အားလုံးပျော်ရွင်ကြစေရန် ငိငိ......
၇ ရက်သားသမီးများကို စေတနာရှေ့ထားပြီး ဒီအပတ်အတွက် ဆောင်ရန်၊ ရှောင်ရန်လေးတွေ ပြောကြားပေးမှာ ဖြစ်ပါတယ်။ ဒီတော့ လုပ်လုက်စ အလုပ်တွေ အသာထား ခဏရပ်ပြီး မျက်စိလေးဖွင့်လို့ ဖတ်ပေးကြပါကုန်.........................
၁။ ။တနင်္ဂနွေသားသမီးများအတွက်
စီးပွားရေး။ ။ လုပ်ရမှာကတော့ အင်း၊ အိုင် လက်ဖွဲ့အဆောင်များကို အာဂျင်းတီးနားနိုင်ငံက အင်တိန်နာမဂ္ဂဇင်းအတွက် ရေးပေးလုပ်ပေးရတဲ့အလုပ်ကို လုပ်သင့်ပါတယ်။
လူမှုရေး။ ။ အင်္ဂလန်နိုင်ငံက အုံးလွဲနေတဲ့ အဲလဇ်ဇဘက်ဘုရင်မရဲ့ ဦးခေါင်းကို အုပ်ပေးရတတ်ပါတယ်။(ရေခဲ)
......
သတိထားရန်။ ။ အမှိုက်ကားတိုက်ခံကိန်း ရှိတဲ့အတွက် အမှိုက်များကို အမှိုက်ပုံးမှာ သွားမပစ်ပါနဲ့။ အိမ်ထဲမှာပဲ အမှိုက်ပစ်ပါ။
အချစ်ရေး။ ။ အူတူတူ အော်ဟစ်နေတတ်တဲ့ အောင်နာမည်ပါ အူကြောင်ကြောင်လူနဲ့ မေတ္တာမျှတတ်ပါတယ်။
ဖက်ရှင်။ ။ အုတ်နီခဲကို အရည်ဖျော်ပြီး တကိုယ်လုံး လိမ်းရပါမယ်။ အုတ်နီခဲရည်လိမ်းထားပြီးတဲ့အတွက် ဘာမှ နောက်ထပ် ဝတ်စရာ မလိုတော့ပါဘူး။
ယတြာ။ ။ တနင်္ဂနွေနေ့မနက်စောစောမှာ အီးမှန်ထားတဲ့ မျက်နှာနဲ့ အရေထုပ် ဆိုတဲ့ စာသားပါ သီချင်းကို အော်ပေးလိုက်ပါ။
၂။ ။ တနင်္လာသားသမီးများအတွက်
စီးပွားရေး။ ။ ကြာကူလီရိုက်နည်းအဖုံဖုံပါတဲ့ ကာမသျှတ္တရကျမ်းကို ကိုးကားပြီး အလုပ်လုပ်ရင်ဖြင့် ကျော်ကြားနိုင်ပါတယ်။
လူမှုရေး။ ။ ကျင်းပျောက်နေတဲ့ ဂေါက်သီးသမားတစ်ယောက်ကို ကျင်းကူပြရပါမယ်။ ကျင်းကျယ်ကျယ်ပြပါ ဆိုတဲ့အတွက် ကူရှာပေးလိုက်ရာမှာ ချေးတွင်း ဖြစ်နေတတ်တာမို့ သတိထားပါ။
သတိပြုရန်။ ။ ချောင်းသာကို အပန်းဖြေသွားရင် ဂျိုင်းကြားကို ဂဏန်းကောင်ဝင်တတ်တာမို့ ငပလီသွားတဲ့အခါမှာလည်း ချက်ကို ငါးတွတ်တတ်ပါတယ်။
အချစ်ရေး။ ။ ခွေးသေးပန်းရွက်ကို ချဉ်ပေါင်နဲ့ မှားစားတတ်သူနဲ့ မေတ္တာမျှကိန်းရှိပါတယ်။
ဖက်ရှင်။ ။ကျွတ်ကျွတ်မည်တဲ့ ကြိုးတွေကိုချည်း ကျစ်ပြီး ဝတ်ပါ။ တခြားဘာမှ ဝတ်လို့ မရပါဘူး။ ချွတ်ခြုံကျနိုင်လို့ပါ။
ယတြာ။ ။ တနင်္လာနေ့မှာကန်စွန်းရွက်ကို ခေါင်းမှာပန်ပြီး ခရေပင်အောက်က ပိတောက်ချစ်သူ သီချင်းကို အော်ဆိုလိုက်ပါ။
