မင်းရှေ့ကနေဖြတ်လျောက်သွားတဲ့ငါ့ရဲ့ ခြေလှမ်းတိုင်းဟာ
ငါ့နှလုံးသားကိုငါကိုယ်တိုင်နင်းခြေဖြတ်လျောက်သွားရတယ်ဆိုတာနင်ဘယ်သိနိုင်ပါ့မလဲနော်။
မင်းကတော့ငါနေပျော်တယ်လို့ထင်နေမှာပေါ့။ မင်နဲ့ငါ တွေ့ ဆုံခဲ့ကြချိန်တိုင်းမှာ ငါ့ဘက်ကချစ်တယ်
ဆိုတာဘယ်အမူအယာနဲ့ မှ ထုတ်ဖော်မပြသခဲ့တာမို့ မင်းမသိခဲ့တာလည်းတကယ်တော့အပြစ်မရှိ့ပါဘူး။
မိန်းကလေးဆိုတဲ့ဘ၀မှာ တစ်ဖတ်သတ်ချစ်ရတာသေတာထက်ဆိုးတဲ့ကျိန်စာပါပဲဟာ။
နှင်းပွင့်တွေကြွေတဲ့ November ကိုတစ်ခေါက်ပြန်ရောက်တိုင်း မင်းနဲ့ ဆုံခဲ့တဲ့နေရာလေးကိုအရောက်ပြန်ချင်
ခဲ့မိတာလည်းငါ့အတွက်တော့အကျင့်ပါနေခဲ့ပါပြီ။မင်းကတော့မေ့ကောင်းမေ့နေနိုင်ပေမယ့်
အဲ့ဒီလိုအမှတ်တရတွေတို့နှစ်ယောက်မှတ်တမ်းထဲမှာအရမ်းများခဲ့တယ်ကောင်လေးရယ်။
မင်းရှေ့မှာဝန်မခံရဲ ခဲ့တဲ့ ငါ့မျှော်လင့်ခြင်းတွေကို နှလုံးသားမှာပဲသိမ်းဆည်းမထားချင်တာမို့
ဒီစာမျက်နှာပေါ်မှာပြောပြခဲ့ပါတယ်။မင်းတွေ့ခဲ့မယ်ဆိုရင် ငါဘယ်သူဆိုတာမသိရင်တောင်တူညီတဲ့ 
အဖြစ်အပျက်တွေကြောင့် ခဏလောက်ငါ့ကိုအမှတ်ရပေးရင်ကျေနပ်ပါပြီကောင်လေးရယ်....။
သစ်ခွဖြူ
(14.12.2012)