Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

အမတ်ကြီး ဗညားကျန်းထော နှင့် မန်ကျည်းရွက်ခူးသူ

$
0
0

မြန်မာဘုရင်သာလွန်မင်းလက်ထက်..မွန်အမတ်ကြီး ဗညားကျန်းထောဆိုသူရှိခဲ့ဘူးပါတယ်

သူဟာ..အဆုံးအဖြတ်မှန်ကန်တိကျတယ်..ရဲရင့်ဖြတ်လတ်တယ်..မှန်တယ်ထင်ရင်ပြတ်ပြတ်

သားသားလုပ်တတ်တဲ့သူမို့ ရက်စက်တယ်လို့တောင် သမုတ်ခံရပါတယ်…။

 

အခါတစ်ပါး ဆင်ဆိုးဆင်ကြမ်းကြီးတစ်ကောင်ကို ချွန်းဖွင့်ပြီး လမ်းကြမ်းမှာစီးလာစဉ်..

လမ်းဘေးဆီသည်မတစ်ယောက်ကို ထိခိုက်မိမယ်ဖြစ်ပါတယ်၊ ဆင်စီးကျွမ်းကျင်သူမို့

ချွန်းအုပ်မြန်လိုက်လို့ ဆီသည်မ အထိအခိုက်မရှိပါဘူး..ဒီတော့

“ ငါချွန်းအထိမ်းအအုပ်မြန်ပေလို့ နင်အသက်ဘေးကလွတ်ပေတယ်..” လို့ဆိုပါတယ်

လမ်းဘေးဈေးသည် ဆီသည်မက..

“ အို..အမတ်ကြီး ကျွမ်းကျင်ရာ လိမ္မာစမြဲပါ..ဒီမှာကြည့်..” လို့ဆိုတဲ့ပြီး..အ၀ကျင်းဆီဘူးလေးထဲကို

ဆီမှုတ်နဲ့ဆီအပြည့်ခပ်လို့..အပေါ်ကနေမဖိတ်မစင်လောင်းထည့်ပြလိုက်ပါတယ်..။

အမတ်ကြီး ဗညားကျန်းထောလည်း တအံ့တသြဖြစ်လို့..ဟုတ်ပေတယ်လို့ခြီးမွမ်းပြီး..ဆီသည်မကို

ဆုလဘ်ချီးမြှင့်ပါတယ်..။

 

တစ်ခါမှာလည်း အမတ်ကြီးဗညားကျန်းထော စစ်ကိုင်းဖက်ကို အကူးရောက်ရှိစဉ်..

လမ်းဘေးလယ်ကွင်းစပ်မှာပေါက်နေတဲ့ မန်ကျည်းပင်မှာ ရွက်နုခူးနေတဲ့ ကျေးတောသားများကို

အုပ်စုလိုက်ကြီးတွေ့ရပါတယ်..အမတ်ကြီးစိတ်ထဲမှာ..ဤလူအုပ်ထဲမှာ ရဲစွမ်းသတ္တိရှိသူပါကောင်း

ပါနိုင်တယ်..စမ်းသပ်ကြည့်ရရင်ကောင်းမယ် စိတ်ကူးပေါက်မိပါတယ်..

ဒါကြောင့် တပည့်နောက်လိုက်တွေကို..မကျည်းပင်ပေါ်ကလူအုပ်ကို..မောင်းမဲဆင်းခိုင်းစေပါတယ်

တစ်ချို့ကတော့ချက်ချင်းပဲဆင်းပြေးကြပါတယ်..တစ်ချို့ကျန်နေခဲ့ကြပါတယ်..။

 

ကျန်သူတွေကို..မဆင်းရင်လှံနဲ့တက်ထိုးချကွာလို့ အမိန့်ပေးပြန်ပါတယ်..

ခဲအုတ်ကျောက်များနဲ့ပေါက်စေပါတယ်..ဒီအခါ လူငယ်တစ်ယောက်ကလွဲလို့ အားလုံးဆင်းပြေး

ကြပါတယ်..။အမတ်ကြီးလည်း..ကျန်တဲ့တစ်ယောက် မဆင်းရင်..လှံနဲ့တက်ထိုးချလို့ အမိန့်

ပေးပြန်ပါတယ်..။ ရဲမက်တွေလည်း လှံနဲ့တကွသစ်ပင်ပေါ်ကိုတက်ကြပါတယ်..ဒီအခါ သစ်ပင်

ပေါ်က လူငယ်က..

“ အိုအမတ်ကြီး..ဆင်းရဲသားပြည်သူတွေ ၀မ်းစာအလို့ငှာ လမ်းဘေးမကျည်းပင်ကို..ရွက်နုခူးတာ

ရာဇ၀တ်မှုထိုက်သလော..မရှက်မကြောက် လှံနှင့်ထိုးက..ထိုးလော့ သေ၀န့်သည်..” လို့ပြန်ပြော

ပါတယ်..။

 

ဒီတော့မှ..အမတ်ကြီးက..

 “ သူငယ်ဆင်းပါလော့..သင်တို့ သတ္တိကိုစမ်းခြင်းသာဖြစ်ပါတယ်..” လို့ဆိုပါတယ်..

မကျည်းရွက်သူငယ်ဆင်းလာတော့..တော်ပါပေတယ်လို့ပြောဆိုရင်း..ဆုလဘ်ချီးမြှင့်ပါတယ်..။

 

ဒီနေ့..ကျေးလက်က..ဆင်းရဲသားမိလက္ခူပြည်သူတွေရဲ့..လယ်ယာတွေမတရားအသိမ်းခံနေရတာ

ကျွဲစာ..နွားစာ..စားကျက်တွေကိုလုယက်စားသောက်နေတဲ့ ခရိုနီတွေ..

အာဏာပိုင်များနဲ့ပေါင်းသင်း..ဗိုလ်ကျနေသူတွေ..အတွက်

အမတ်ကြီး ဗညားကျန်းထောနဲ့တွေ့ခဲ့ဘူးတဲ့

မန်ကျည်းရွက်သူငယ်လိုလူစားမျိုး များများနဲ့တွေ့စေချင်ပါရဲ့..။

 


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>