစေလို့ ဆန္ဒပြုရင်း အညာသားမှ...)