၃။ ။ အင်္ဂါသားသမီးများအတွက်
စီးပွားရေး။ ။ စိတ်ကျန်းမာရေးဆေးရုံမှာ ဆန်ပြုတ်ရောင်းပြီး စွမ်းဆောင် မြတ်စွန်းနိုင်ပါတယ်။
လူမှုရေး။ ။ ဆီးသီးရောင်းတဲ့ ဈေးသည်ကို ဇက်ကြောတက်လို့ ကူနှိပ်ပေးရတတ်ပါတယ်။
သတိပြုရန်။ ။ ဆိုက္ကားသမားကို ကိုယ်က ပြန်တွဲပြီး ပို့ပေးရကိန်းရှိပါတယ်။ဒီအခါမှာလည်း ဆတ်ကော့လက်ကော့နိုင်တယ်လို့ စွပ်စွဲခံရနိုင်တာကို သတိထားပါ။
အချစ်ရေး။ ။ ဆိတ်လို စွတ်စွတ်စားနေတတ်တဲ့သူနဲ့ ချစ်သူဖြစ်ကိန်းရှိပါတယ်။
ဖက်ရှင်။ ။ ဆရာဝန်တွေ ခွဲစိတ်ခန်းဝင်ရင် ဝတ်တဲ့ ဝတ်စုံကို ဝတ်ပြီး စွဲနေပြီ သီချင်းကို စွဲစွဲငင်ငင် အော်ဆိုတဲ့ပုံမျိုးက ဒီတပတ်အတွက် ဖက်ရှင်ပါပဲ။
ယကြာ။ ။ အင်္ဂါနေ့ မနက်သုံးနာရီမှာ ဆူးလေဘုရားကိုသွား၊ စောင်းတလက်ကို ကိုင်ပြီး စိမ်းသရဖူ သီချင်းကို စေးစေးပိုင်ပိုင် ဆိုလိုက်ပါ။
၎။ ။ ဗုဒ္ဒဟူး သားသမီးများအတွက်
စီးပွားရေး။ ။ ရည်းစားစာ ရှဲဒိုး ရေးပေးရတဲ့ အလုပ်ကို လုပ်ပါ။
လူမှုရေး။ ။ ဝက်သားဒုတ်ထိုးသည်က ရည်းစားနဲ့ သွားတွေ့တာကို ကူညီရင်း ကိုယ်က ဝက်သားဒုတ်ထိုးသည် ခဏဖြစ်လိုက်ရပါမယ်။
အချစ်ရေး။ ။ ရယ်ရင်း ရယ်ရင်း ရွဲ့ ရွဲ့နေတတ်တဲ့ ရူးချာချာ လူနဲ့ ရည်းစားတော်ရကိန်းရှိနေပါတယ်။
ဖက်ရှင်။ ။ တကိုယ်လုံးကို ရေနံချေး သုတ်ပြီးနေပါ။ ဒီအတွက် ဘာမှ ထပ်ဝတ်စရာ မလိုပါဘူး။
သတိပြုရန်။ ။ ဝက်ဝက်ကွဲအောင် အရှုံးပေါ်နိုင်တဲ့ အလုပ်ကို ရင်နာအောင် လုပ်ရတတ်ပါတယ်။
ယတြာ။ ။ ဗုဒ္ဒဟူးနေ့မှာ ရန်ကင်းက ရေပိုက်ပေါ်တက်ပြီး လမ်းဆုံ သိချင်းကို အော်ဆိုလိုက်ပါ။
၅။ ။ ကြာသပတေးသားသမီးများအတွက်
စီးပွားရေး။ ။ မိုးမျှော်မျက်စဉ်းဆေးကို များများ ထုတ်လုပ်ရောင်းချပါ။
လူမှုရေး။ ။ ပြင်ဦးလွင်က မြင်းလှည်းဆရာကို မြောက်ဒဂုံက မုန့်လင်မယားသည်ဆီကို လိုက်ပို့ပေးရတတ်ပါတယ်။
အချစ်ရေး။ ။ ပြည်တည်နာ ရှိပြီး ပါးဖောင်းဖောင်းကို ပိတ်ရိုက်တတ်တဲ့သူ နဲ့ ပါးချင်းကပ် ချစ်သူ ဖြစ်ရပါမယ်။
ဖက်ရှင်။ ။ ပုဝါတထည်ကို ဗိုက်မှာကပ်ပြီး နေပါ။ ဘာမှ ထပ်မဝတ်ပါနဲ့။ ဒီတပတ်အတွက် ဖက်ရှင်ပါပဲ။
သတိပြုရန်။ ။ ပန်းခြံထဲမှာ ချိန်းတွေ့တဲ့အခါမှာ ပင့်ကူ ကိုက်ခံရတတ်ပါတယ်။
