Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

သူတို့ကိုကြည်ပြီး မေတ္တာထားနိုင်ကျပါစေ (ရသ)

$
0
0

ဦးစွာ ပထမ  အားလုံးပဲမဂ်လာပါလို့ နှုတ်ခွန်းဆက်သလိုက်ပါတယ်ခင်ဗျာ

အများကပြောကျပါတယ်  ပခုံးနှစ်ဖတ်ကြားက ဦးခေါင်းပါရှိတဲ့ သတ္တဝါကို  လူလို့ခေါ်တွင်ကျတယ်

စာဖတ်သူတို့  စာရေးသူဖြစ်တဲ့ ကျွန်တော်တို့က  သတ္တဝါ အများစုထဲမှာပါဝင်တဲ့ သတ္တဝါ တစ်မျိုးပါ

ဒါပေမဲ့ ထိုသတ္တဝါတွေအထဲမှာမှ ကျွန်တော်တို့က  အသိညဏ်တွေ ပိုပြီးရှိတယ် တခြားသောသတ္တဝါတွေထက် အသိတရားတွေလည်းပိုပြီးမြင့်မားပါတယ် ထိုကြောင့်လည်း  လူလို့  ခေါ်တွင်တာဖြစ်မှာပါ။

ဘယ်သတ္တဝါတိုင်းမဆို  သွေးသားနဲ့  တည်ဆောက်ပြီး  ဖွဲ့စည်းထားကျတာပါ

နာကျင်တက်တယ်

ခံစားတက်တယ်

ကြေကွဲတက်တယ်

မျက်ရည်လည်းကျတက်ပါတယ်။

သတ္တဝါတွေအထဲမှာမှ   အုပ်စုချင်းမတူညီ  မျိုးနွယ်ခြင်း  မတူညီတဲ့  သတ္တဝါခြင်းက  သင့်မြတ်ဖို့ ဆိုတာ  အလွန်ပင်  ခဲယှဉ်း  နည်းပါးလှပါတယ်။

ကျွန်တော်ဖော်ပြမဲ့ ဓာတ်ပုံလေးကို စာဖတ်သူတို့  ခဏလေးကြည့်လိုက်ပါ.....ပီတိဖြစ်မိမယ် ဂရုဏာ ဖြစ်မိမယ်  ဆိုတာကိုတော့ စာရေးသူဖြစ်တဲ့  ကျွန်တော်  ယုံကြည်မိပါတယ်။ကဲ ......ကြည့်စမ်းပါအုံးဗျာ   ပုံမှာမြင်တွေ့ရတဲ့အတိုင်းပဲ (သားမွေး...သားကျ) ခွေးမလေးနဲ့  ကြောင်လေးပါ

မျိုးနွယ်ခြင်း  မတူညီနဲ့ သတ္တဝါ  နှစ်ကောင်  သင့်မြတ်နေလိုက်ကျတာ  စာဖတ်သူတို့ ဘယ်လိုသဘောရပါသလည်း..???

ကြောင်....ကြောင်ဆိုတာ ခွေးထက် အင်အားငယ်ပြီး  သေးငယ်တဲ့ သတ္တိဝါ တစ်ကောင်ပါ။ ခွေးတို့ကြောင်တို့မည်သည်မှာ သင့်မြတ်ဖို့ဆိုတာ အလွန်ပင် ခဲယှဉ်း နည်းပါးလှပါတယ်

အဘယ်ကြောင့် ထို ခွေးမလေးဟာ ကြောင်လေးအား  မကိုက်ပါသနည်း????

မေးခွန်းလေးတစ်ခု  ထုတ်လိုက်မည်ဆိုရင် ထွက်ပေါ်လာမည့်အဖြေကတော့  မေတ္တာ တရားကြောင့်ပဲလို့ ထင်မြင်ယူဆလို့ရပါသည်

စာရေးသူကျွန်တော်သည်လည်း မေတ္တာတရားကြောင့်ဟု  ယူဆသလို စာဖတ်သူတို့သည်လည်း ကျွန်တော်ကဲ့သို့ယူဆမည်ဟု ထင်မိပါသည်။

