ဘယ်လောက် ရုပ်ချောချော၊ တ နေ့ကျ သေမှာပဲ။
ဘယ်လေက် ပညာတတ်တတ်၊တ နေ့ကျ သေမှာပဲ။
ဘယ်လောက် ပစ္စည်းရှိရှိ၊ တ နေ့ ကျသေမှာပဲ။
ဘယ်လောက် ရာထူးကြီးကြီး၊ တ နေ့ကျသေမှာပဲ။
ကိုယ်သေရင် ကိုယ့်နောက်ပါမှာက ဥစ္စာပစ္စည်း၊ ရင်း နှီးခင် မင် သူတွေမဟုတ်ဘူး။
ကိုယ်ပြုလုပ်ထားတဲ့ကုသိုလ်ကံ,အကုသိုလ်ကံ တွေသာ ကိုယ့်နောက်ပါမှာ။
ကုသိုလ်ကံက မိတ်ဆွေနဲ့ တူတယ်။
ဖြစ်လေရာဘဝမှာ ကောင်းကျိုးပေးတယ်။
အကုသိုလ်ကံက ရန်သူနဲ့တူတယ်။
ဖြစ်လေရာဘဝမှာ ပူလောင်,ဆင်းရဲဒုက္ခ,သောက တွေ ပေးတယ်။
ဒါကြောင့်မို့-------
ဒုက္ခမ တွေ့ချင်ကြဘူးဆိုရင် အကုသိုလ် ရန်သူတွေနဲ့ လက်တွဲဖြုတ်ပြီး၊ဒါန,သီလ,ဘဝနာ ဆိုတဲ့ ကုသိုလ်မိတ်ဆွေတွေနဲ့ မခွဲမခွာထာဝစဉ်
ရွှေလက်တွဲဖို့လိုတယ်။