ယတြာ။ ။ ဘုန်းကြီးကျောင်းရှေ့ သွားပြီး မျိုးကြီးရဲ့ မင်းသိဖို့ကောင်းတယ် သီချင်းကို အော်ဆိုပါ။
၆။ ။ သောကြာသားသမီးများအတွက်
စီးပွားရေး။ ။ သံလျင်ဘက်မှာ သဗ္မာန်အငှားလိုက်ခတ်ရတဲ့အလုပ်ကို လုပ်ပါ။
လူမှုရေး။ ။ သင်္ဘောပေါ်မှာ သံချေးတက်နေတဲ့ သေတ္တာတစ်လုံးထဲကနေ (မဖြစ်မနေဖွင့်ပြီး) သွားကြားထိုးတံတစ်ချောင်း ကူညီယူထုတ်ပေးရတတ်ပါတယ်။
အချစ်ရေး။ ။ သွားခေါနေပြီး (ခြေထောက်နည်းနည်း) သိမ်နေတဲ့သူနဲ့ မေတ္တာမျှကိန်းရှိပါတယ်။ စိတ်မပူပါနဲ့။ သူက သေတပန် သက်တဆုံး သစ္စာရှိရှိ ပေါင်းသင်းမှာပါ။
ဖက်ရှင်။ ။ သံချပ်ကာဝတ်စုံကို ဝတ်ပြီး သွေးသောက်ရဲဘော်ပုံစံ နဲ့ နေပါ။ ဒီတပတ်မှာ ဒိလိုဖက်ရှင်နဲ့သာ သင့်အတွက် အလိုက်ဖက်ဆုံး ဖက်ရှင်နေဘယ်လ် အဖြစ်ဆုံးပါ။
သတိပြုရန်။ ။ သောကြာသားသမီးများ မြစ်ကမ်းနားလမ်းလျှောက်ရင် အသက်ဘေးအတွက် မသက်သာနိုင်ဘူးဆိုတဲ့အတွက် သက်တောင့်သက်သာဖြစ်အောင် မြစ်ထဲ ဆင်းပြီး လမ်းလျှောက်ပါ။
ယတြာ။ ။ ဟံသာဝတီအဝိုင်းကို သုံးပတ်ပတ်ရင်း သိမ်းထားခွင့် သီချင်းကို သုံးခါ ဆိုပါ။
၇။ ။ စနေသားသမီးများအတွက်
စီးပွားရေး။ ။ တောက်တဲ့၊ ဒိုင်နိုဆော အစရှိတဲ့ အကောင်တွေ ဖမ်းဆီး ရောင်းဝယ်တဲ့ အလုပ်က အဆင်ပြေပါလိမ့်မယ်။
လူမှုရေး။ ။ ဒညင်းသီးစားပြီး (သွေး)တိုးနေတယ်ဆိုတဲ့ ဓနုလူမျိုးတစ်ဦးကို ဒင်ဒင်ဒေါင်ဒေါင်မြည်သွားအောင် ဒင်နာလိုက်ကျွေးရတတ်ပါတယ်။
အချစ်ရေး။ ။ နှာတင်းလာရင် ထီးနဲ့ထိုးပြီး ထိပ်ပေါက်အောင် လုပ်တတ်သူနဲ့ ချစ်သူ ဖြစ်နိုင်ပါတယ်။ မစိုးရိမ်ပါနဲ့။ သူက ထိထိမိမိ ချစ်တတ်ပါတယ်။
ဖက်ရှင်။ ။ ထန်းတောမှာ အမြဲပေါတဲ့ ထန်းလက်ကို ချုပ်ဝတ်ပါ။
သတိပြုရန်။ ။ စနေသားသမီးတစ်ယောက်ယောက်ကို ဓါတ်ပုံလက်ဆောင်ပေးမိလို့ ဓါတ်ဘူးနဲ့ ခလုတ်တိုက်၊ ဓါတ်တိုင်နဲ့ နဖူးဆောင့်မိလို့ ဒွန့်ဒွန့် ဒွန့်ဒွန့် ဖြစ်ကိန်းရှိနေပါတယ်။
ယတြာ။ ။စနေနေ့မနက် ၇ နာရီမှာ ထီဆိုင်ရှေ့ ရပ်၊ ထီးတလက်ကို ထုံးသုတ်ပြီး တပြည်သူမရွှေထားသီချင်းကို ထိထိမိမိဆိုလိုက်ပါ။
၇ ရက်သားသမိးများ ကျန်းမာချမ်းသာကြပါစေသော်ဝ်....... :PPPPPPPP
ရယ်ရလို့ ကူးယူဖော်ပြပေးလိုက်သည်......