ထိုခွေးမလေးက  သားမွေးသားကျထားတဲ့  ခွေးမလေးတစ်ကောင်ပါ သားမွေးသားကျထားတဲ့  ခွေးမတို့မည်သည်  ရင်သွေးအပေါ်ထားရှိသော  မေတ္တာစိတ်ဖြင့် ကျရောက်လာမည့်အန္တရာယ်ကို ကာကွယ်ဖို့ ကိုက်တက်ပါတယ်(သားကျခွေးအများစု)

ပုံမှာမြင်တွေ့ရတဲ့  ခွေးမလေးနဲ့  ကြောင်လေးရဲ့အကြောင်းကို  ဆက်လက်ရှင်းပြပါမည်

ခွေးမလေးက  ငယ်စဉ်အခါကတည်းက   စာရေးသူတို့ အိမ်နားမှာ ရောက်ရှိလာတာပါ ပြောရရင်တော့ လေလွင့်ခွေးတစ်ကောင်ပါ

ထိုခွေးမလေးကို  စာရေးသူတို့ပတ်ဝန်းကျင်က လူတွေကပဲ  ကျွေးမွေးပြုစုစောင့်ရှောက်ထားကျတာပါ

ထိုကဲ့သို့ ကျွေးမွေးပြုစုစောင့်ရှောက်ထားသော  ခွေးမလေးကတော့ စာရေးသူတို့ပတ်ဝန်းကျင်အတွက်တော့  အထောက် အကူရစေပါတယ်  ပတ်ဝန်းကျင်ကိုလည်း  ကာကွယ်ပေးပါတယ် လူစိမ်းတွေလာရင်တော့  အော်ဟစ်ဟောင်လိုက်တာကဖြင့်  ဆူလို့ညံလို့ပါပဲဗျာ

'' တစ်လုတ်စားဖူး သူ့ကျေးဇူး ''

ဆိုတဲံစကားက  အလွန်ပင်မှန်ကန်ပါတယ် သူ့ကိုထမင်းကျွေးထားတဲ့  ပတ်ဝန်းကျင်ကလူတွေကို သူ အစွမ်းရှိသမျှကူညီစောက်ရှောက်ပါတယ်

ဒါကတော့ ခွေးမလေးရဲ့ ဘဝအကြောင်းပါ။

ကြောင်ကလေးရဲ့အကြောင်းကတော့   ကြောင်လေးက  စာရေးသူ အလုပ်လုပ်ရင်း တွေ့မြင်လို့  ခေါ်ယူလာခဲ့တာပါ

စာရေးသူ အလုပ်သွားလုပ်တဲ့  နေရာလေးတစ်နေရာမှာပါ ထိုကြောင်လေးက  ရေမြောင်းထဲကနေ  မျောပါလာတာပါ  ကြောင်ရဲ့အော်သံကိုကြားလို့  ရေမြောင်းလေးထဲ  သွားကြည့်တော့  သေးငယ်လှတဲ့ကြောင်လေးတစ်ကောင်ကိုမြင်တွေ့လိုက်ရတယ်

ခန့်မှန်းရမည်ဆိုလျှင်တော့ကြောင်မကြီးက  ကြောင်လေးတွေကို  ရေမြောင်းတစ်ခုထဲမှာ  မွေးဖွားထားသည်ဖြစ်မည် ထင်သည် မိုးအရမ်းရွာတော့  ရေအရှိန်ကြောင့် ကြောင်လေးမျောပါလာတာဖြစ်မည်ဟုယူဆရပါသည်

ဆယ်ယူလို့အပြီးမှာတော့  ထိုကြောင်လေးက  စာရေးသူတို့ အနောက်ကိုပဲ  တစ်ကောက်ကောက်  လိုက်နေတာပါ  လမ်းပေါ်တွင်ပြစ်ထားခဲ့လျှင်လည်း  ဆိုင်ကယ်ကား စသည့်တွေက  တိုက်သွားခဲ့လျှင်  ကြောင်လေးသေသွားနိုင်သည်ထိုံကြောင့် စာရေးသူထိုကြောင်လေး အား  အိမ်သို့ ကောက်ယူခေါ်ဆောင်လာခဲ့သည်

ထိုအချိန်တွင်တော့  ကြောင်လေးက လမ်းပင်  ကောင်းကောင်းမလျှောက်တက်သေးပါဘူး  ယိုင်တိယိုင်တိုင်နဲ့ပါ

သေမည်ဟု ယူဆပေမဲ့လည်း   ကြောင်လေးက မသေပဲ  ရှင်သန်လာခဲ့သည်

........................................................................................................

ကြောင်လေးနဲ့ ခွေးလေးနဲ့  က စာရေးသူတို့အမြင်မှာတော့  တော်တော်ကို  ချစ်ခင်ကြပါတယ် 

ခွေးမလေးက  ကြောင်ကလေးမရှိရင်  မနေတက်သလို  ကြောင်လေးကလည်းခွေးမလေး မရှိရင်  မနေတက်ကျပါဘူး  သူတို့တွေကတော့  ကစားဖော်ကစားဖက်တွေပါ

ညအိပ်ရင်ကြောင်လေးကို အိမ်ထဲမှာထားတယ်  ခွေးလေးကိုတော့  အိမ်အပြင်မှာထားတယ်  မနက် မိုးလင်ပြီးဆိုတာနဲ့ ခွေးလေးကလည်း  တကားအဝကနေ  အော်ဟစ်ဟောင်တာဖြင့်  ဆူလို့ညံလို့

အိမ်ထဲမှာရှိတဲ့ကြောင်ကလည်း  အော်ဟစ်နေတာ  ဆူလို့ညံလို့

အိမ်တကားကိုသာဖွင့်ပေးလိုက်တာနဲ့  ကြောင်ကလည်းခွေးဆီကိုသွားတယ်  ခွေးကလည်းကြောင်ဆီကိုလာတယ်  ပြီးရင်  ကြောင်ကလိုက် ခွေးကပြေး ခွေးကလိုက် ကြောင်ကပြေး  ခုန်ပေါက်ပြီးဆော့ကစားကျတာ  မြင်တွေရဲ့သူ့အဖို  တကယ်ပီတိဖြစ်မိပါတယ်

အစားအစာ  ကိုလည်း  ၂ကောင်တူတူစားပါတယ်   အစားအတွက်နဲ့  မကိုက်ကျပါဘူး 

တစ်ခါတစ်ခါ ကြောင်ကို ခွေးမလေးက  ရှာလို့မတွေ့ရင်  ခွေးမလေးကတော့ '' တဂိန်ဂိန် '' နဲ့အော်လို့ကိုမဆုံးပါဘူး ဗျာ

စာရေးသူ  သူတို့ ၂ကောင်ရဲ့စိတ်ကို  စမ်းသပ်ဖူးပါတယ်  စာရေးသူ ကြောင်လေးအား  မမြင်ရတဲ့  တစ်နေရာမှာ  ကွယ်ဝှက်ထားလိုက်တယ်  ခွေးမလေးကတော့  ကြောင်လေးကိုမတွေ့လို့  '' တဂိန်ဂိန်''နဲ့အော်ရင်  နေရာအနှံ့လိုက်ရှာပါတယ်

ကောက်ချက်ချရမယ်ဆိုရင်တော့   နေထိုင်လာတဲ့ သံယောဉ်စဉ်ကြောင့်ဖြစ်မည်ထင်သည်

......................................................................................................................

ယခု  ခွေးမလေး  သာမွေးသားကျလာပါပြီ  ပုံမှာမြင်တွေ့ရတဲ့အတိုင်းပါပဲ   ကြောင်လေးက  ခွေးမလေးအနားမှာပါပဲ

မျိုးနွယ်ခြင်း  မတူညီတဲ့ သတ္တဝါ နှစ်ကောင် တောင်မှ   နားလည်မှူနဲ့ ချစ်ခင်ပြီးမေတ္တာတရားတွေ  ထားနိုင်ကျသေးတယ်

ကျွန်တော်တို့လို လူသားတွေက   ဘာလို့ မေတ္တာတရားတွေ  မထားနိုင်ကျတာလည်းဆိုတာ  စဉ်းစားမိလိုက်တိုင်း...............................................................????????

ပုံမှာမြင်တွေ့ရတဲ့  ကြောင်လေးကတော့  ကြောင်အထီးလေးပါ

ခွေးမလေးကတော့  မြင်တွေရဲ့အတိုင်းပါပဲ   ခွေးမလေးပါခင်ဗျာ။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

မေတ္တာတရားတွေထားနိုင်ကျပါစေ

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ရဲရင့်ရထာ


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>